By Pyae Phyo Myint Mon, Shweproperty.com
Updated at 10 November 2017
နိုင်ငံခြားသား အငှားဈေးကွက် တွင်ကျယ်လာသောကြောင့် အငှားစာချုပ်နဲ့ ပတ်သက်ပြီး သတိထား ချုပ်ဆိုသင့်တယ်လို့ ပညာရှင်တချို့ဆီကနေ သိရပါတယ်။
"နိုင်ငံခြားသားနဲ့ စာချုပ်ချုပ်ဆိုတဲ့အခါမှာ တိကျပြီး၊ ဥပဒေကို နားလည်သူနဲ့ ချုပ်ဆိုသင့်တယ်၊ သူတို့က ဥပဒေနဲ့ပတ်သက်ပြီး တက်ဖက်နှင့်တစ်ဖက် နားမလည်တာတွေရှိသလို အတုလုပ်တဲ့ကိစ္စတွေမှာ ကိုယ်တွေနိုင်ငံထက် အတွေ့အကြုံရှိလို့ သတိထားသင့်တယ်"လို့ စီးပွားရေး ဥပဒေလမ်းညွန် ဦးတင်သန်းဦးက ပြောပါတယ်။
နိုင်ငံခြားသားအိမ်ရာ ငှားရမ်းခွင့်နဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ပြည်တွင်းမှာ လာရော်ငှားရမ်းတာနဲ့ ပတ်သက်ပြီး နှစ်အကန့်အသတ်ကို နှစ် (၉၀) လောက်အထိ ပေးထားပါတယ်၊ တကယ်တမ်း တွက်ကြည့်ရန် သည်နေထိုင်ခွင့်က ပြည်တွင်းက ဂရန်တွေလိုပဲ သက်တမ်းရှိတယ်။ သူ့အားနည်းချက်က တခါတည်း စာချုပ်ချုပ်ပြီးနေလို့မရပဲ နှစ်အလိုက်ချု့်ရတာပဲ ပိုတယ်လို့ သိရပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ဈေးကွက်မှာ ငွေကြေးတတ်နိုင်သူ အများစုက ပြည်တွင်းက နေထိုင်နေသူတွေထက် ပြည်ပက ဝင်ရောက်လာမယ့် နိုင်ငံခြားသားတွေကို ရည်ရွယ်ပြီးဆောက်လုပ်တာဖြစ်လို့ နေထိုင်မှုစာချုပ်စာတမ်းနဲ့ ပတ်သက်ပြီး အရှုပ်အရှင်းတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
လက်ရှိလူစိတ်ဝင်စားမှုများတဲ့ ကွန်ဒိုမီနီယံ ဥပဒေမှာတော့ နိုင်ငံခြားသား အိမ်ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး တိကျတဲ့လိုက်နာမှုတွေ ပါဝင်တာကြောင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ဥပဒေထက် ပိုမိုခိုင်မာနိုင်တယ်။ လက်ရှိမှာတော့ တိကျတဲ့ ဥပဒေမထွက်ရှိသေးတဲ့အတွက် လက်ရှိရှိနေတဲ့ စာချုပ်စာတမ်းတွေကို အကာအကွယ်ပေး နိုင်တဲ့ဥပဒေကို နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး စာချုပ်ချုပ်ဆိုတာမျိုး ပြုလုပ်သင့်တယ်လို့ သိရပါတယ်။
နိုင်ငံခြားသားအငှားတွေမှာ တစ်ဆင့်ခံအမည်ခံနဲ့ ငှားတာတွေရှိသလို ပွဲစားက တာဝန်ခံပြီး လုပ်ပေးတာမျိုးလည်း ရှိတာကြောင့် အိမ်ရာငှားရမ်းသူအနေနဲ့ ဥပဒေလမ်းကြောင်းအရ နားလည်အောင် လုပ်ပြီးမှသာ လချုပ်နဲ့နှစ်ရှည်အငှားတွေကို လက်ခံသင့်တယ်လို့ သိရပါတယ်။
Written By : Pyae Phyo Myint Mon
Photo Credit : Telegraph
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties