By Wunyan, Shweproperty.com
Updated at 4 February 2019
၁။ အိမ်ရှေ့၌ ငှက်ပျေားပင် မစိုက်အပ်။
၂။ ရေစိုအဝတ်များကို ညအချိန် သစ်ပင်ပေါ် အဝတ်တန်းပေါ် မထားရ။
၃။ ကိုယ်ဝန်ဆောင်များ အပြောဆိုမကြမ်းရ။
၄။ လက်ဖက်သုတ်စားပြီး ကလေး၏ ပါးကိုမနမ်းရ။
၆။ ကတ်ကြေး၊ ကွမ်းညှပ်၊ ဓား စသည်တို့ကို ညှပ်စရာမပါပဲ မညှပ်ရ၊ မဖြတ်ရ။
၇။ အိမ်ပေါ်၌ ဇယ်မခုတ်ရ။
၈။ အိမ်သားတစ်ဦး နေမကောင်းဖြစ်စဉ် ခေါင်းမလျှော်ရ။
၉။ ယောက်မနှင့် ထမင်းအိုးနှုတ်ခမ်း မရိုက်ရ။
၁၀။ စလောင်းဖုံးကို ဖိုခနောက်ပေါ် မအုပ်ရ။
၁၁။ မီးဖိုမှာ လူနှစ်ယောက်ပြိုင်တူ မီးမမှုတ်ရ။
၁၂။ ညောင်သားကို မီးမစိုက်ရ။
၁၃။ ကျောက်နီလက်စွပ်ကို နှစ်ကွင်းထပ်မဝတ်ရ။
၁၄။ ဖိနပ်ချွတ်သောနေရာတွင် ထီးမထားရ။
၁၅။ အရေးကြီးသော ကိစ္စများပြောစဉ် ဖိနပ်ထိပ်ဦး အား ထီးထိပ်ချွန်နှင့်ထောက်၍ စကားမပြောရ အစီစဉ်ပျက်တတ်သည်။
၁၆။ ဖျာကို ခေါင်းရင်းမှစပြီး လိပ်၍သိမ်းပါ။
၁၇။ ဖျာလိပ်ကို အမြင့်ပေါ်မတင်ရ။
၁၈။ တိုင်ကပ်နာရီကို အိမ်ခြေရင်းတွင် မချိတ်ရ။
၁၉။ မိဘတို့၏ဖိနပ်ကို မနင်းရ။
၂၀။ ဓာတ်ခဲအဟောင်းများ အိမ်တွင်မထားရ။
၂၁။ အိမ်၏မျက်နှာစာတွင် ထမင်း ချက်ပြုတ် မစားရ။
၂၂။ အိမ်ရှိကြည့်မှန်များ မကောင်းသော ပုံရိပ်များထင်ဟပ်သောနေရာတွင် မချိတ်ရ။
၂၃။ အိမ်ရှေ့တွင် ငြုပ်သီးပင်မစိုက်ရ။
၂၄။ ထမင်းပန်းကန်များအတွင်းသို့ စားပြီးဝါးပြီး အကြွင်းအကျန်များ ထည့်မသိမ်းရ။
Ref & Photo Credit : Wunyan
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties