By Myanmar Latest News, Shweproperty.com
Updated at 9 February 2019
အိမ်တိုင်းရဲ့ မီးဖိုချောင်မှာ ဟင်းချက်ဖို့အတွက် ဆားဆိုတာ မရှမဖြစ်အရာ တစ်ခုဖြစ်ပါတယ်။ ဆားဟာ ဟင်းချက်ဖို့တင်မကဘူး တခြားအသုံးဝင် လှထဲ့ ထူးခြားထူးခြား အစွမ်းသတ္တိတွေရှိနေပါတယ်။ အိမ်သုံးဆားရဲ့ လက်တွေ့ အသုံးဝင်တဲ့ နည်းလမ်း (၁၃) ချက်ကိုဖော်ပြပေးလိုက်ပါတယ်........
(၁) ကြက်ဥတစ်လုံးကျကွဲပြီး ကြမ်းပြင်ပေါ်မှာ ကြက်ဥအနှစ်တစ်ခုလုံးကျနေ တယ်ဆိုရင် ဖိတ်ကျနေတဲ့ ကြက်ဥအနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ … ပြီးရင် ခဏစောင့်ပါ…. နည်းနည်းကြာရင် ပေခြင်းပွခြင်းမရှိဘဲ ကြက်ဥအနှစ်တွေကို အမှိုက်ဂေါ်နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်….
(၂) စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင်မှာ ဆားရည်ထဲစိမ်ထားပါ… အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်…
(၃) ပန်းကန်စင် စာအုပ်စင် စတဲ့စင်တွေပေါ်မှာ ပုရွက်ဆိတ်တွေတက်နေရင် ဆားဖြူးပေးလိုက်ပါ… ပုရွက်ဆိတ်တွေပြေးသွားပါလိမ့်မယ်….
(၄) ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲစိမ်ထားပါ… ကြေးခွံတွေအ လွယ်တကူ ချွတ်နိုင်ပါလိမ့်မယ်…
(၅) ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေအလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်းငယ်ရောနှောထည့်ထားပါ…
(၆) အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင်ပါတယ်…
(၇) ကြက်ဥတွေကောင်းမကောင်းစမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ခွက်ထဲ စိမ်ကြည့်ပါ…. ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့ တဲ့ကြက် ဥက ပေါလောပေါ်နေပါလိမ့်မယ်…
(၈) ကြက်ဥပြုတ်တဲ့အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်းခပ်လိုက်ပါ… ကွဲနေတဲ့ကြက်ဥတွေက သူ့အခွံထဲမှာပဲ ရှိနေပါလိမ့်မယ်….
(၉) ရှုံ့တွနေတဲ့ပန်းသီးတွေကို ဆားအတော်အသင့်ခတ်ထားတဲ့ရေထဲ စိမ်ထားလိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါလိမ့်မယ်…
(၁၀) မုန့်လုပ်တဲ့ဒယ်ပြားကို ဆားနဲ့ပွတ်ပေးထားရင် မုန့်တွေမကပ်တော့ပါဘူး….
(၁၁) သွားတိုက်တံကို မသုံးခင်ဆားရည်ထဲစိမ်ထားခြင်းဖြင့် သက်တမ်းပိုကြာကြာ အသုံးပြုနိုင်ပါတယ်…
(၁၂) ကော်ဖီအိုးကိုအရောင်ချွတ်တဲ့အခါ ဆားနဲ့ပွတ်ပြီးချွတ်နိုင်ပါတယ်…
(၁၃) ဆားနဲ့ တာပင်တိုင်ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေကို ဖြူအောင်ဆေးနိုင်ပါတယ်..
Posted By : Wai Phyoe
Ref & Photo Credit : Myanmar Latest News
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties