By Wunyan, Shweproperty.com
Updated at 22 November 2019
#Unicode
ပုံစံ ၁၀၅ နှင် ပုံစံ ၇ လက်ဝယ် ကိုင်လျှက် လယ်ယာမြေအား ရောင်းကုန် တစ်ခုအဖြစ် ထင်မှတ်မှားကာ ရောင်းမှား ဝယ်မှား မဖြစ်ရလေအောင် သတိဆောင်စို့
မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အများအသိမှားဖြစ်သည့် ပုံစံ၁၀၅ အင်္ဂလိပ်အခေါ် (ဝမ်းနော့ဖိုဒ်)သည် မြေတစ်ခု၏ ပိုင်ဆိုင်မှုအထောက်အထားမဟုတ်ပေ။၎င်းအား မြေစာရင်းပုံစံ (၁၀၅)ဟု ခေါ်တွင်သည့် ဦးပိုင်လုပ်ကွက်တစ်ခု သို့မဟုတ် မြေကွက်တစ်ကွက် သို့မဟုတ် မြေဧရိယာတစ်ခု၏အကျယ်အဝန်းကို သတ်မှတ်ထားသော မြေပုံစကေးတစ်မျိုးမျိုးဖြင့်ရေးဆွဲထားသော သက်သေခံမြေပုံ/သက်သေမခံသောမြေပုံသာဖြစ်သည်။
မြေစာရင်းပုံစံ ၁၀၆ မှာမူ အဆိုပါမြေများ၏ အဆင့်ဆင့်ပြောင်းလဲမှု ရာဇဝင် (History of Holding) ဖြစ်ပါသည်။ ယင်း မြေပုံ/မြေရာဇဝင်ခေါ် မြေစာရင်းပုံစံ ၁၀၅/၁၀၆ သည်သက်ဆိုင်ရာ ဌာနအသီးသီးသို့ မိမိတိုလျောက်ထားအသုံးပြုလိုစေသော ကိစ္စရပ်အတွက် ပူးတွဲရမည့် စာရွက်စာတမ်းမျှသာဖြစ်၍ ၎င်းတို့ကို မသိနားမလည်သောသူများမှ ပုံစံ၁၀၅ပြသလျင် ပိုင်ဆိုင်မှုအထောက်အထားတစ်ရပ်အဖြစ်ထင်မြင်မှတ်ယူနေတတ်ကြသဖြင့် ၎င်းအားလက်ဝယ်ထားရှိကိုင်ဆောင်ထားရှိရုံမျှနှင့် ပိုင်ဆိုင်စိတ်ချရပြီဟု မမှတ်ယူသင့်ကြပေ။
ယနေ့ခေတ်တွင် လယ်မြေများအား ပုံစံ၁၀၅ ပုံစံ ၇ ကျပြီးဆို၍ ကြော်ငြာရောင်းချလာသော ပြုလုပ်ဆောင်ရွက်မှုများအား တွေ့မြင်နေရပြီး တောင်သူလယ်သမားများအား ဘိုးစဉ်ဘောင်ဆက် သားစဉ်မြေးဆက် ဘဝအာမခံချက်ရရှိစေခြင်းငှါ ယခင်မြေခွန်ပြေစာများအစား လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ထုတ်ပေးခြင်းအပေါ် တလွဲအသုံးချလျက်ရှိကြောင်းမြင်တွေ့ရသည်။
လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ ဟူသည် လယ်ယာမြေအားအခြားနည်းအသုံးပြုခွင့်မဟုတ်သဖြင့် ပုံစံ၇ ရပြီးပြီဆိုရုံမျှနှင် ရွာမြေတိုးချဲ့၍ မရပေ။ လယ်ယာမြေအား အခြားနည်းအသုံးပြုလိုပါက ( ဥပမာ ရွာမြေအဖြစ် တိုးချဲ့လိုပါက) အခြားနည်းအသုံးပြုခွင့်လျောက်လွာ ပုံစံ ၁၄ အားဖြည့်စွက် ရေးသား၍ သက်သေခံမြေပုံ ပုံစံ ၁၀၅ နှင့် ဆိုဒ်ပလင်များ၊ ပတ်ဝန်းကျင်ပြမြေပုံ၊ ပုံစံ ၇ ၊ အခြားလိုအပ်သည့်အထောက်အထားများနှင့်အတူ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးသို့လျှောက်ထားရသည်။
ထိုနောက် ၎င်းရုံးမှ လယ်မြေဆိုလျှင် ပုဒ်မ ၃၀ -က ၊ လယ်မြေမှတပါးအခြားလယ်မြေဆိုလျှင် ပုဒ်မ ၃၀-ခ၊ အမှုတွဲဖွင့်လှစ်ဆောင်ရွက်ပြီး အထက်ရုံးအဆင့်ဆင့်သို့ ပေးပို့တင်ပြဆောင်ရွက်ကြရပေသည်။
အထက်အဆင့်ဆင့်ခွင့်ပြုချက်ဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲသည် လယ်မြေအား အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့် ပုံစံ ၁၅ ထုတ်ပေးမည်ဖြစ်ပြီး ပြည်နယ်/တိုင်း အစိုးရအဖွဲ့သည် လယ်မြေမှတပါးအခြားလယ်မြေအား အခြားနည်းဖြင့်အသုံးပြုရန်ခွင့်ပြုမိန့်၁၅(က) ထုတ်ပေးမည်ဖြစ်ပေသည်။
ဆိုလိုသည်မှာ ၎င်းပုံစံ -၁၅ သို့မဟုတ် ၁၅(က) လက်ဝယ်ပိုင်ဆိုင်ရရှိတော့မှသာလျှင် ရွာမြေတိုးချဲ့ခြင်း ပြုလုပ်နိုင်ပေသည်။
သို့ဖြစ်၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ပေ(၂၀ ၆၀ ) ပေ(၄၀ ၆၀) အစရှိသဖြင့် မြေကွက်များအကွက်ရိုက်၍ ရောင်းချနေမှုများအား ဈေးပေါသည်ထင်မှတ်ပြီး လိုက်လံဝယ်သူများအနေနှင့် မြေကွက်ရိုက်၍ ရောင်းချသူ သို့မဟုတ် လယ်မြေရှင်တို့၏ လက်ဝယ်တွင် လယ်ယာမြေအားအခြားနည်းအသုံးပြုခွင့်ပြုမိန့် ပုံစံ ၁၅ သို့မဟုတ် ပုံစံ ၁၅(က )လက်မှတ်လကိုင်ဆောင်ပြသနိုင်မှသာ ဝယ်ယူသင့်ပါကြောင်း စေတနာကောင်းဖြင့် ထပ်လောင်း သတိပေးအပ်ပါကြောင်း ။
#Zawgyi
ပုံစံ ၁၀၅ ႏွင္ ပုံစံ ၇ လက္ဝယ္ ကိုင္လွ်က္ လယ္ယာေျမအား ေရာင္းကုန္ တစ္ခုအျဖစ္ ထင္မွတ္မွားကာ ေရာင္းမွား ဝယ္မွား မျဖစ္ရေလေအာင္ သတိေဆာင္စို႔
ေျမပိုင္ဆိုင္မႈႏွင့္ ပတ္သက္၍ အမ်ားအသိမွားျဖစ္သည့္ ပုံစံ၁၀၅ အဂၤလိပ္အေခၚ (ဝမ္းေနာ့ဖိုဒ္)သည္ ေျမတစ္ခု၏ ပိုင္ဆိုင္မႈအေထာက္အထားမဟုတ္ေပ။၄င္းအား ေျမစာရင္းပုံစံ (၁၀၅)ဟု ေခၚတြင္သည့္ ဦးပိုင္လုပ္ကြက္တစ္ခု သို႔မဟုတ္ ေျမကြက္တစ္ကြက္ သို႔မဟုတ္ ေျမဧရိယာတစ္ခု၏အက်ယ္အဝန္းကို သတ္မွတ္ထားေသာ ေျမပုံစေကးတစ္မ်ိဳးမ်ိဳးျဖင့္ေရးဆြဲထားေသာ သက္ေသခံေျမပုံ/သက္ေသမခံေသာေျမပုံသာျဖစ္သည္။
ေျမစာရင္းပုံစံ ၁၀၆ မွာမူ အဆိုပါေျမမ်ား၏ အဆင့္ဆင့္ေျပာင္းလဲမႈ ရာဇဝင္ (History of Holding) ျဖစ္ပါသည္။ ယင္း ေျမပုံ/ေျမရာဇဝင္ေခၚ ေျမစာရင္းပုံစံ ၁၀၅/၁၀၆ သည္သက္ဆိုင္ရာ ဌာနအသီးသီးသို႔ မိမိတို္ေလ်ာက္ထားအသုံးျပဳလိုေစေသာ ကိစၥရပ္အတြက္ ပူးတြဲရမည့္ စာ႐ြက္စာတမ္းမွ်သာျဖစ္၍ ၄င္းတို႔ကို မသိနားမလည္ေသာသူမ်ားမွ ပုံစံ၁၀၅ျပသလ်င္ ပိုင္ဆိုင္မႈအေထာက္အထားတစ္ရပ္အျဖစ္ထင္ျမင္မွတ္ယူေနတတ္ၾကသျဖင့္ ၄င္းအားလက္ဝယ္ထားရွိကိုင္ေဆာင္ထားရွိ႐ုံမွ်ႏွင့္ ပိုင္ဆိုင္စိတ္ခ်ရၿပီဟု မမွတ္ယူသင့္ၾကေပ။
ယေန႔ေခတ္တြင္ လယ္ေျမမ်ားအား ပုံစံ၁၀၅ ပုံစံ ၇ က်ၿပီးဆို၍ ေၾကာ္ျငာေရာင္းခ်လာေသာ ျပဳလုပ္ေဆာင္႐ြက္မႈမ်ားအား ေတြ႕ျမင္ေနရၿပီး ေတာင္သူလယ္သမားမ်ားအား ဘိုးစဥ္ေဘာင္ဆက္ သားစဥ္ေျမးဆက္ ဘဝအာမခံခ်က္ရရွိေစျခင္းငွါ ယခင္ေျမခြန္ေျပစာမ်ားအစား လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ ပုံစံ ၇ ထုတ္ေပးျခင္းအေပၚ တလြဲအသုံးခ်လ်က္ရွိေၾကာင္းျမင္ေတြ႕ရသည္။
လယ္ယာေျမလုပ္ပိုင္ခြင့္ ပုံစံ ၇ ဟူသည္ လယ္ယာေျမအားအျခားနည္းအသုံးျပဳခြင့္မဟုတ္သျဖင့္ ပုံစံ၇ ရၿပီးၿပီဆို႐ုံမွ်ႏွင္ ႐ြာေျမတိုးခ်ဲ႕၍ မရေပ။ လယ္ယာေျမအား အျခားနည္းအသုံးျပဳလိုပါက ( ဥပမာ ႐ြာေျမအျဖစ္ တိုးခ်ဲ႕လိုပါက) အျခားနည္းအသုံးျပဳခြင့္ေလ်ာက္လြာ ပုံစံ ၁၄ အားျဖည့္စြက္ ေရးသား၍ သက္ေသခံေျမပုံ ပုံစံ ၁၀၅ ႏွင့္ ဆိုဒ္ပလင္မ်ား၊ ပတ္ဝန္းက်င္ျပေျမပုံ၊ ပုံစံ ၇ ၊ အျခားလိုအပ္သည့္အေထာက္အထားမ်ားႏွင့္အတူ သက္ဆိုင္ရာၿမိဳ႕နယ္ဦးစီးမႉး႐ုံးသို႔ေလွ်ာက္ထားရသည္။
ထိုေနာက္ ၄င္း႐ုံးမွ လယ္ေျမဆိုလွ်င္ ပုဒ္မ ၃၀ -က ၊ လယ္ေျမမွတပါးအျခားလယ္ေျမဆိုလွ်င္ ပုဒ္မ ၃၀-ခ၊ အမႈတြဲဖြင့္လွစ္ေဆာင္႐ြက္ၿပီး အထက္႐ုံးအဆင့္ဆင့္သို႔ ေပးပို႔တင္ျပေဆာင္႐ြက္ၾကရေပသည္။
အထက္အဆင့္ဆင့္ခြင့္ျပဳခ်က္ျဖင့္ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲသည္ လယ္ေျမအား အျခားနည္းအသုံးျပဳရန္ ခြင့္ျပဳမိန္႔ ပုံစံ ၁၅ ထုတ္ေပးမည္ျဖစ္ၿပီး ျပည္နယ္/တိုင္း အစိုးရအဖြဲ႕သည္ လယ္ေျမမွတပါးအျခားလယ္ေျမအား အျခားနည္းျဖင့္အသုံးျပဳရန္ခြင့္ျပဳမိန္႔၁၅(က) ထုတ္ေပးမည္ျဖစ္ေပသည္။
ဆိုလိုသည္မွာ ၄င္းပုံစံ -၁၅ သို႔မဟုတ္ ၁၅(က) လက္ဝယ္ပိုင္ဆိုင္ရရွိေတာ့မွသာလွ်င္ ႐ြာေျမတိုးခ်ဲ႕ျခင္း ျပဳလုပ္ႏိုင္ေပသည္။
သို႔ျဖစ္၍ ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ေပ(၂၀ ၆၀ ) ေပ(၄၀ ၆၀) အစရွိသျဖင့္ ေျမကြက္မ်ားအကြက္႐ိုက္၍ ေရာင္းခ်ေနမႈမ်ားအား ေစ်းေပါသည္ထင္မွတ္ၿပီး လိုက္လံဝယ္သူမ်ားအေနႏွင့္ ေျမကြက္႐ိုက္၍ ေရာင္းခ်သူ သို႔မဟုတ္ လယ္ေျမရွင္တို႔၏ လက္ဝယ္တြင္ လယ္ယာေျမအားအျခားနည္းအသုံးျပဳခြင့္ျပဳမိန္႔ ပုံစံ ၁၅ သို႔မဟုတ္ ပုံစံ ၁၅(က )လက္မွတ္လကိုင္ေဆာင္ျပသႏိုင္မွသာ ဝယ္ယူသင့္ပါေၾကာင္း ေစတနာေကာင္းျဖင့္ ထပ္ေလာင္း သတိေပးအပ္ပါေၾကာင္း ။
Ref : Wunyan
Photo Credit : Landesa
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties