By ဆရာဗေဒင်, Shweproperty.com
Updated at 22 January 2019
မြန်မာလူမျိုး တွေမှာ အိမ်နဲ့ ပက်သက်ပြီး ယုံကြည်တဲ့ ဗေဒင် ရှေးအယူအဆများစွာ ရှိပါတယ်။ ဗေဒင်အရ အိမ်ဆောက်ရက်ရွေးနည်း၊ အိမ်ဆောက်မယ့်လ ရွေးနည်း နှင့် နေအိမ် ခြံဝန်းအတွင်း စီးပွားရေး၊ ကျန်းမာရေး နှင့် မင်္ဂလာရှိစေရန် အတွက် ပြုလုပ်သင့်သည်များလည်း ရှိပါတယ်။ ယုံကြည်မှု၊ မယုံကြည်မှု ဆိုတာထက် ဗဟုသုတ အနေဖြင့်လည်း လေ့လာသိရှိ နိုင်ရန်အတွက်ဖော်ပြပေးလိုက်ပါသည်........
အိမ်ဆောက်ရက်ရွေးနည်း
တနင်္ဂနွေ – ဒုက္ခဆင်းရဲရောက်တတ်သည်။
တနလာၤ - နှစ်လမြောက်တွင် သားသမီးဖွားမြင်သော် ချမ်းသာကြွယ်ဝမည်။
အင်္ဂါ – ဆန်ရေစပါး ပေါများကြွယ်ဝမည်။
ဗုဒ္ဓဟူး၊စနေ – သုခချမ်းသာရမည်။
ကြာသာပတေး – ချမ်းသာကြွယ်ဝမည်။
သောကြာ – သုံးလကြာလျှင် သုခပွားမည်။
အိမ်ဆောက်လရွေးနည်း
တန်ခူးလ– ချမ်းသာကြွယ်ဝမည်။
ကဆုန်လ — ဆန်ရေစပါး ပေါကြွယ်ဝမည်။
ဝါခေါင်လ — ဥစ္စာတိုးပွားမည်။
နတ်တော်လ — ထင်ပေါ်ကျော်စောမည်။
ပြာသိုလ — လူအများချီးမွမ်းမှုရမည်။
တပေါင်းလ — ချမ်းသာကြွယ်ဝမည်။
ကျန်ခြောက်လတွင် ဆောက်ပါကပျက်စီးခြင်းများကြုံရတတ်သည်။
အိမ်ပတ်ဝန်းကျင်တွင်မစိုက်အပ်သောအပင်များ
-အိမ်၏အရှေ့မျက်နှာဘက်တွင် ညောင်၊သပြေပင်များမစိုက်ရ။ စီးပွားပျက်တတ်သည်။
-အနောက်ဘက်တွင် လက်ပံပင်၊ထိန်ပင်-တောင်ဘက်တွင် သျှစ်သျှားပင်၊ဖီးခြမ်းငှက်ပျော၊သဘောၤပင် များ
-မြောက်ဘက်တွင် ထန်းပင်၊ဆန်းပင်၊သဖန်းပင်နှင့် သျှစ်သျှားပင်..
အဆိုပါအပင်များသည် ဖော်ပြပါအရပ်မျက်နှာများတွင်ရှိနေပါက စီးပွားယုတ်မည်။ ရောပါဘယထူပြောမည်။ အိမ်တွင်းအိမ်ပြင် ဆူပူတတ်သည်။ အလိုလျောက်ရှိနေပါကလည်း နှုတ်ပစ်၊ခုတ်ပစ်သင့်ပါသည်။
လို့ ရှေးဟောင်း ဗေဒင် ကျမ်း မူ အရ တင်ပြ လိုက်ရပါသည်။
Written By : ဆရာဗေဒင်
Photo Credit : sonomahomesll
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties