By Ra Wai, Shweproperty.com
Updated at 30 June 2020
“ပစ္စည်းလွဲပြောင်းခြင်းအက်ဥပဒေ “ ကို မြန်မာတစ်နိုင်ငံလုံးတွင် ၁၉၂၂ ခုနှစ်တွင် စတင်၍ အတည်ပြုခဲ့သည်။ ထိုနှစ်မှစ၍ မရွှေ့ပြောင်းနိုင်သော ပစ္စည်းတစ်စုံတစ်ရာကို ပေးကမ်းလိုလျှင် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ အရ ပြုလုပ်ကြရသည်။ ၎င်းအက်ဥပဒေ ပုဒ်မ ၁၂၂ နှင့် ၁၂၃ အရ မရွှေ့ပြောင်းနိုင်သော ပစ္စည်းကို ပေးကမ်း လိုလျှင် -
၁။ စာချုပ်စာတမ်း ပြုလုပ်ရမည်။
၂။ အနည်းဆုံး သက်သေနှစ်ယောက် လက်မှတ်ထိုးရမည်။
၃။ ပစ္စည်းရသူ သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်က ပေးကမ်းခြင်းကို သဘောတူ လက်ခံကြောင်း လက်မှတ်ရေး ထိုးရမည်။
၄။ စာချုပ်ကို မှတ်ပုံတင်ရမည်။ ( မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၁၇ )
စိန်၊ ရွှေ အစရှိသော ရွှေပြောင်းနိုင်သည့်ပစ္စည်းများကို ပေးကမ်းလျှင် အထက်၌ ဖော်ပြသကဲ့သို့ စာချုပ်စာတမ်း ပြု လုပ်၍ ပေးရန်မလိုပေ။ လက်ရောက်ပေးပါက တည်မြဲခိုင်မာပေသည်။
မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းတစ်ခုခုကို “ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ” နှင့်အညီ အထက်ပါ အတိုင်းမှတ်ပုံ တင်စာချုပ် မပြုလုပ်ဘဲ ပေးကမ်းလျှင် တရားမဝင်။ ပစ္စည်းရသူသည် မှတ်ပုံတင်စာချုပ်မရှိဘဲ ပစ္စည်းကို တောင်းဆိုပိုင်ခွင့်မရှိပေ။ “ မောင်ပုနှင့် ဦးသာဖြေ ( ၁၉၄၈ မတစ ၇၁၇ ) “ ။
မရွှေ့ပြောင်းနိုင်သောပစ္စည်းကို အထက်၌ ဖော်ပြသကဲ့သို့ စာချုပ်ပြုလုပ်၍ ပေးကမ်းလျှင် လက်ရောက်ပေးအပ် ရန် မလို။ “ ဦးပဏ္ဍဝံ နှင့် ဦးစန္ဒိမာ ( ၂ ရန်ကုန် ၁၃၁) “။
မြန်မာဗုဒ္ဓဘာသာများသည် ဘာသာရေးအတွက် မရွှေ့ပြောင်းနိုင်သောပစ္စည်းကို လှူဒါန်းလျှင်လည်း စာချုပ်စာ တမ်းလုပ်ရန် လိုအပ်ကြောင်း စီရင်ထုံးများ၌ တညီတညွတ်တည်း ပြဆိုသည်။ “ ဦးဟန်ထွန်းပါ ၄ နှင့် ဦးစံမြ ပါ ၁၁ ( ၁၉၉၈ မတစ ၂၈၆ )”။
မိခင်ဖြစ်သူသည် သားသမီးငါးယောက်အနက် သုံးယောက်အား လယ်ယာမြေများကို စာချုပ်ပြုလုပ်၍ ပေး သည်။ စာချုပ်တွင် ပေးသူမိခင် သေဆုံးသောအခါ အတည်ဖြစ်ရန်ဆိုသော စည်းကမ်းချက်တစ်ခုပါရှိသည်။ ထို စာချုပ်မှာ အပေးဟန်ဆောင်၍ သေတမ်းစာရေးခြင်းမျှဖြစ်သောကြောင့် ပျက်ပြယ်သည်ဟု ဆုံးဖြတ်သည်။” မသင်းမြိုင် နှင့် မောင်ကြီး ( ၁ ရန်ကုန် ၃၅၁ ) “ ။
(ဦးမြစိန် ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအခြေခံမူများ ၊ စာ ၂၀၉) ။ ဓာတ်ပုံ - အင်တာနက် ။
Ref & Photo Credit: DVB lwalab
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties