By Manawmaya Journal, Shweproperty.com
Updated at 19 April 2019
“သွားပါပြီ ကုန်ပါပြီ၊ ကိုက်ထားလိုက်တာများ မွစာကို ကြဲလို့၊ ဘယ်မှကို သုံးလို့မရတော့ပါဘူး”
ခြေရင်းအိမ်မှ ဒေါ်မအေး၏ အက်ကွဲရှတသော အသံကြီးက တိတ်ဆိတ်သော မနက်ခင်းမှာတင် ပေါ်ထွက်လာခဲ့သည်။
အကြောင်းရင်း ကိစ္စက သူမ၏ အဝတ်ဗီရိုထဲသို့ ဘယ်အချိန် ဝင်သွားမှန်း မသိသော ကြွက်တွေက ကိုက်ဖြတ်သွားခဲ့ခြင်းပင်။
“အန်တီအေး … ကြွက်တွေကို သွားမဆဲနဲ့နော်၊ သူတို့က အရွှဲ့တိုက်တတ်တယ်တဲ့”
“ကြွက်ကိုက်ထားတဲ့အဝတ်ကို ပြန်ဝတ်မယ်ဆိုရင် ကိုက်ရာကို မီးနဲ့ရှို့ဖို့မမေ့နဲ့ဦး”
“ကြွက်ပြေးတဲ့ ဆေးဂဠုန် ကျွန်မမှာရှိတယ် …၊ ပေးဦးမယ်”
စကားသံတွေက တစ်ယောက်တစ်ပေါက်။
အိမ်နီးနားချင်း တော်တော်များများအဖို့ ဒေါ်မအေးသည် မကင်းရာ မကင်းကြောင်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေ၏။
အကြောင်းမူ ဒေါ်မအေးသည် ငွေတိုးချေးစားသူ၊ ပစ္စည်းအပေါင်ခံသူ ဖြစ်နေ၍ပင်။
“ငါ့စိတ်ထဲ လေးနေတာ တော့ အမှန်ပဲ …၊ ဘာတွေ ဖြစ်ဦးမလဲ မသိဘူး”
“ဟာ ဒါဆိုရင် ဆရာငြိမ်းကို မေးမြန်း တီးခေါက်ကြည့်ရင် ကောင်းမယ်”
“ဟုတ်တယ် ဟုတ်တယ်”
သည်လိုနှင့် အိမ်နီးချင်းအချို့က ကျေးဇူးရှင် ဒေါ်မအေးကို ခေါ်ဆောင်ကာ ကျွနု်ပ်ထံ ရောက်လာ ပါတော့သည်။ ပြီးတော့ အကြောင်းရင်းကိစ္စကို တင် ပြလာခဲ့သည်။
“ကျွန်မရဲ့ စိတ်တွေ ခပ်လေးလေးပဲ ဆရာ”
“အင်း နိမိတ်အလိုအရတော့ သိပ်မကောင်း ဘူး။ ဒီရက်ပိုင်းအတွင်းမှာ အကြောင်းကိစ္စ တစ်ခုခု ပြပြီး ငွေတော်တော်များများ လာချေးတာတွေ ဘာ တွေ ရှိသလား”
“ရှိတာပေါ့ဆရာ၊ မိုးကုတ်က မောင်ကံဆို တဲ့လူ ဆရာငြိမ်းသိတယ် ဆရာ၊ မနက်မနက်ဆို အတာချီကေ့ကြီး ဆွဲဆွဲပြီး မြို့ထဲထွက်နေတဲ့ပုဂ္ဂိုလ် လေ”
“ဟုတ်ပါပြီ သူ့အလုပ်က ဘာတဲ့တုန်း”
“ပွဲစားလို့ ပြောတာပါပဲ။ အဲဒါ တမြန်နေ့ က အရောင်းအဝယ်တစ်ခုရှိတယ်။ ငွေခဏလောက် လှည့်ရင် အကျိုးအများကြီး ရှိမယ့် အကြောင်း လာပြောတော့ ကျွန်မလည်း စိတ်ဝင် စားပြီး ငွေငါး သိန်း ချေးလိုက်တယ်”
“ကိုင်း ဒါဖြင့် ဘာမှလုပ်မနေနဲ့ တရားစွဲ ဖို့သာ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားပေတော့။ နိမိတ်အရ လူလိမ်ခံရဖို့ သေချာနေပြီ”
အမှန်တကယ်လည်း လောဘဖက်သော ဒေါ်မအေးတစ်ယောက် မိုးကုတ်မောင်ကံ၏ လိမ် လည်ခြင်းကို ခံရပါချေ၏။ ခုဆိုလျှင် တရားတပေါင် ရင်ဆိုင်နေရပါချေပြီ။ ဤ၌ ကြွက်နှင့် ပတ်သက်၍ အတိတ်နိမိတ်ကောက်ခြင်းကိစ္စသည် ကျွနု်ပ်၏ အာရုံ တွင်း ဝင်လာလေတော့သည်။
ထို့ကြောင့်လည်း မှတ်စုမှတ်ရာအချို့ ပြန် ပြောင်းရှာဖွေလေသောအခါ အောက်ပါအချက်များ ကို တွေ့ရပါလေသတည်း။
၁။ အဝတ်များကို ကြွက်ကိုက်သွားပါက လူလိမ်ခံရတတ်ပါသည်။
၂။ မိမိ၏ခန္ဓာအား ကြွက်ကိုက်ခံရပါက ငွေကြေး အခိုးခံရတတ်ပါသည်။
၃။ ကြွက်တွေ အတွဲလိုက်ဖြစ်နေသည်ကို တွေ့မြင်ရပါက ထီပေါက်တတ်ပါသည်။
၄။ ခရီးသွားနေခိုက် ကြွက်သေပုပ်နံ့ရပါ က၊ ကြွက်ပုပ်ကို မြင်တွေ့ရပါကစီး ပွားတိုးတက်တတ်ပါသည်။
၅။ မိမိ၏ ခြေကြိုခြေ ကြားမှ ကြွက်ဖြတ် ပြေးပါက အကြံအစည်များ ပျက်တတ် ပါသည်။
၆။ မိမိ၏ရှေ့၌ ကြွက် ဖြတ်ပြေးပါက ရရှိမည့်ကြွေးများ ဆုံးတတ်ပါသည်။
၇။ မိမိရှေ့၌ ကြွက်သေပြုတ်ကျလာပါကကိစ္စ များအောင်မြင်တတ်ပါသည်။
၈။ ကြောင်က ကြွက်ချီ၍ မိမိ ၏ရှေ့၌ လာချခဲ့ပါလျှင် ကြွေးဟောင်းများ ရတတ်ပါ သည်။
၉။ မိမိ၏နောက်ဘက် ကြွက်နှင့်ကြောင် ဖြတ်ပြေးပါက အမှုအခင်းများနှင့် ရင်ဆိုင်ရသော် အနိုင်ရရှိတတ်ပါသည်။ ဤကား ကျွနု်ပ် လေ့လာ မှတ်သားထားခဲ့သော ကြွက်နှင့်ဆိုင်သည့် နိမိတ်များ ဖြစ်ကြပါချေ၏။
Ref : Manawmaya Journal
Photo Credit : Flickr
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties