By Yangon Times, Shweproperty.com
Updated at 16 September 2016
မြေဂရန်လျှောက်ခြင်း၊ ပိုင်ဆိုင် မှုကြေညာခြင်း စသည့်မြေယာစီမံခြင်း များကို မြို့တော်ခန်းမ၌ လာရောက် လျှောက်ထားရန်မလိုတော့ဘဲ ဧပြီ ၁ရက်မှစတင်ကာ အွန်လိုင်းမှလျှောက် ထားနိုင်ပြီဖြစ်သော်လည်း လက်ရှိအ ချိန်အထိ လျှောက်ထားသူ နည်းပါး နေကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှသိရသည်။
''အွန်လိုင်းကနေ မြေဂရန်လျှောက် ထားတာကို ယခုလ ၁ရက်နေ့က စတင် ဆောင်ရွက်နေပေမယ့် လျှောက်ထား သူ နည်းနေသေးတယ်။ သင်္ကြန်ပိတ် ရက်တွေနဲ့လဲ တိုက်ဆိုင်နေလို့ပါ။နောက်ပိုင်းမှာတော့ တဖြည်းဖြည်းသိ လာပြီး အွန်လိုင်းကနေ လျှောက်လာ နိုင်မှာပေါ့''ဟု ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ ကော်မ တီဝင်တစ်ဦးက ပြောသည်။
အွန်လိုင်းမှ မြေယာစီမံမှုလျှောက် ထားနိုင်သည့် မြို့နယ်များမှ ဒဂုံမြို့ သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင် ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံ မြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ ရန်ကင်း၊ သာကေတ၊ မင်္ဂ လာတောင်ညွန့်၊ ဆိပ်ကြီးခနောင်တို၊ ဒေါပုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂ လာဒုံ၊ မရမ်းကုန်း၊ အင်းစိန် စသည့် မြို့နယ် ၁၇ မြို့နယ်ဖြစ်ကြောင်း သိ ရသည်။
အွန်လိုင်းမှ မြေယာစီမံခြင်းများ ကိုလျှောက်ရန် www.ycdc.gov.mm ကိုဝင်ရမည်ဖြစ်ပြီး အွန်လိုင်းဝန် ဆောင်မှုတွင် အိမ်ခြံမြေဂရန်ကိုရွေး ၍ လျှောက်လွှာတွင် မြေပုံကူး၊ လျှောက် ထားလိုသည့်ကိစ္စကိုရွေးကာ မြေပုံကူး လျှောက်ထားခြင်းလျှောက်လွှာပုံစံ အချက်အလက် များဖြည့်ရမည်ဖြစ် သည်။ အီးမေးလ်လိပ်စာရှိပါကလည်း ဖြည့်စွက်ပေးရန်လိုအပ်ကြောင်း သိ ရသည်။
ထို့နောက် လိုအပ်သည့်စာရွက် စာတမ်းများအား scan ဖတ်ပြီး attach ဖိုင်တွဲကာ ပို့ပေးရမည်ဖြစ်သည်။ အ ထက်ပါအချက် အလက်များအားလုံး ပြည့်စုံပါက လျှောက်ထားပါသည်ကို နှိပ်လိုက်လျှင် ဌာနမှပေးသော တိုကင် နံပါတ်ကိုရရှိမည်ဖြစ်ကြောင်း သိရ သည်။
ဌာနမှ အီးမေးလ်၊ SMS ပေးပို့ ပြီး အကြောင်းပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။ တိုကင်နံပါတ်လက်ခံရရှိ သည်နှင့် မူရင်းနှင့်တိုက်ဆိုင်စစ်ဆေး ရန် မြို့တော်ခန်းမသို့ လာရောက်ရန် အကြောင်းကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။
''လျှောက်ထားသူအနေနဲ့ ဌာန က လိုအပ်တာတွေ စစ်ဆေးပြီးရင် မြို့တော်ခန်းမမှာ ဝန်ဆောင်ခပါ တစ် ပါတည်း ပေးသွင်းနိုင်ပါတယ်။ တစ်ပါ တည်းမပေးသွင်းနိုင်ရင်လဲ လျှောက် ထားတဲ့မြို့နယ်က နီးစပ်ရာမြို့တော် စည်ပင်ဘဏ်ခွဲတွေ၊ ဒါမှမဟုတ် ဧရာ ဝတီဘဏ်ခွဲတွေမှာ တိုက်ရိုက်ပေးသွင်း နိုင်ဖို့ ငွေသွင်းချလန်အမှတ်ကို အွန် လိုင်းကနေ အကြောင်းကြားပေးမှာ ပါ''ဟု ¤င်းကဆက်လက်ပြောဆိုသည်။
ဌာနလုပ်ထုံးလုပ်နည်းအရ စိစစ် ဆောင်ရွက်ပြီး သတင်းစာကြေညာရန် လိုအပ်သည့်လျှောက်ထားမှုများအ တွက် ဌာနမှတာဝန်ယူကြေညာသည့် သတင်းစာကြေညာခငွေကို ဌာနတွင် လာရောက်ပေးသွင်းရမည်ဖြစ်သည်။
သီးခြားသတင်းစာကြေညာရန် လိုအပ်ပါက ဌာနမှပေးသည့်ကြော်ငြာ ပုံစံနှင့် သက်ဆိုင်ရာသတင်းစာတိုက် များတွင် ကာယကံရှင်ကိုယ်တိုင် ငွေ ပေးသွင်း၊ သတင်းစာကြေညာထည့် သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး သတင်း စာပါပြီး နောက်ရက်တွင် ယင်းသတင်း စာများအား ဌာနသို့မပျက်မကွက်ပြန် လည်ပေးပို့ပေးရမည်ဖြစ်ကြောင်း သိ ရသည်။
အွန်လိုင်းဖြင့်မြေယာစီမံမှုလျှောက် ထားခြင်းများအပေါ် ဌာနမှစိစစ်ခွင့် ပြုပြီးပါက လျှောက်ထားသည့်မြေပုံ ရာဇဝင်ကို ဌာနတွင်ကိုယ်တိုင်ထုတ် ယူခြင်း (သို့မဟုတ်) လျှောက်ထားစဉ် တိုကင်အမှတ်ဖြင့် သက်ဆိုင်ရာမြို့ နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးများတွင် ထုတ်ယူနိုင်မည်ဖြစ်သည်။ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူးရုံးများရှိ ဌာနမှသတ်မှတ်ထုတ်ပေး ထားသောစာရွက်ဖြင့်သာ ခွင့်ပြုထား သော မြေပုံ၊ မြေရာဇဝင်ကိုထုတ်ယူ ပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သိရသည်။
Ref : Yangon Times
Photo Credit : luminous
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties