By Shwe Kyaw (ShweProperty.com), Shweproperty.com
Updated at 21 July 2018
လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူများသည် လယ်ယာမြေနှင့် ပတ်သက်ပြီး ဥပဒေအရ လုပ်ကိုင်ခွင့်များကို သိထားသင့်သည်။
ထို့ကြောင့် လယ်ယာမြေဥပဒေ ပုဒ်မ ၉ တွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည် အောက်ပါ အခွင့်အရေးများကို ရရှိစေမည်ဖြစ်သည် ကိုဖော်ပြ လိုက်သည်။
(က) လယ်ယာမြေကို လက်ရှိထားပိုင်းခွင့်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်၊ ယင်းသို့ လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကိုခံစားပိုင်ခွင့်၊
(ခ) လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များ နှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့် နှင့်ပေးကမ်းခွင့်၊
(ဂ) လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာပါက တည်ဆဲဥပဒေနှင့် အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့်၊
(ဃ) သတ်မှတ်သည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မရှိသရွေ့ လယ်ယာမြေလုပ်ပိုင်ခွင့်၊
(င) လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်သမဝါယမအသင်း၏ ရင်းနှီးမြှုပ်နှံမှုနှင့် လည်းကောင်း၊ ပုဂ္ဂ လိက ရင်းနှီးမြှုပ်နှံ သူများနှင့် လည်းကောင်း အကျိုးတူလုပ်ကိုင်ခွင့်၊
(စ) လယ်ယာမြေတွင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသား ပါဝင်သော အဖွဲ့အစည်းနှင့် ပူးပေါင်း၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ အကျိုးတူလုပ်ကိုင်ခွင့် စသည့်တို့ကို လယ်ယာမြေ ဥပဒေ အခန်း(၃) တွင်ဖော်ပြထားသည်။
Written By : Shwe Kyaw (ShweProperty.com) Photo Credit : Dailytimes Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties