By The Kumudra, Shweproperty.com
Updated at 5 June 2015
မြေငှားဂရန်သက်တမ်းတိုးနဲ့ ဂရန်အသစ်လျှောက်မယ်ဆိုရင် သိသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန် သက်တမ်းတိုး
၁။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ။
၂။ အမည်ပေါက် ကိုယ်တိုင်။
၃။ မူရင်းဂရန်နဲ့ ပူးတွဲပါမြေပုံ။
၄။ ပိုင်ဆိုင်ကြောင်းအထောက်အထား မှတ်ပုံတင် စာချုပ်စာတမ်း။
၅။ မြေခွန် ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံစာ။
ဂရန်သက်တမ်းတိုးပေးဖို့ လျှောက်ထားရာမှာ မြေကွက်ကို ဂရန်သက်တမ်း တိုးပေးရန် သင့်မသင့်၊ မြေရာဇဝင်မှာ ကန့်ကွက်ချက်ရှိမရှိ စိစစ်ပြီး ကြော်ငြာစာကို အမည်ပြောင်း လျှောက်ထားစဉ်ကအတိုင်း ဆက်လက်ဆောင်ရွတ်ပါတယ်၊ ကန့်ကွက်သူမရှိပါက စိစစ်ပြီး ပြည့်စုံမှန်ကန်ပါက စည်ပင်ကော်မတီတင်ပြဖို့နဲ့ ကော်မတီက သဘောတူပါက နှစ် (၆၀) မြေငှားဂရန် ထုတ်ပေးပါတယ်။
မြေငှားဂရန် အသစ်လျှောက်
မြေငှားဂရန် အသစ်ထုတ်ပေးတဲ့ မြေအမျိုးအစားတွေမှာ လိုင်စင်မြေ၊ စကွာတာမြေ နဲ့ ပါမစ်မြေတို့ဖြစ်ပါတယ်။
လိုအပ်တဲ့ အထောက်အထားတွေမှာ.......
၁။ နိုင်ငံသားဖြစ်ရမည် (နိုင်ငံသားကတ်ပြား မိတ္တူ)။
၂။ အိမ်ရာဆောက်လုပ်နေထိုင်ခွင့် လက်မှတ်။
၃။ အမည်ပေါက် (သို့) ဥပဒေနဲ့ အညီဆက်ခံခွင့်ရှိသူမှ တရားရုံးမှာ ပြုလုပ်ခဲ့တဲ့ ကျမ်းကျိန်လွှာ။
၄။ လွှဲပြောင်းခြင်းဖြစ်ပါက ကတိစာချုပ်လွှာ (ဥပမာ- အရောင်း၊ အဝယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ လှူဒါန်းခြင်းစတဲ့
လွှဲပြောင်းခြင်းများ)။
၅။ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး တရားရုံးရဲ့ အမိန့်ဒီဂရီ။
၆။ အဆောက်အအုံရှိကြောင်း အထောက်အထားတို့ လိုအပ်ပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties