By Tawthu, Shweproperty.com
Updated at 19 December 2018
အစဉ်ရှောင်ကြဉ်ကြရမည့် ဘုန်းကံနိမ့်စေ လာဘ်ပိတ်စေသော အလေ့ဆိုးများ
၁။ ဘုရားခန်းတွင် လင်မယားနှစ်ယောက်မအိပ်ရ
၂။ ယောကျၤား၏ညာဘက်တွင်မိန်းမ မအိပ်ရ
၃။ နံနက်၄ ခွဲမှ ၆ နာရီအတွင်းတွင် သာသနာစောင့်နတ် နတ်မင်းကြီးလေးပါးသည်လူအများ၏ ကောင်းမှုမကောင်းမှုကိုကြည့်ရှုသောအချိန်ဖြစ်သည်။ ထိုအချိန်တွင်မေထုန်မှီဝဲမှုကို အထူးရှောင်ကြဉ်ရမည်။
၄။ မိမိအိပ်သော ခုတင်ထက် သို့မဟုတ်အိပ်ရာထက်မြင့်သော နေရာတွင် ထဘီတန်းမပြုလုပ်ရ။ သားသမီး ခေါင်းရင်း မိဘခြေရင်းတွင် မနေရ မအိပ်ရ
၅။ မိမိအိပ်ရာခင်းနှင့်ပုဆိုးစောင်များကို မိမိအိပ်သော ခေါင်းအုံးပေါ်တွင် တင်၍မထားရ
၆။ မိမိနေထိုင်ရာထက်မြင့်သော နေရာတွင်ဖျာ မွေ့ရာ စောင်များ လှမ်းခြင်းမပြုလုပ်ရ
၇။ မိမိအိမ်ရှေ့အပေါက်ဝတွင် မေးကို လက်ဆထာက်ပြီးမထိုင်ရ မမှိုင်ရ
၈။ မိမိအိမ်ရှေ့တံခါးအပေါက်ဝတွင် ဆံပင်ဖားလားချ၍ သန်းဥ မဆွဲရ
၉။ မိမိအိမ်ရှေ့တံခါးပေါက်ဝတွင် ကလေးများ မစင်မစွန့်ရ
၁၀။နံနက်အိပ်ယာထ မင်္ဂလာယူသောအချိန်၌ အော်ဟစ်ဆေးရေးတိုင်းထွာခြင်းမလုပ်ရ
၁၁။ နံနက်စောစောအိပ်ရာထ မျက်နှာသစ်ရာတွင် လည်ချောင်းထဲမှ သလိပ်များကို မရရအောင် အသံကျယ်လောင်စွာပြု၍ အော့….အော့….အော့ ဟု မလုပ်ရ
၁၂။ ကျွဲခတ်သော အဝတ် မီးလောင်ထားပြီးသော အဝတ်လေပွေဖြင့်လွင့်ပါလာသော အဝတ် ကြွက်ကိုက်ထားသောအဝတ် ၎င်းအဝတ်များကို လူတို့မဝတ်ကောင်း
၁၃။ အိမ်ပေါ်တွင်လမ်းလျှောက်လျှင် ခြေသံပြင်းပြင်း မလျှောက်ရ အိုးခွက် ပန်းကန် မစ္စည်းများကို အသံမြည်အောင် ကြမ်းတမ်းစွာ မပြုလုပ်ရ
၁၄။ ထမင်းစားလျှင် ထမင်းပန်းကန်များကို လှည့်၍ လှုပ်၍ မစားရ ငြိမ်သက်စွာ ညီညာစွာထားပြီးမှစားရမည် ထမင်းစားခုံကိုလက်ထောက်၍မစားရ
၁၅။ ထမင်းစား၍သော လည်းကောင်း အခြားအစားစာများစား၍သော လည်းကောင်းစားရာတွင် ပါးစပ်မှ ပလပ်…ပလပ် မည်အောင် ခွေးများ ထမင်းရည်သောက်သကဲ့သို့ အသံမမြည်စေရ
၁၆။ လမ်းလျှောက်စဉ်..ထမင်းနှင့်အခြား စားသောက်ဖွယ်ရာများကို မစားရ
၁၇။ မိမိအိမ်ရှေ့ အပေါက်ဝကို ကျောခိုင်းပြီး မထိုင်ရ
၁၈။ နံနက်စောစောနှင့် ညဘက်များတွင် လက်ဆစ် ခြေဆစ် များ မချိုးရ
၁၉။ နံနက်စောစော နှင် ညဘက်တွင် လေမချွန်ရ။
မိမိသိသော အရာလေးများကိုဝေမျှလိုက်ပါတယ်။
Ref & Photo Credit : Tawthu
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties