By Apyolay, Shweproperty.com
Updated at 31 January 2020
သစ်တံခါးဆရာတော်၏ ရေးသား ဖော်ပြချက်အား အဓိဋ္ဌာန် ကျင့်ဆောင်ပုံ တင်ပြပေးခြင်းပါ ။
မိမိမှာ အိမ်ပိုင်ရှင် မြေပိုင်ရှင် ဖြစ်လိုပါက .........
နေ့စဉ်နေ့တိုင်း ထမင်းစားသောက်သည့်အခါ မိမိစားသုံးနေသော စားပွဲမှ ၎င်းတစ်နေရာတွင် သီးသန့်ထား၍သော်၎င်း ၊ တစ်ယောက်စာ တစ်ပန်းကန်စာကို ဟင်းအားလုံး စု့ပုံထည့်ကာ ခက်ရင်း၊ ဇွန်းတပ်ပြီး လက်နှင့် ကိုင်မြှောက်ကာ ” ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကြသောမြတ်ဗုဒ္ဓအဆူဆူတို့အား တစ်ပွဲ ရဟန္တာ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များနှင့် သံဃာတော်အပေါင်း အရိယာဝိဇ္ဇာဓမ္မဝိဇ္ဇာထွက်ရပ်လမ်းစရောက်တော်မူ ကြသော ဝိဇ္ဇာထိုရ်သူတော်ကောင်းအပေါင်း အရှင်ကောင်းတို့အား ကိုယ်တိုင် ကြွရောက်၍ ဘုန်းပေးတော်မူကြပါ။သုံးဆောင်တော်မူကြပါဟု” ပင့်ဖိတ်၍ အလှုဒါန ပြု့ပေးပါ။ သောက်တော်ရေ (သို့) ရေနွေး ကြမ်းတစ်ခွက်စီချ၍ ကပ်လှုပေးပါ။
ကပ်လှုထားသော ပန်းကန်၂ ခုထဲတွင် အချိူပွဲပါစုပုံပြီး ကပ်လှုပါ။မိမိ ထမင်းစားပြီးဆုံးပါက မြတ်ဗုဒ္ဓနှင့်ရဟန္တာများ အရိယာဝိဇ္ဇာ ဓမ္မဝိဇ္ဇာတို့အတွက် အလှုဒါနပြုထားသော ပန်းကန်များကိုကိုင်ပြီး မြေကြီး အလွတ်တစ်နေရာ မြေပြင်ပေါ်တွင် ဘာမှမခင်းရပါ ။ ” သစ္စာ ” ပြုကာ တပည့်တော် တစ်ခါမှ မလှူဒါန်းဖူးသော အလှုဒါနကို လှုဒါန်းပါ၏ ။ ဘုရားတပည့်တော်သည် မြေကြီးပေါ်မှာနေ မြေကြီးပေါ်မှာစား၊ မြေကြီး ပေါ်မှာ ကျင်ကြီး ကျင်ငယ်စွန့်ကာ နေထိုင်သည့်အတွက် ” အသင်” မြေကြီးသည် ကျေးဇူးကြီးမားလှပါသည် ။ ဤကဲ့သို့ ကျေးဇူးကြီးမားလှသောကြောင့် ” ဤမြေကြီးကို စောင့်ရှောက်နေပါသော ဝသုန္ဒရေ ” မြေစောင့်နတ်မင်း နှင့် မြေကြီးပေါ်တွင်ရှိကြကုန်သော ” ပုရွတ်ဆိတ်” တီကောင် ပိုးကောင်မွှားကောင် အစရှိသော သတ္တဝါ မှန်သမျှတို့သည် ဘုရားတပည့်တော် စားသလိုစားနိုုင်ပါစေ ။ ဘုရားတပည့်တော် ပြည့်ပြည့်ဝဝ စုံစုံလင်လင် သုံးဆောင်ရသလို သုံးဆောင်ရပါစေ။ အေးချမ်းကြပါစေ ။သာယာကြပါစေ ။ ကျန်းမာကြပါစေ ။ ချမ်းချမ်းသာသာ စားသောက်နိုင်ကြပါစေဟု့ “သစ္စာပြု့ဆု့တောင်းကာ ”အရင်ကပ်လှုထားသောထမင်းဟင်း ၂ ပွဲ ရေတို့ကို တဝက်စီခွဲ၍ မြေကြီးပေါ်ပုံပါ ။ အလှုဒါနပြုပါ ။ ဆွေတော်မျိူးတော်အပေါင်းနှင့် မြင်အပ်သော ပုဂ္ဂိုလ် မမြင်အပ်သော ပုဂ္ဂိုလ် ” ဝသုန္ဒရေ ” နတ်မင်း နှင့် (၃၁) ဘုံ သား သတ္တဝါများ စားသုံးတော်မူကြပါ။သုံးဆောင်တော်မူကြပါ။
ဤကဲ့သို့ ကုသိုလ်ကောင်းမှုထူးကို ပြုလုပ်ရပါသောကောင်းကျိူးများကြောင့် “ဘုရားတပည့်တော်( …နာမည်..) သည် ” မြေပိုင်ရှင်ကြီး အိမ်ပိုင်ရှင်” သူဋ္ဌေးကြီး မကြောင့်မကြ မတောင်းတရပဲ ဖြစ်နိုင်ပါစေ။
အမြန်ဖြစ်၍ ဘာသာအကျိူး သာသနာအကျိူးသာသနာပြုနိုင်ပါစေသား” ဟု ဆုတောင်း သစ္စာပြုပါ။ ကျန်တစ်ဝက်ကို မိမိစားပါ။ ရောဂါပျောက်ပါစေ ။ ကျန်းမာပါစေ ။
လာ်လာဘပွင့်ပါစေ ။ ဝင်ငွေတိုးပါစေဟုပြော၍ လက်တွေ့ဆောင်ရွက် လက်တွေ့ အကျိူးပေးသောကြောင့် သေချာဆောင်ရွက်ပြီးအဓိဋ္ဌာန် လုပ်ကြည့်ကြပါ။ အစစအရာရာ အဆင်ပြေ၍ အောင်မြင်လာပါလိမ့်မည်။
Ref : Apyolay
Photo Credit : zillow
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties