By Kumudra, Shweproperty.com
Updated at 31 January 2019
အိမ်ပိုင်ရှင်တွေအနေနဲ့ မိမိအိမ်ရဲ့အရပ်မျက်နှာ အလိုက်သိထားသင့်တဲ့ အပိုင်းကိုးပိုင်းရှိပါတယ်။ အဲသည်ကိုးပိုင်းဟာ အိမ်တိုင်းအတွက် အရေးကြီးပါတယ်။ တောင်၊ မြောက်၊ အရှေ့တောင်၊ အရှေ့ဘက်၊ အနောက်ဘက်၊ အနောက်တောင်၊ အရှေ့မြောက်၊ အနောက်မြောက်၊ အလယ်ပိုင်းတို့ ဖြစ်ပါတယ်။ သူ့အရပ် မျက်နှာနဲ့သူ အစွမ်းသတ္တိတွေရှိတယ်လို့ သိရပါတယ်။
မြောက်ဘက်ခြမ်းကဆိုရင်အလုပ်အကိုင်နဲ့ သက်ဆိုင်ပါတယ်။ ရေဓာတ်လွှမ်းမိုးတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် အလုပ်အကိုင် ကောင်းချင်ရင် ရေဓာတ်နဲ့ဆိုင်တဲ့ ငါးမွေးတာတွေ၊ ရေကန်တွေ၊ ဒင်္ဂါးပြားထည့်ထားတဲ့ ရေဇလုံတွေ ထားရင် အကောင်းဆုံးဖြစ်ပြီး အလုပ်အကိုင်အဆင်ပြေပါတယ်။
တောင်ဘက်ကတော့ ဂုဏ်သတင်းကျော်ကြားမှု၊ ကံကောင်းမှုတွေနဲ့ ဆိုင်ပါတယ်။ သည်တောင်ဘက်အရပ်မျက်နှာက မီးဓာတ်လွှမ်းမိုးတဲ့ အတွက်ကြောင့် နေလုံးနီနီထွက်ပေါ်လာတဲ့ ဓာတ်ပုံ၊ အနီရောင်ပုံ လေးတွေကိုထားရှိ သင့်ပါတယ်။
အရှေ့တောင်အရပ်ကတော့ ချမ်းသာကြွယ်ဝမှုကြီးစိုးရာနေရာဖြစ်တဲ့ အတွက် ကြောင့်ငွေကြေးများများဝင်ဖို့ အစိမ်းရောင်၊ အဝါရောင်တို့ များများထားပေးရပါမယ်။ အရှေ့အရပ်ကတော့ မိသားစုရဲ့အရပ် မျက်နှာဖြစ်တယ်။ သစ်သားရုပ်ထု၊ သင်္ဘောပုံ၊ ပင်လယ်ကမ်းခြေ၊ရေတံခွန်ပုံတွေထားပေးရင် မိသားစုအေးချမ်းပြီး အဆင်ပြေစေပါတယ်။
အနောက်အရပ်ကတော့ ကလေးတွေအတွက်ဆိုးတဲ့ အရပ်ပဲဖြစ် ပါတယ်။ ဒါကြောင့် လေသာဆည်းလည်းတွေ၊ ကြေးခေါင်းလောင်းတွေ၊ အဖြူရောင်၊ ငွေရောင်များများထားပေးရင် အဆင်ပြေစေပါ တယ်။
မြောက်အရပ်ကတော့ ပညာရေးနဲ့သက်ဆိုင်တဲ့အရပ်ဖြစ်တာကြောင့် ဖန်ဇလုံတစ်ခုထဲမှာ ကျောက်ခဲတွေထည့်ပြီး သစ်သားစားပွဲပေါ်မှာ တင်ထားပါ။ ဆောင်းဦးပေါက်ရာသီပန်းကလေးတွေကို ချိတ်ဆွဲထားရင်လည်း ပညာရေး အတွက် ကောင်းမွန်စေပါတယ်။
အနောက်မြောက်အရပ်ကတော့ မိတ်ဆွေတွေ၊ ဆရာသမားတွေ အတွက်ဆက်စပ်တဲ့ အရပ်ဒေသဖြစ်တဲ့အတွက်သတ္ထုကြီးစိုးတတ်ပါတယ်။ အခန်းနံရံတွေကို အဖြူရောင်သုတ်ပြီး ငွေထည်ပစ္စည်း ထည့်ပေးပါက မိတ်ဆွေကောင်း တွေ တိုးပွားလာစေပါတယ်။ အလယ်အရပ်ကတော့ အိမ်တစ်လုံးရဲ့ ပင်မနေရာဖြစ်တဲ့အတွက် ဓာတ်ကြီးငါးလုံးစလုံးကို ဟန်ချက်ညီအောင်ညှိပေးရပါမယ်။ မိမိအိမ်မှာရှိတဲ့ အရပ်ဒေသအလိုက် ကောင်းကျိုးတွေကိုရှာဖွေဖို့ မှတ်သားသင့်ပါတယ်။
Ref : Kumudra
Photo Credit : Livingmsia
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties