By Myanmar Builders Guide, Shweproperty.com
Updated at 14 August 2019
မှန်တွေက အံသြဖွယ်တွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ သင်ယုံကြည်ပါသလား?
မှန်ကို သေချာအသုံးပြုမယ်ဆိုရင် အိမ်ခန်းကို တောက်ပနေအောင် ပြုလုပ်ပေးနိုင်သလို အိမ်ထဲကို ကောင်းမွန်တဲ့ စွမ်းအင်တွေ ရောက်ရှိလာအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။
ဒါပေမဲ့ အိမ်ရဲ့ ဘယ်လိုနေရာတွေမှာ မှန်တွေကို အလှဆင်ရမလဲဆိုတာကိုတော့ သေချာသိဖို့ လိုပါမယ်။
အောက်ပါနည်းအတိုင်း မှန်တွေကို ထားရှိပေးမယ်ဆိုရင် သင့်အိမ်ထဲမှာ ကောင်းမွန်တဲ့ စွမ်းအားတွေ ရှိနေမှာပါ။
(၁)အိမ်တံခါးရဲ့ အဝင်လမ်းမှာ
အဝင်တံခါးနားမှာ မှန်ကို ထားရှိခြင်းအားဖြင့် အလင်းရောင်ပိုမိုရရှိနိုင်သလို အိမ်ကနေ မထွက်ခွာခင်မှာ ကိုယ့်ရဲ့အနေအထားကို စစ်ဆေးဖို့အတွက်လည်း အဆင်ပြေပါတယ်။ဒါပေမဲ့ တံခါးနဲ့ မျက်နှာချင်းဆိုင်မှာ မထားမိဖို့တော့ သတိထားရပါမယ်။
(၂)မှန်နှစ်ခုကို မျက်နှာချင်းဆိုင်ထားရှိပါ။
ကြီးမားတဲ့ မှန်နှစ်ချပ်ကို မျက်နှာချင်းဆိုင် ထားရှိမယ်ဆိုရင် အိမ်ခန်းကို ပိုပြီးခမ်းနားစေသလို အလင်းရောင်များများရရှိပြီး နေရာကျယ်သလို ထင်ရစေပါတယ်။မှန်နှစ်ချပ် အချင်းချင်း အလင်းပြန်တဲ့ သဘောက စိန်ခေါ်မှုတွေကို အောင်မြင်မှုတွေနဲ့ ရင်ဆိုင်နိုင်မယ်လို့ ဆိုပါတယ်။
(၃)မီးလင်းဖိုအပေါ်ဘက်
ဖုန်းရွှေပညာအရ အသင့်တော်ဆုံး နည်းလမ်းကတော့ မီးလင်းဖိုရဲ့ အပေါ်မှာ မှန်ကို ထားရှိခြင်းပဲ ဖြစ်ပါတယ်။ဒီလိုထားရှိခြင်းက အေးချမ်းငြိမ်သက်ခြင်း စွမ်းအားကို အိမ်ထဲမှာ ပျံနှံ့စေပြီး မိသားစုတွင်း ခိုက်ရန်ဖြစ်ပွားမှုမရှိအောင် ကာကွယ်ပေးပါတယ်။
(၄)ထမင်းစားခန်း
ထမင်းစားခန်းနံရံမှာ မှန်ကြီးကြီးတစ်ချပ်ကို ချိတ်ဆွဲပေးထားမယ်ဆိုရင် မီးဖိုချောင်မှာ အစားအစာတွေ ပေါများပြီး ကြွယ်ဝချမ်းသာမှုတွေကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ အယူအဆရှိပါတယ်။ သိပြီးသားဖြစ်တဲ့အတိုင်း အခန်းကို ပိုကျယ်တယ်လို့လည်း ထင်ရစေပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties