By Social Media, Shweproperty.com
Updated at 26 January 2020
(၁) နံနက်အိပ်ယာထသည်နှင့်တစ်ပြိုင်နက် မျက်နှာသစ်ကာ သွားတိုက်ပီးပါက ဘုရားသောက်တော်ရေလဲ ဆီမီးပူဇော်ပါ၊ဘုရားကျောင်းဆောင် သန့်ရှင်းရေးပြုလုပ်ပါ။
(၂) ဆွမ်းကပ် / ကော်ဖီတစ်ခွက်ကပ်ပါ၊သစ်သီးလှူလည်းရပါတယ်။
(၃) ဂုဏ်တော်တစ်ပါးပွား (သို့မဟုတ်)ကိုးပါးလုံးပွားလည်းရ ၊ ပုတီးစိပ်ရင်ပိုကောင်းပါ၏။
(၄) ကိုယ်လုပ်သောကုသိုလ်တွေကို ကိုယ်စောင့်နတ် အိမ်စောင့်နတ် အလုပ်အကိုင် ရုံးကုမ္ပဏီ စက်ရုံတွေ ဆိုင်တွေမှာစောင့်သောနတ်မြတ်နတ်ကောင်း အားအမျှပေးဝေပါ၊သစ်တံခါးဆရာတော်အစိမ်းစာအုပ်မေတ္တာဝေနည်း ကိုဘဲစဆုံးမေတ္တာပို့ပါတယ်၊ ပြီးရင်သာဓုခေါ် ကြေးစည် သို့မဟုတ် ခေါင်းလောင်းလှုပ်အမျှဝေပါ။
(၅) အိမ်မှာ နံနက်ခင်းစိတ်တိုစရာစိတ်ညစ်စရာ မတွေးဘဲမပြောဘဲမဆဲမိ ,မအော်မိ , မဆူမိအောင် ကြိုးစားပြီးစောင့်ထိန်းပါ၊ လေ့ကျင့်ပါ၊ မေတ္တာ ထားပါ၊ အောင်မြင်ပါမည်။
(၆)''လာဘ်ခေါ်ဂါထာ" ရွတ်ပါ "အရဟံဗုဒေါ္ဓ အရဟံဗုဒေါ္ဓ ဗုဒ္ဓသ ဂုဏတေဇဿ သဗ္ဗသဒ္ဓိ လာဘံမေ ဘာဝိဿတိ" ကို၁၀ ကြိမ်ရွက်ပါ ရွတ်ပြီးပါက အရပ်ရှစ်မျက်နှာ - အရပ်ကိုး မျက်နှာ အရပ်ဆယ်မျက်နှာမှ လာဘ်ဝင်ပါစေ ၊မိတ်ဆွေကောင်းတွေဝင်ပါစေ ၊ငွေဝင်ပါစေ ၊ဘေးရန်ဟုသမျှ ကင်းကြပါစေ ၊ကောင်းသတင်းကြား၍ ကျော်ပါစေဟုအရပ်လေးမျက်နှာကိုအာရုံပြုပြီးပြောပါ။
(၇) နံနက်ချိန်ခါ တေးသံသာ ကျက်သရေမင်္ဂလာသာယာနာပျော်ဖွယ်ဖွင့်ပီးမင်္ဂလာယူပါ ဆရာတော်ကြီးများ၏တရားတော်များဖွင်ြ့ပီး နံနက်စာစားပါတယ်။
သစ်တံခါးဆရာတော်၏မေတ္တာဓာတ်ကိုခံယူကာဆရာတော်၏လုပ်စဉ်များကိုတကယ်ယုံကြည်စွာ လုပ်ကြည့်ပါ၊ဆောင်ရွက်ကြည့်ပါ၊ထူးခြားစေရပါမည်။သစ်တံခါးဆရာတော်၏စာအုပ်ထဲမှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
မနက်တိုင်းအိပ်ယာတော့စောစောထရတာပေါ့နော်၊ အိပ်ယာစောစောထခြင်းကြောင့် မိမိ၏ကိုယ်စောင့်နတ်လည်းမိမိကိုချစ်တဲ့ဓာတ်ကိုရပါတယ်။ အလုပ်သွားရင်လည်းနောက်ကျတာမျိုးမဖြစ်ဘဲ ညဘက်အိပ်ယာဝင်ရင်လည်း တရေးထဲအိပ်ပျော်စေပါတယ်။
အားလုံးဘဲနေအိမ်မှာရော အိမ်သူအိမ်သားအားလုံးကျက်သရေတိုးပါစေ လာဘ်ပွင့်ကြပါစေ၊အဆင်ပြေကြပါစေ အပူအပင်ကင်းအေးကြပါစေ ..........
Ref : Social Media
Photo Credit : Homeonline
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties