By Myanmar Builders Guide, Shweproperty.com
Updated at 20 June 2018
ယခုနောက်ပိုင်း လယ်ယာမြေဥပဒေများအရ လယ်မြေများကို ဝယ်ယူတော့မည်ဆိုလျှင်ပုဒ်မ ၇(က)အရဖြစ်ဖြစ်၊၇(ခ) အရဖြစ်ဖြစ် ကြည့်၍ဝယ်ယူနိုင်ပါသည်။
ပုဒ်မ၇(က)သည် ပုဂ္ဂလိက မှတ်ပုံတင်ထားသော လယ်မြေများကို လုပ်ကိုင်ခွင့်ရှိသူဖြစ်ပြိး ၇(ခ)သည် အဖွဲ့အစည်းများအနေနှင့် မှတ်ပုံတင်ထားသော လယ်ယာမြေများဖြစ်သည်ဟု သိရသည်။
ဝယ်ယူမည်ဆိုလျှင် ၇(က)နှင့်ဖြစ်စေ၊၇(ခ)နှင့်ဖြစ်စေ မှတ်ပုံတင်ကိုင်ဆောင်ထားသောသူများဆီမှ ဝယ်ယူခွင့်ရှိသည်ဖြစ်သည်ဟု သိရသည်။
လယ်ယာမြေများကို နိုင်ငံခြားသားပါသောအဖွဲ့အစည်းများကိုရောင်းဝယ်ချင်သည်ဆိုလျှင်နိုင်ငံခြားသားခွင့်ပြုချက်များမပါဘဲ အရောင်းအဝယ်လုပ်၍ရနိုင်မည်မဟုတ်။ပုဒ်မ ၁၄ကန့်သတ်ချက်များနှင့် လုပ်၍မရနိုင်ကြောင်း သိရသည်။
အရောင်းအဝယ်ပြုလုပ်ရာတွင် ဥပဒေနှင့် ညီညွှတ်သော လယ်ယာမြေများဟုတ်မဟုတ် ကိုပြန်ကြည့်ရန်လိုအပ်ပါသည်။
ရောင်းဝယ်မှုပြုလုပ်ရာတွင် လုပ်နိုင်မလား မလုပ်နိုင်ဘူးလားဆိုသည်ကို ပုံစံ၇(က)၊၇(ခ)နှင့် လက်မှတ်ရထားလား မရဘူးလားဆိုသည်ကို သေချာကြည့်ရကြောင်း သိရသည်။
အဖွဲ့အစည်းမှာဆိုလျှင် သဘောတူညီချက်များအားလုံးရမှသာအရောင်းအဝယ်လုပ်၍ရနိုင်သည်။လယ်ယာမြေ၏အဓိကအရေးကြီးဆုံးသည် ပုံစံ(၇)ရပြီးပြီးလား
မရသေးဘူးလားဆိုတာပင်ဖြစ်သည်။ရောင်းဝယ်ခွင့်မရှိသော လယ်မြေများကို ဝယ်ယူမိသည်ဆိုလျှင်ပြဿနာဖြစ်လာနိုင်သည်။
ပုံစံ ၇လျှောက်ထားသည့်အခါတွင် ကျမည် မကျဘူး ဆိုတာကို သက်ဆိုင်ရာလယ်ယာမြေကော်မတီတွင်စုံစမ်းရန်လိုအပ်ပါသည်။လယ်ယာမြေကော်မတီမှ
ပုံစံ(၇)အား ဘယ်အချက်များနှင့် လျှောက်ထားလဲ လျှောက်ထားခွင့်ရှိမရှိဆိုသည်ကိုမေးမြန်းရမည်။မချပေးထားတာကိုအရောင်းအဝယ်လုပ်လျှင် ပြဿနာများဖြစ်လာနိုင်သည်။
စည်းကမ်းအရလယ်မြေဝယ်လျှင်လယ်စိုက်ရမည်။ယာမြေဝယ်လျှင် ယာစိုက်ရမည်ဖြစ်သည်။
ထိုသို့မစိုက်ချင်လျှင်လယ်ယာမြေဥပဒေသစ်၏အပိုဒ်(၃ဝ)အရ မြေအမျိုးအစားပြောင်းခွင့်တင်ရန်လိုသည်။
လယ်မြေ၊လယ်ယာမြေ ဝယ်လျှင် မြို့နယ်မြေစာရင်းဦးစီးဌာနတွင် စာချုပ်ချုပ်ဆိုဝယ်ယူရမည်ဖြစ်သည်။
မိမိဝယ်ယူမည့် လယ်ယာမြေ၏ပုံစံ(၇)ကိုမြေစာရင်းဦးစီးဌာနတွင် မှန်/မမှန်ဦးစွာ စစ်ဆေးရမည်ဖြစ်သည်။မူရင်းပုံစံ (၇)အားမြင်တွေ့မှ သာ စရန်ငွေပေးချေပါ။ထို့နောက်ရပ်ကျေးဥက္ကဌနှင့် ညှိနှိုင်းပါ။
လယ်ယာမြေကွက်အတွက် ငွေအပြေပေးချေမည်ဆိုလျှင်
၁။အရောင်းအဝယ်ပြုလုပ်ရန်အတွက်သာ ဟု ထုတ်ယူထားသော ပုံစံ၁ဝ၅တောင်းပါ။
၂။ပုံစံ၁ဝ၅မှ ပိုင်ရှင်သည်ဝယ်ယူသူထံလွဲှပေးထားသော SP ရှိရမည်။
၃။ပုံစံ(၇)မူရင်းအားတောင်းယူပါ။
၄။လယ်ယာမြေအား လက်ရောက်ရယူပါ။မဟုတ်လျှင် လယ်ယာကွက်ထဲတွင် အစောင့်တဲဟုပြောသော ကျူးကျော်တဲများပါလာလျှင် ဖယ်ရအလွန်ခက်သည်။
ထိုသို့ စိစိစစ်စစ် ဝယ်ယူပြီးလျှင် တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ကြေးတို့ပေးဆောင်၍မြို့နယ်မြေစာရင်းတွင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။၎င်းစာချုပ်ချုပ်ဆိုပြီးမှ သာလယ်ယာမြေကွက်အား ဝယ်သူအမည်ပြောင်း၍ရကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties