By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 2 July 2018
တိုးတက်လာတဲ့နည်းပညာခေတ်မှာ ရှေးအယူအဆတွေကို မယုံကြည်တဲ့သူတွေရှိသလို လိုက်နာကျင့်သုံးလျက်ရှိသူအများအပြားလဲ ရှိနေပါသေးတယ်။ ခေတ်အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းတွေ ဖြစ်တာကြောင့် မြန်မာမှန်ရင် မခက်ခဲလှတဲ့ အယူအဆတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။
ရှေးလူကြီးသူမတွေက အိမ်၊ကျောင်း ဆောက်လုပ်ရာမှာ အောက်ပါအချက်တွေကို မပြုလုပ်ဖို့ ကလေးသူငယ်တွေကို ဆုံးမလေ့ရှိပါတယ်။ ဒီအချက်တွေကို ပြုလုပ်မိခဲ့မယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ပြသာနာတွေ ဖြစ်လာနိုင်ပြီး ကံဆိုးမှုတွေဆက်တိုက်ဖြစ်စေမှာပါ။
အိမ်ဆောက်လုပ်ရာမှာ မပြုလုပ်သင့်တဲ့ အရာတွေကတော့
(၁) တိုင်အဟောင်းကို ပန်းမဆွဲရ။
(၂) ထုပ်မစွပ်ခင် ယက်မ မတင်ရ။
(၃) တိုင်တို (ထောက်တို) ကို ကြမ်းပေါ်သို့ မပိုစေရ။
(၄) ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ။
(၅) ခေါင်လျှောက်ခွတင် မပြီးခင် ကြမ်းမဖောက်ရ။
(၆) တိုင်ထူရာတွင် တိုင်အချင်းချင်းမထိရ။
(၇) အိမ်ဆောက်လုပ်မပြီးစီးခင် ဝန်းမခတ်ရ။
(၈) ထုပ်၊လျှောက်၊ဒိုင်း၊မြှား၊ခါးပန်း တို့ုကို အလယ်တည့်တည့်တွင်မဆက်ရ။
(၉) အမျိုးမတူသော သစ်ချင်းမဆက်ရ။
(၁၀) အိမ်အဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏လျှောက်ကို တင်၍မဆက်ရ။
ခေတ်အဆက်ဆက် အိမ်ဆောက်လုပ်ခဲ့တဲ့ မြန်မာမှု့ပန်းရံဆရာတွေ လိုက်နာခဲ့တဲ့ နည်းလမ်းတွေဖြစ်ပြီး လက်ရှိခေတ်အထိ လိုက်နာကျင့်သုံးလျှက်ရှိတာကြောင့် နှစ်ပေါင်းကြာရှည် တည်မြဲခဲ့တဲ့ ရှေးထုံးကိုလည်း မပစ်ပယ်သင့်သလို ရှေးအယူအဆဗဟုသုတအဖြစ်လည်း သိမှတ်ထားသင့်ပေသည်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Activerain
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties