By Kumudra, Shweproperty.com
Updated at 23 June 2018
မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်ပက စီးပွားရေး လုပ်ငန်းတွေ ဝင်ရောက်လာတာနဲ့အမျှ နိုင်ငံခြားသားတွေ နေထိုင်ဖို့ အိမ်ရာလိုအပ်ချက်တွေ များလာပါတယ်။
အိမ်ပိုင်ရှင်တွေအနေနဲ့ မိမိအိမ်ကို နိုင်ငံခြားသား အိမ်ငှား တင်ချင်တယ်ဆိုရင် သိထားသင့်၊ လုပ်ဆောင်ထားသင့်တဲ့ အချက်လေးတွေ ဖော်ပြပေးပါမယ်။
၁။ အိမ်ရဲ့တည်နေရာ
နိုင်ငံခြားသားတွေ အကြိုက်များ တာတော့ မြို့တွင်းပိုင်းမြို့နယ်တေပါ။အထူးသဖြင့်ပန်းခြံတို့၊ ရေကန်တို့နဲ့နီးပြီး မနက်စောစောအားကစားလုပ်လို့ကောင်းတဲ့ နေရာမျိုးတွေဆို ပိုကြိုက်ပါ တယ်။ဒါကြောင့် ဗဟန်း၊ ကမာရွတ်၊ ရန်ကင်း၊ မရမ်းကုန်းမြို့နယ်တွေက အိမ်တွေကို ဦးစားပေး လိုချင်ကြပါတယ်။ကိုယ့်ရဲ့ အိမ်က ပြန်လည်ပြုပြင်ထားမယ်၊သန့် ရှင်း သပ်ရပ်မှုရှိမယ်၊ ပတ်ဝန်းကျင်လည်းကောင်းမွန်တယ်၊ဈေးလည်း သိပ်မများဘူးဆိုရင်တော့ ငှားကြမှာပါ။
၂။ လုံးချင်းအိမ်၊ ကွန်ဒို၊ တိုက်ခန်း
လုံးချင်း အိမ်ကတော့ လှမ်းမမီတဲ့ ပန်းဧကရီလို့ပဲ ပြောရမလား။ ရန်ကုန်ရဲ့ အဆင့်မြင့်အိမ် ဈေးနှုန်းတွေကြောင့် တော်ရုံလူ တော့ အနားမကပ်နိုင်တာအမှန်ပါပဲ။ သည်တော့ ကွန်ဒိုအခန်းတွေနဲ့ နေရာကောင်း တဲ့ တိုက်ခန်းကျယ်တွေက ပိုအငှားသွက်ပါ တယ်။အနီးပတ်ဝန်းကျင်မှာ ဈေးဝယ် စင် တာတွေ၊ အားကစားခန်းမတွေ၊ အေးအေး ဆေးဆေး ထိုင်လို့ရတဲ့ ကော်ဖီဆိုင် လိုမျိုး ဆိုင်လေးတွေရှိတဲ့ နေရာတွေကို သ ဘော ကျပါတယ်။ ခြွင်းချက်အနေနဲ့ တချို့ တွေ အထူးသဖြင့် အသက်ငယ်တဲ့ သူတွေကတော့ လူစည်ကားတဲ့ မြို့ထဲလိုနေရာ တွေကို သဘောကျပါတယ်။
၃။ ပရိဘောဂတွေ
နိုင်ငံခြားသားဆိုတာက မြန်မာနိုင်ငံမှာ အလုပ်လုပ်ဖို့ လာတာပါ။သည်တော့ သူတို့အနေနဲ့ အိမ်တွင်းပရိဘောဂတွေ တစ်ပုံကြီးဝယ်ဖို့ စိတ်မဝင်စားပါဘူး။လက်ဆွဲ အိတ်လေးတစ်လုံးလောက်ပဲ ဆွဲပြီး အ ဆင်သင့် တက်နေချင်တာပါ။ အဲသည်အစား အိမ်ငှားခကိုပဲ ပိုပေးပြီးနေဖို့ သဘောကျပါ တယ်။အိမ်တွင်းပရိဘောဂဆိုရာမှာလည်း အခြေခံပစ္စည်းတွေဖြစ်တဲ့ စားပွဲ၊ ဗီရို၊ ကုလားထိုင်၊ခုတင်တွေ၊ ရေခဲ သေတ္တာ၊ အဝတ်လျှော်စက်၊ တီဗီလောက် ပါရင် ရပါပြီ။ အရေးကြီးတာတစ်ခုက အဲယားကွန်းပါ။
၄ ။ အိမ်ငှားခ
အရေးအကြီးဆုံးအပိုင်းကိုရောက် လာပါပြီ။နိုင်ငံခြားသားတစ်ယောက် အဖို့ ပတ် ဝန်းကျင်သန့်သန့်၊သူတို့လိုချင် တဲ့အထက် ကအချက်တွေ ပြည့်စုံတယ်ဆို ရင် တိုက် ခန်း လောက်ဆိုရင်တောင် ဒေါ် လာ ၄ဝဝ၊ ၅ဝဝ လောက်ပေးနိုင်ပါတယ်။ကွန်ဒိုဆိုရင်လည်း ဒေါ်လာ ၁၅ဝဝ၊ ၂ဝဝဝ လောက်တော့ ပေးနေပါတယ်။နောက်ထပ်တစ်ချက်က သူတို့တွေက အလုပ်လာလုပ်တာ ဖြစ်တဲ့အတွက် နှစ်ချုပ်ထက် လချုပ်ငှားရတာကို ပိုစိတ်ဝင်စားပါတယ်။
နိုင်ငံခြားသား အိမ်ငှားတင်တာနဲ့ ပတ်သက်ပြီး ကောင်းကွက်၊ ဆိုးကွက်လေးတချို့လည်း ရှိပါတယ်။ကောင်းကွက်အနေနဲ့ ပြောရရင်အိမ်ငှားခ ပိုတောင်းလို့ ကောင်း ပါ တယ်။ပြီးတော့ သူတို့က လူအများကြီး စုမနေတော့ အိမ်ထိခိုက်မှုနည်းပါတယ်။အများစု(အကုန်မဟုတ်ပါဘူး) က သန့်သန့်ရှင်းရှင်း နေတတ်ပါတယ်။ဒါတွေက ကောင်းကွက်တွေပါ။ ဆိုးတာတွေကတော့ ဘာသာ၊ ယဉ်ကျေးမှုမတူတတ်တဲ့ အလျောက် အဆင်မပြေတာလေးတွေ ရှိနိုင်ပါတယ်။ပြီးတော့ အသေးအမွှားလေးကအစ တစ်ခုခုအဆင်မပြေတိုင်း ကိုယ့်ကို ပြဿနာရှာတတ်ပါတယ်။သည်တော့ အကောင်းအဆိုး နှစ်ဖက်ကြားမှာ ဟန်ချက်ညီအောင် ထိန်းရင်း အိမ်ရှင်၊အိမ်ငှားအားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Ref : Kumudra
Photo Credit : Thefreisguys
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties