By Social Media, Shweproperty.com
Updated at 16 August 2019
၁။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတွင် ပုံစံ-၃ လျောက်လွှာတင်ပြီး ၊အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေစာရင်းပုံစံ ၁၀၅/၁၀၆ လျောက်ထားကူးယူပါ။
၂။အဆိုပါ ၁၀၅/၁၀၆မြေပုံရလျင် မိမိမြေရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်အတွက် ဇုံအလိုက်သတ်မှတ်နုန်းထား ဘယ်လောက်သတ်မှတ်တယ်ဆိုဒါ သွားရောက်ကြည့်ရူ့ပါ။
၃။ သတ်မှတ်နုန်းထားသိပြီဆိုရင် တန်ဖိုးပေါ်တွင် ၂% အတွက်ကျသင့်သော တံဆိပ်ခေါင်းခွန်အားမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနတွင် သွားရောက်ဝယ်ယူပါ။
၄။တံဆိပ်ခေါင်းများရလျင် အရောင်းအဝယ်စာချုပ်ရိုက်ပြီး မိမိမြေရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါဝင်သောလည်/စီအရှေ့မှောက်တွင်စာချုပ်ချုပ်ဆိုရပါမည်။
၅။အဆိုပါစာချုပ်အား ရက်ပေါင်း ၁၂၀ အတွင်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတွင်မှတ်ပုံတင်ရပါမည်။မှတ်ပုံတင်ခမှာ တန်ဖိုးပေါ်တွင် ဝ•၅%ပေးသွင်းရပါမည်။
၆။ အဆိုပါမှတ်ပုံတင်စာချုပ်ရပါက စာချုပ်အားအထောက်ထားပြုပြီး ဝယ်သူအမည်ပြောင်းလဲပေးပါရန် အဆိုပါဌာနတွင် ထပ်မံလျောက်ထားရပါမည်။
လိုအပ်သောစာရွက်စာတမ်းများစာရင်း........
၁. ပုံစံ-၇ မူရင်း
၂- ၁၀၅/၁၀၆ မူရင်း
၃-ရောင်းချသူထံမှ မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာယူထားရင် အဆိုပါစာရွက်မူရင်း နှင့် ပါဝါမရုတ်သိမ်းကြောင်းနှင့် ပါဝါပေးသူသက်ရှိထင်ရှား ရှိကြောင်း ကျမ်းကျိန်လွှာ မူရင်း
၄-ရောင်းသူ/ဝယ်သူမှတ်ပုံတင် သန်ခေါင်စာရင်း
အချိန်ကြာမြင့်ချိန်မှာ တစ်ရုံးနှင့်တစ်ရုံးမတူခြင်း၊လုပ်ကိုင်ဆောင်ရွက်သူ မတူခြင်းကြောင့် အချိန်ကြာမြင့်ချိန်ကွာခြားနိုင်ပါတယ်။
Ref : Social Media
Photo Credit : vice
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties