By ygnnews, Shweproperty.com
Updated at 14 July 2018
ခေတ်ကြီးသည် ၂၀ ရာစုမှသည် ၂၁ ရာစုသို့ရောက်ရှိလာခဲ့ပါပြီ။ အရာရာတို့ သည်လည်းတစ်ခေတ်ပြီးတစ်ခေတ်ပြောင်းလဲခဲ့ကြပါပြီ။ သို့ပါသော်လည်းကျွန်တော်တို့ဘိုးဘွားစဉ်ဆက် ဆိုမိန့်ခဲ့ကြသော အောက်ပါအချက်ကလေးများကတော့ ဘာကြောင့်ပဲဖြစ်ဖြစ် အသက်ဝင်နေဆဲ၊အလေးဂရုပြုရမည့်အရာများ ဖြစ်နေဆဲဖြစ်ပါတော့သည်.........
၁။ အိမ်ရှေ့၌ ဌက်ပျောပင်မစိုက်ကောင်း။
၂။ ကိုယ်ဝန်ဆောင်များသည် အပြောအဆိုမကြမ်းကောင်း။
၃။ လက်ဖက်သုပ်စားပြီးနောက် ကလေးငယ်၏ပါးကို မနမ်းကောင်း။
၄။ ကတ်ကြေး၊ကွမ်းညှပ်၊ဓား စသည်တို့ကို ဖြတ်စရာ ညှပ်စရာ မပါပဲ မညှပ်ကောင်း။
၅။ သစ်ပင်နှစ်ပင်ကြားတွင် အဝတ်လှန်းရန် ဝါးမညှပ်ကောင်း။
၆။ အိမ်တွင် ဇယ်မခုတ်ကောင်း။
၇။ အိမ်သားတစ်ဦးဦး ဖျားနာနေစဉ် ခေါင်းမလျှော်ကောင်း။
၈။ ယောက်မနှင့်ထမင်းအိုးကို မရိုက်ကောင်း။
၉။ စလောင်းဖုံးကို မီးဖိုပေါ်မအုပ်ကောင်း။
၁၀။ မီးဖိုမှာ လူနှစ်ယောက်ပြိုင်တူမီးမမှုတ်ကောင်း။
၁၁။ ညောင်သားကိုထင်းမစိုက်ကောင်း။
၁၂။ ကျောက်နီလက်စွပ်ကို နှစ်ကွင်းထပ်၍ မစွပ်ကောင်း။
၁၃။ ဖိနပ်ချွတ်သောနေရာတွင် ထီးမထားကောင်း။
၁၄။ ဖိနပ်ပေါ်သို့ထီးအချွန်မထောက်ကောင်း။
၁၅။ ဖျာကိုလိပ်ပြီး အမြှင့်၌ မတင်ကောင်း။
၁၆။ နာရီကို ခြေရင်းဘက်တွင် မချိတ်ကောင်း။
၁၇။ မိဘ ကြီးကဲသူတို့၏ ဖိနပ်ကိုမနင်းကောင်း။
၁၈။ ဓာတ်ခဲအဟောင်းများကို အိမ်တွင်မထားကောင်း။
၁၉။ အိမ်၏မျက်နှာစာတွင် ထမင်းဟင်းချက်ပြုတ်၍ မစားကောင်း။
၂၀။ ကွဲအက်နေသော မှန်များ အိမ်တွင်မထားကောင်း။
Ref : ygnnews
Photo Credit : pinterst
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties