By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 26 June 2018
အိမ်ရှေ့မှာဖြစ်ဖြစ် အိမ်အရှေ့ပတ်ဝန်းကျင်မှာဖြစ်ဖြစ် ပျားစွဲတာ၊ ပျားအုံတာမျိုးကို ကြံတွေ့ရတဲ့အခါ မြန်မာလူမျိုးအများစုဟာ ကောင်းတဲ့နိမိတ်လား၊ ဆိုးတဲ့နိမိတ်ကို ဖြစ်ပေါ်စေတာလားဆိုတာကို မသိတာ၊ သူတစ်ပါး အသိုက်အမြုံကို မဖျက်စီးချင်တာတွေကြောင့် ဖယ်ရှားသင့်၊ မဖယ်ရှားသင့်ကို တွေဝေတက်ကြပါတယ်။ ဒါကြောင့် အိမ်ရှေ့မှာ ပျားစွဲတာဟာ ဘယ်လို အတိတ်နိမိတ်ကို ဆောင်ကျဉ်းလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
အိမ်တစ်အိမ်ရဲ့ အရှေ့မျက်နှာစာဟာ ကျက်သရေ၊ လာဘ်လာဘနဲ့ အောင်မြင်ခြင်းတွေကို ဆောင်ယူပေးနိုင်နိုင်တဲ့ ဣဋ္ဌဋ္ဌာနပါ။ အိမ်တစ်အိမ်ရဲ့ ကျက်သရေရှိတဲ့နေရာမှာ လူမြင်ကွင်းကို စက်ဆုပ်စေမယ့် အရာတွေ မရှိသင့်ပါဘူး။
ဆန်းဗေဒင်ပညာအရ ပျားဆိုတာဟာ အနိဋ္ဌပိုးမွှားမျိုးဖြစ်ပါတယ် ။ အိမ်ရှေ့ဆိုတာက ဣဋ္ဌ၊ ပျားဆိုတာက အနိဋ္ဌ ဖြစ်တာကြောင့် ဣဋ္ဌနဲ့အနိဋ္ဌပေါင်းတော့ အနိဋ္ဌဖြစ်ပြီး အိမ်ရဲ့စီးပွားရေး၊ကျက်သရေ၊အောင်မြင်မှုနဲ့ ရောင်းပန်းဝယ်ပန်းတွေကို ပျက်ပြားစေပါတယ်။ ဒါကြောင့် အိမ်ရှေ့မှာ ပျားအုံစွဲနေတယ်ဆိုရင် အမြန်ဆုံးဖယ်ရှားသင့်ပါတယ်။
Writtten By : Hsu Myat May Zaw (ShweProperty.com)
Photo Crdit : Wikihow
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties