By ကြည်စိုး (IC), Shweproperty.com
Updated at 19 June 2019
ပုံုစံ (၁၀၅ ) ဆိုုသည်မှာ ကျေးရွာမြေစာရင်းဦးစီဌာနအပိုုင် နယ်နိမိတ်အတွင်းမှာ ရှိတဲ့ မြေတိုု.ရဲ.အကျယ်အဝန်းနဲ. အမျိုးအစားကိုု ဖော်ပြပေးတဲ့ ပုံုစံစာရွက်သာ ဖြစ်ပါတယ် ။ ပုံုစံ ( ၁၀၅) လက်ထဲ ရောက်တာနဲ. ကိုုယ်လုုပ်ချင်တာ လုုပ်လိုု.ရမယ်လိုု. မထင်လိုုက်ပါနဲ.။
မေး။ ။ ဆရာရှင့်… ကျွန်မက အကျိုးဆောင်တော့ မဟုုတ်ပါဘူး ။ ဒါပေမဲ့ ရွာမြေတစ်ကွက်ကိုု ဝယ်ထားမိသူ တစ်ဦးပါ ။ ပုံုစံ (၁၀၅) ရပြီလိုု. ပြောလိုု. ဝယ်လိုုက်မိပါတယ် ။ သူငယ်ချင်းတွေလည်း ဝယ်ကြပါတယ် ။ အဖော်ကောင်းလိုု.သာ လိုုက်ဝယ်တာပါ။
သိပ်နားမလည်တဲ့ အလုုပ်လည်း ဖြစ်နေပြီးတော့ အခုုဆိုု သုံုးလကျော်လောက် ရှိပြီး။ ပြန်ရောင်းမယ် ဆိုုတော့မှ ပါမစ်မြေ ဖြစ်နေတယ် ဆိုုလား မသိဘူး။ အမျိုးမျိုး ပြောကြပါတယ်။ ကျွန်မ ဝယ်ခါနီးတုုန်းကတော့ ရွှေ လိုု.ပြောကြပြီး ကျွန်မ လက်ထဲ ရောက်မှ အမျိုးမျိုး ပြောခံနေရပါတယ် ။
အဆောက်အအုံုဆောက်မယ် ဆိုုတော့လည်း ဆောက်ခွင့်က လွယ်လွယ် မရနိုုင်ဘူးတဲ့ ဆရာ။ ဒီတော့ ပုံုစံ (၁၀၅) ဆိုုတာက ဘာလဲဆရာ ။ ရှင်းပြပါဦး။
ဖြေ။ ။ရှင်းရှင်းလေးနဲ. ရှုုပ်နေတာကိုု တစ်သက်စာ မှတ်မိအောင်ကျွန်တော် သိသလောက် ဖြေပေးပါ့မယ်။ ပုံုစံ (၁၀၅) ဆိုုတာက “ကျေးရွာမြေစာရင်းဌာန” က ထုုတ်ပေးတဲ့ ပုံုးစံ တစ်ခုုသာ ဖြစ်ပါတယ်။ အဲဒီ ပုံုစံက လယ်ယာမြေပဲ ဖြစ်ဖြစ် ၊ ရွာမြေ ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ် ကျေးရွာမြေစာရင်းဦးစီးဌာနအပိုုင် နယ်နိမိတ် အတွင်းမှာ ရှိတဲ့မြေတိုု.ရဲ. အကျယ်အဝန်းနဲ. အမျိုးအစားကိုု ဖော်ပြပေးတဲ့ပုံုစံစာရွက်သာ ဖြစ်ပါတယ်။
ဒီပုံုစံ (၁၀၅) လက်ထဲ ရောက်တာနဲ. ကိုုယ်လုုပ်ချင်တာ လုုပ်လိုု. ရမယ်လိုု. အထင်လိုုက်ပါနဲ.။ အခုု ပုံုစံ (၁၀၅) အရ ဝယ်ထားတဲ့မြေက “လယ်ယာမြေ” ဆိုုတာသိပြီလေ။ လယ်ယာမြေ ဆိုုရင်တော့ “လယ်ယာမြေလုုပ်ပိုုင်ခွင့်ပြုလတ်မှတ်” ရှိမယ် ဆိုုရင် လယ်လုုပ်လိုု. ရမယ်ပေါ့။
အဆောက်အအုံု ဆောက်ဖိုု.၊ စီးပွားရေးလုုပ်ငန်းတစ်ခုုခုု အခြေတည်ပြီး လုုပ်ကိုုင်ဖိုု. ဆိုုတာကတော့ ကျွန်တော့်ရဲ. အတွေ.အကြုံအရ ဆိုုရင် “သက်ဆိုုင်ရာ တိုုင်းဒေသကြီးအစိုုးရ” က ခွင့်ပြုမှသာ ရမယ် ဖြစ်ပါတယ်။ အဲဒီလိုု ခွင့်ပြုလိုုက်ပြီဆိုုရင် “ဂရန်” ကိုုပါ လျှောက်ထားပိုုင်ခွင့် ရရှိတော့တာပေါ့။ တစ်ချိန်တုုန်းက “လယ်ယာမြေ နိုုင်ငံပိုုင်ပြုလုုပ်ရေး အက်ဥပဒေ ပုုဒ်မ ၃၉ (ယခုုအခါ - လ/ယ ၃၀ ဖြစ်သည်) နဲ. လုုပ်ပိုုင်ခွင့်တွေ တူမယ်လိုု. ကျွန်တာ် ဝါရင့်ပွဲစားမှန်းပြီး ဖြေလိုုက်ပါရစေ။
Ref : ကြည်စိုုး ( IC ) Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties