By Winningland, Shweproperty.com
Updated at 25 November 2017
ဆရာ့ရှင့်… ကျွန်မ မနီနီပါ ။ ဒီနှစ်ထဲမှာ အကျိုးဆောင်ဖိုု. အလုုပ်တစ်မျိုး ရခဲ့ပါတယ်။ တောင်ဒဂုံု အမှတ် (၂၄) ရပ်ကွက်ထဲက မြေကွက် နှစ်ကွက်ကိုု ဂရန်လေ ျှာက်ပေးခဲ့ရပါတယ်။ ပိုုင်ရှင်က တစ်ယောက်တည်းပါ။ သူဝယ်ထားတာကတော့ တစ်နေရာစီကပါ။ ဆက်စပ်စာချုပ်တွေလည်း ပြည့်စုံုပါတယ် ၊ ပါမစ်တွေကလည်း မှန်ကန်တယ်လိုု. ကျွန်မ သိရပါတယ်။ ဒါကတော့ ကျွန်မသိသလောက် ပြောရတာပါ။
ဂရန်တွေလည်း ကျလာတော့ တစ်ကွက်က အေးအေးဆေးဆေးနဲ. အဆင်ပြေသွားပြီး ကျန်တဲ့ တစ်ကွက်ကတော့ ဘာကြောင့်ရယ် မသိပါဘူး ၊ ဂရန် ကျမလာဘူးလိုု.ပဲ ပြောရမယ် ။ မြို.တော်စည်ပင် ကိစ္စတွေကိုု ဆောင်ရွက်ပေးတာကလည်း ကျွန်မတိုု.သူငယ်ချင်းတွေ ပါပဲ။ သူ.ကိုုမေးတော့လည်း ရမှာလိုု. ပြောပါတယ်။ဒီလိုုမျိုးရော ဖြစ်တတ်ပါသလား ဆရာ။ ရှင်းအောင် ပြောပြပါဦး ။ ကျွန်မတိုု. နားလည်လောက်အောင်ပေါ့ ဆရာ။
မနီနီ… မေးတဲ့ကိစ္စက အရေးကြီးတဲ့ကိစ္စတွေပါ။ အကျိုးဆောင်တွေအတွက် အရေးကြီးသလိုု မြေဝယ်ရောင်းလုုပ်တဲ့သူတွေလည်း သတိကြီးစွာထားရမယ့် ကိစ္စတစ်ခုု ဖြစ်နေပါတယ်။
လွယ်လွယ်ပြောတတ်တဲ့ ပွဲစားအချို.ကလည်းရပါတယ် ဆရာရယ် ၊ ကိုုယ်ဘက်က ဒီလောက် ခိုုင်လုံုတာပဲ၊ ဘာလိုုသေးလဲလိုု. ပြေကြမှာပါ။ ဝယ်သူနဲ. အကျိုးဆောင်ကြီးတိုု. နားလည်သဘောပေါက်ရင်တော့ အကောင်းဆုံုးပါပဲ ။
ပါမစ်
ပါမစ်ရဲ. အနက် အဓိပ္ဗာယ်ကိုု သေချာ မသိကြရင် ရှေ.ဆက်ပြောလိုု. မလွယ်တာမိုု. ပါမစ်ကိုု ဆရာ နားလည်သလိုု ရှင်းပါမယ်။
လယ်မြေ ၊ ယာမြေ ၊ ရွာမြေက စလိုု. ဘာမြေမျိုးပဲ ဖြစ်ပါစေ နိုုင်ငံတော်ရဲ. မြေယာဥပဒေ တစ်ခုုခုုရဲ. လုုပ်ပိုုင်ခွင့်အရ “လူနေမြေ(မြို.မြေ)” အဖြစ်ကိုု ပြောင်းလဲခွင့်လည်းရှိပြီး ဖြစ်ရမယ် ၊ ဂရန်ကိုုလည်း
မလေ ျှာက်ထားကြရသေးတဲ့မြေ အားလုံုးကိုု “ပါမစ်မြေ” လိုု. ဆရာ နားလည်သလိုုပြောလိုုက်ပါမယ်။
ဒါဆိုုရင် “ဂရန်” ထွက်နိုုင်စရာ အလားအလာ ရှိတဲ့မြေတွေအားလုံုးဟာ “ပါမစ်” တွေနဲ. နေကြရတာပါ။ တရားဝင် ခွင့်ပြုထားခြင်း မရှိပေမဲ့လည်း အဲဒီ ပါမစ် တွေကိုု ရောင်းဝယ်နေကြတာပဲ။
အဲဒီ “ပါမစ်” ရယ် ၊ ဆက်စပ်စာချုပ်တွေရယ်က ကိုုက်ညီမှုု မရှိကြရင် ဂရန် ဆိုုတာ ဖြစ်လာမှာ မဟုုတ်သေးဘူးပေါ့။
ဥပမာ-၁ ။ ခိုုင်လုံုတဲ့ ဆက်စပ်စာချုပ်တွေ အပြည်အစုံုရှိပါစေ။ လေ ျှာက်ထားသူကလည်း အကြောင်း ခိုုင်လုံုပါတယ်၊ ဒါပေမဲ့ ပါမစ် မူရင်း ပျောက်ဆုံုးနေပါတယ် ဆိုုရင်လည်း ကြန်.ကြာမယ့် ကိစ္စတစ်ခုုပါပဲ။
ဥပမာ-၂ ။ ပါမစ်လည်း မှန်တယ် ၊ အရောင်းအဝယ် ဆက်စပ်စာချုပ်တွေကလည်း မှန်ကြပေမဲ့ အရောင်းအဝယ်ဆက်စပ် စာချုပ်တွေမှာက ဝယ်သူ နှစ်ဦး ဖြစ်နေပြီး ဂရန် လေ ျှာက်ထားရာမှတော့ တစ်ဦးတည်းကသာ လေ ျှာက်ထားရင် ဂရန်ကျလာမယ် မဟုုတ်ဘူးလိုု. သိထားပါတယ်။
ဥပမာ-၃ ။ ဥပမာ ၂ ရဲ. အလားတူပဲ အစစ အရာရာ မှန်ကန်ကြပေမဲ့ ဆက်စပ်စာချုပ်မှာက ရောင်းသူ ဝယ်သူ တစ်ဦးတည်း ရှိပြီး ဂရန်လေ ျှာက်တော့မှ နှစ်ဦး နာမည်နဲ. လေ ျှာက်ထားလာမယ် ဆိုုရင်လည်းကြန်.ကြာနေမှာပါ။
ဥပမာ-၄ ။ ပေ ၂၀ X ၆၀ တစ်ကွက်ကိုု လူတစ်ဦးက ဝယ်ပါတယ်။ နောက်ပေ ၂၀ X ၆၀ ကိုုပဲ ထိုုသူနဲ. အခြားသူတစ်ဦးက ပေါင်းပြီး ဝယ်ပါတယ်။ ပြီးတော့ ထိုုပေ ၂၀ X ၆၀ နှစ်ကွက်ကိုု ပေါင်းပြီး ပေ ၄၀ X ၆၀ ဂရန်လေ ျှာက်တဲ့အခါမှာ တစ်ဦးတည်း နာမည်နဲ. လေ ျှာက်ထားရင်လည်း ကြန်.ကြာသွားမယ့် ကိစ္စမျိုးပါပဲ။
ဥပမာ-၅ ။ ကိုုယ်ဝယ်စဉ်တုုန်းကတော့ ပေ ၃၀ X ၆၀ မြေကွက်လှလှပပခြံလေး ခတ်ပြီးရောင်းတာ။ ဂရန် တင်မယ်လိုု. ပါမစ်ကိုု သေချာကြည့်လိုုက်တော့ ပေ ၂၀ X ၆၀ ဖြစ်နေတယ် ၊ ပေ ၁၀ X ၆၀ က ပထမ ပိုု်င်ရှင်ကနားလည်မှုုယူထားတဲ့ ကျုးကျော်မြေ ဖြစ်နေရင်လည်း ဂရန် လေ ျှာက်တော့ ခက်ရမှာပါပဲ။
ဥပမာ-၆ ။ ပါမစ်မြေက ပေ ၂၀ X ၆၀ ကိုုနှစ်ဦးစပ်ဝယ်ကြတယ်။ တစ်ဦးဦးက ပေ ၁၀ X ၆၀ စီ ဂရန်လေ ျှာက်ကြတာမျိုးတွေမှာလည်း ဂရန်ချထားမပေးဘူးလိုု. သိဖူးပါတယ်။
ဥပမာ-၇ ။ ပါမစ်မှာက ပေ ၄၀ X ၆၀ ။ မူလပိုုင်ရှင်က ပေ ၁၀ X ၆၀ ပေါ ်မှာ အိမ်ဆောက်နေပြီး ကျန်ပေ ၃၀ X ၆၀ ကိုု သပ်သပ်ရပ်ရပ် ခြံခတ် ရောင်းလိုု.ဝယ်ခဲ့ပြီး ဂရန်လေ ျှာက်တော့မှ ပိုုင်ရှင်က သူ.ပေ ၁၀ X ၆၀ ကိုု ထည့် မလေ ျှာက်ချင်ဘူးတဲ့ ။ ပါမစ် ဆိုုတော့ ရောင်းချရင် လွယ်လိုု.တဲ့ ။ ဒါမျိုးမှာ ကိုုယ်ဝယ်တဲ့ ပေ ၃၀ X ၆၀ ကိုုပဲ ဂရန် လေ ျှာက်လိုုက်လိုု.လည်း မရပါဘူးခင်ဗျာ ။
ဥပမာ- ၈ ။ အမွေဆက်ခံလွှာ ၊ကျမ်းကျိန်လွှာတိုု.နဲ.လည်း ဂရန်ကိုုဆက်စပ်၍ လေ ျှာက်ထားနိုုင်ပါတယ်။ သိုု.သော်လည်း အဲဒီ အမွေဆက်ခံလွှာနဲ. ကျမ်းကျိန်လွှာတိုု.က ခိုုင်လုံုခြင်း ရှိဖိုု.တော့ လိုုပါတယ်။
ဥပမာ-၉ ။ ဂရန် လေ ျှာက်ထားတဲ့ “ပါမစ်မြေ” နဲ. ပတ်သက်ပြီး အမှုုအခင်း တစ်စုံုတစ်ရာ ရှိနေတာမျိုးနဲ. အကြောင်းကြောင်းကြောင့် ကန်.ကွက်စာ တင်သွင်းထားခြင်းတိုု. ရှိနေပြီ ဆိုုရင် အဲဒီ “ပါမစ်” က ဂရန် ဖြစ်လာနိုုင်မှာ မဟုုတ်သေးပါဘူး။
အဲဒီ အချက်တွေကိုု သေချာ ဖတ်ကြည့်လိုုက်ရင်တော့ လေ ျှာက်ထားမယ့် ဂရန်အတွက် မှန်ကန်တဲ့ ပါမစ် ဖြစ်ရမယ် ၊ ဆက်စပ်စာချုပ်များခိုုင်မာရမယ် ဆိုုတာနဲ.လေ ျှာက်ထားသူတိုု.ရဲ. ဆက်စပ်မှုုများလည်း ခိုု်င်မာဖိုု. လိုုတယ် ဆိုုတာ သိသာစေပါတယ်။
ဒါကြောင့် ဂရန် မထွက်သေးဘဲ ပါမစ်ကိုု ဝယ်ပြီး ဂရန်လေ ျှာက်ထားကြမယ့် ပုုဂ္ဂိုလ်များ ၊ ဝယ်ရောင်းများနဲ. မနီနီ တိုု.လိုု အိမ်ခြံမြေ အကျိုးဆောင်ကြီးများက သေချာ လေ့လာ မှတ်သားကြပါလိုု. တိုုက်တွန်းရင်းနဲ. အကြောင်းပြန်စာ ရေးလိုုက်ပါတယ်။
Ref : Winningland
Photo Credit : Google Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties