By ဗေဒင်မေးကြမယ်, Shweproperty.com
Updated at 1 February 2019
တန်ခူး/ကဆုန်လတွင် အိမ်ဆောက်သော် အိမ်သူအိမ်သားများ ကျန်းမာရေးမကောင်းဖြစ်တတ်သည်။ဆေးရုံဆေးပေးခန်းနှင့်ပတ်သတ်ရတတ်သည်။
နယုန်လတွင် အိမ်ဆောက်သော် အခြွေအရံအပေါင်းပေါကြွယ်ဝ၍ မိမိအားအကူညီပေးသောသူပေါ်ပေါက်တတ်၏။ဝါဆိုလတွင် အိမ်ဆောက်သော် ဥစွာပစ္စည်းကြွယ်ဝ၍ စီးပွားတက်၏။
ဝါခေါင်လတွင် အိမ်ဆောက်သော် သားမယားပေါကြွယ်ဝ၏။(မိန်းမရှုပ်တတ်)
တော်သလင်းလတွင်အိမ်ဆောက်သော်မိမိ(သို့) မိမိအိမ်သားတစ်ဦးဦး သေဆုံးတတ်၏။
သီတင်းကျွတ်လတွင် အိမ်ဆောက်သော်အပျက်အစီးများ၍ ဘာလုပ်လုပ်အဆင်မပြေဖြစ်တတ်၏။
တန်ဆောင်မုန်းလတွင် အိမ်ဆောက်သော်ပူပင်နေရတတ်ပြီး မအီမသာဖြစ်၍ စိတ်ပင်ပန်းရတတ်၏။
နတ်တော်လတွင် အိမ်ဆောက်သော်မယားကောင်းရတတ်၏၊ အိမ်ထောင်ရှိပါက မိမိအိမ်ထောင်ဘက်/သားသမီး၏ ကောင်းကျိုးကို ခံစားရတတ်၏။
ပြာသိုလတွင် အိမ်ဆောက်သော်လူချစ်လူခင်ပေါ၏။
တပို့တွဲလတွင်အိမ်ဆောက်သော် မိမိဥစ္စာပစ္စည်းများ ပျောက်ဆုံးတတ်သည်။ရန်သူမျိုး ၅ ပါးကြောင့် ပျက်စီးတတ်၏။
တပေါင်းလတွင် အိမ်ဆောက်သော်ကြွယ်ဝချမ်းသာတတ်၏။
(၇) ရက်သားသမီးအပေါင်း လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ........
Ref : ဗေဒင်မေးကြမယ်
Photo Credit : Newhomesource
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties