By Myanmar Home & Decor Magazine, Shweproperty.com
Updated at 26 June 2018
စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့အတွက် ဖုန်းရွှေနည်းနာနိဿယများဟာ နှစ်စဉ်နှစ်တိုင်းအတွက်အရေးပါလှပါတယ်။ စာဖတ်ပရိတ်သတ်တို့အတွက် ၂၀၁၈မှာ မိမိတို့ရဲ့နေအိမ်နဲ့ ရုံးခန်းများမှာ စီးပွားတိုးပြီး သာယာပျော်ရွှင်တဲ့ သီရိဂေဟာပိုင်ဆိုင်နိုင်ဖို့အတွက် ငွေကြေးကုန်ကျမှု မများစေမယ့် နည်းလမ်းများကိုလက်လှမ်းမီသလောက်လမ်းညွန်ပေးလိုက်ပါတယ်။
အိမ် (သို့မဟုတ်) ရုံးခန်းတစ်ခုရဲ့ အဓိကအကျဆုံးနဲ့ သတိထားပြီးပြင်ဆင်ရမယ့်နေရာကတော့ဧည့်ခန်းဖြစ်ပါတယ်။ အိမ်ဆိုရင်တော့ ဧည့်ခန်းနဲ့အတူ အိပ်ခန်းကိုလည်း သတိမူရမှာပါ။ ဘုန်းရွှေနည်းပညာနဲ့အလှဆင်ပြီဆို ငွေကုန်ကြေးကျများမှာကို လူအများက စိုးရိမ်လေ့ရှိကြပါတယ်။
ဒါပေမယ့်အခုဆောင်းပါးမှာတော့ ကုန်ကျစရိတ်သက်သာရုံသာမက ရုံးခန်းနဲ့ အိမ်တို့ကို လှပပြီး စိတ်ချမ်းမြေ့စေမယ့် ပြင်ဆင်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၂၀၁၈ ခုနှစ်တစ်နှစ်တာအတွက် ဖုန်းရွှေတွက်ချက်မှုများအရ ရုံးခန်းနဲ့အိမ်တွေမှာ သစ်သား၊ ဝါးပင်၊ ကျောက်ခဲလေး များနဲ့ သတ္တုဖြင့်ပြုလုပ်ထားတဲ့ အိမ်အလှဆင်ပစ္စည်းများကို အသုံးပြုရပါလိမ့်မယ်။
သတ္တုဖြင့်ပြုလုပ်ထားတဲ့ အိမ်အလှဆင်ပစ္စည်းများဟာ ၂၀၁၈အတွင်း ရုံးခန်းနဲ့အိမ်ခန်းတို့အတွက် စွမ်းအားများပေးနိုင်မှုအားကောင်းတဲ့ အိမ်အလှဆင်ပစ္စည်းများ ဖြစ်ကြပါတယ်။ ကံကောင်းခြင်းလက်ဆောင် ဧည့်ခန်းကိုအလှဆင်တဲ့အခါမှာ သဘာဝသစ်သားကို အနည်းထည့်သွင်းအသုံးပြုပါ။ တန်ဖိုးအားဖြင့်မကြီးလွန်း မနည်းလွန်းတဲ့အတွက် အမြင်တင့်တယ်စေမှာပါ။
သစ်သားလို့ဆိုတဲ့အခါမှာ ဝါးပင်နှင့် အလှပန်းပင်တို့သည်လည်း ပါဝင်နေပါပေတယ်။ ဖုန်းရွှေအယူအရ ဝါးပင်တို့သည် ကျန်းမာရေးနှင့်စီးပွားရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ အဲဒီအပြင် ခွန်အားတို့ကိုပါပေးစွမ်းခြင်း၊ အခန်းတွင်းလေကို သန့်စင်ပေးခြင်း၊ ကံကောင်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို သယ်ဆောင်လာပေးခြင်းတို့ဖြင့် လူသားတို့ကို အကျိုးပြုပါပေတယ်။
တစ်နှစ်ပတ်လုံးရှင်သန်နိုင်စေဖို့အတွက် ရေလောင်းခြင်းနဲ့ နေရောင်ခြည်ခပ်နွေးနွေးပေးခြင်းတို့ကို သတိပြုဆောင်ရွက်ပေးပါ။ ရေဓါတ်သည် ဖုန်းရွှေနည်းပညာတွင်လွန်စွာအရေးပါသည်ကို စာဖတ်ပရိတ်သတ်တို့ သိပြီးဖြစ်ပါလိမ့်မယ်။ နေအိမ်နဲ့ရုံးခန်းတို့ရဲ့အရှေ့အရပ်မှာရေစီးဆင်းနေတဲ့ရေတံခွန်ငယ်ပြုလုပ်ခြင်း၊ ကြည့်မှန်ချပ်ချိတ်ဆွဲခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ကံကောင်းခြင်းတို့ကို ဖိတ်ခေါ်နိုင်ပါတယ်။
ရေတံခွန်ပုံပန်းချီကားချိတ်ဆွဲခြင်း၊သတ္တု နဲ့ပြုလုပ်ထားတဲ့စားပွဲတင်ပန်းပုရုပ်၊ ပန်းအိုးအစရှိတဲ့ အလှဆင်ပစ္စည်းများသည် အကောင်းဆုံးသော စွမ်းအားတို့ကိုပေးစွမ်းနိုင်ပြီးလန်းဆန်းခြင်း၊ စိတ်ကြည်လင်သန့်စင်ခြင်းတို့ကို ပေးစွမ်းပါတယ်။ စိတ်ရှုတ်ထွေးခြင်း၊ တွေဝေခြင်းတို့ကို ဖယ်ရှားပေးနိုင်ရန်အတွက် သတ္တု ဓါတ်က အထောက်အကူဖြစ်စေ ပါလိမ့်မယ်။
နေအိမ်နဲ့ရုံးခန်းတို့ရဲ့ မြောက်အရပ်၊ အနောက်အရပ်နဲ့ အနောက်မြောက်အရပ်တို့မှာ သတ္တုဖြင့်ပြုလုပ်ထားသော အိမ်အလှဆင်ပစ္စည်းများကိုထည့်သွင်းအလှဆင်သင့်ပါတယ်။ ရွှေ၊ ငွေနှင့်ကြေးဖြင့်ပြုလုပ်ထားသော အိမ်အလှဆင်ပစ္စည်း များကို ၂၀၁၆ခုနှစ်ရဲ့ဖုန်းရွှေတွက်ကိန်းများမှာ နေရာယူခဲ့ကြပါတယ်။
သူတို့တွေက ၂၀၁၈ခုနှစ်အတွက်တော့ တဖန်ပြန်လည်အသုံးဝင်လာပြန်ပါလိမ့်မယ်။ လုပ်ငန်းသစ်လုပ်ကိုင်မယ့်ရုံးခန်းမှာ ရွှေဝါရောင်အဆင်းရှိတဲ့ သတ္တုရုပ်တစ်ခုခုကို အလှဆင်ထားပြီး အောင်မြင်မှုကိုရယူနိုင်ပါလိမ့်မယ်။ သတ္တုဟုဆိုရာဝယ် အဖြူ၊ ရွှေ၊ ခဲရောင်အဆင်းရှိတဲ့ သတ္တုတို့က ၂၀၁၈အတွက် အကောင်းဆုံးစွမ်းအားတို့ကိုပေးစွမ်းနိုင်ပါတယ်။ လုံးဝန်းတဲ့သဏ္ဍန်ရှိတဲ့ အလှဆင်ပစ္စည်းဖြစ်လျှင် ပိုကောင်းပါတယ်။ သုံးသင့်သည့်အရောင် လူတိုင်းမျှော်လင့်သည်က ကံကောင်းခြင်း၊ ကျန်းမာခြင်း၊ စီးပွားလာဘ်လာဘတိုးတက်ခြင်းလို့ဆိုရင် မမှားနိုင်ပါဘူး။
၂၀၁၈ခုနှစ်သည် မြေဓါတ်ကြီးစိုးသည့် ခွေးနှစ်ဖြစ်သည့်အားလျှော်စွာ အဆိုပါကံကောင်းခြင်းတို့ကို သိမ်းပိုက်နိုင်ဖို့အတွက် မြေဓါတ်ရဲ့အထောက်အကူကို ရယူသင့်ပါတယ်။ သစ်ပင်တို့ကိုကိုယ်စားပြုတဲ့ အစိမ်းရောင်၊ သစ်ပင်တို့ရဲ့အားထားရာဖြစ်တဲ့ ရေကို ကိုယ်စားပြုတဲ့ အပြာရောင် (အနက်ရောင်ကိုလည်း တွဲဖက်အသုံးပြုနိုင်ပါတယ်)ကို ၂၀၁၈ရဲ့ ကံကောင်းခြင်းအရောင်များအဖြစ် ဖုန်းရွှေပညာရှင်များက တွက်ချက်ထားပါတယ်။ အဆိုပါအရောင်ရှိသော အသုံးအဆောင်များကို နေအိမ်နှင့်ရုံးခန်းတို့မှာ အသုံးပြုအလှဆင်ခြင်း၊ ဝတ်ဆင်ခြင်းဖြင့် ကံထူးကံတက်နိုင်ကြမှာဖြစ်ပါတယ် လို့ တင်ပြလိုက်ပါတယ်။
Ref : Myanmar Home & Decor Magazine
Photo Crdit : Sweephoenixazhomes
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties