By Myanmar Builders Guide, Shweproperty.com
Updated at 22 March 2019
မိမိနေအိမ်အတွင်းဤအချက်များကြောင့် စိတ်ရှုပ်ထွေးမှု များ ဖြစ်စေနိုင်သည်။ထိုသို့မဖြစ်စေရန်ဂရုတစိုက်လုပ်ဆောင်ရမည့် အချက်များအား စုစည်းဖော်ပြထားခြင်းဖြစ်သည်။
(၁)အိမ်တွင် ပစ္စည်းရှုပ်ပွနေခြင်း
စာအုပ်ပုံများ၊ကစားစရာအရုပ်များ၊မလျှော်ရသေးသော အဝတ်များနှင့် မဆေးရသေးသော ပန်းကန်များသည် စိတ်ရှုပ်စရာဖြစ်စေပြီး စိတ်ဖိစီးမှု များစေသည်။
(၂)ဆူညံနေသော တီဗီသံများ
ဆူညံနေသော တီဗီသံများ၊သီချင်းသံများက စိတ်ဖိစီးမှုဖြစ်စေနိုင်သည့် အချက်များဖြစ်သည်။
(၃)အလွယ်တကူစားနိုင်သည့် အစားအသောက်များ
ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝသော ကျန်းမာရေးနှင့် ညီညွှတ်သည့် အစာများသည် စိတ်ဖိစီးမှုသက်သာစေသော်လည်း လွယ်လွယ်စား၍ ရသော အမြန်စာများသည် စိတ်ဖိစီးမှု ပိုဖြစ်လာနိုင်သည်။
(၄)ငွေရှင်းပြေစာများ
စိတ်ရှုပ်ထွေးမှု ၇၅ ရာခိုင်နှုန်းသည် ငွေကြေးအခြေအနေကြောင့် ဖြစ်သည်။ထိုကြောင့်ငွေရှင်းပြေစာအား လွှင့်ပစ်၍မရဘူးဆိုလျှင်တောင် သီးသန့် ထိန်းသိမ်းထားလျှင်ပိုကောင်းနိုင်သည်။
(၅)အိမ်အတူနေသူ
ကိုယ်နှင့် အတူနေသူ အိမ်သားများနှင့် အမြဲသဟဇာတဖြစ်နေရန် မလွယ်ကူချေ။ကလေးများအား ဒေါသထွက်ခြင်း၊ဇနီး၊ခင်ပွန်း ၏ ရန်ဖြစ်ခြင်းများသည်လည်း စိတ်ဖိစီးမှုဖြစ်စေသည့် ကိုယ်ပိုင်အချိန် ရှိရန် ကြိုးစားသင့်ပါသည်။
(၆)မှန်များ
ပုံပန်းသွင်ပြင်အား အမြဲမြင်နေရတာက စိတ်ဖိစီးမှုဖြစ်စေ သောကြောင့် နေရာတိုင်းမှန်အလှဆင် ခြင်းအား ရှောင်ကြဉ်သင့်သည်။
(၇)ရုံးအလုပ်များ ယူလုပ်ရခြင်း
အိမ်တွင် အလုပ်ယူလုပ်ရခြင်းသည် မိသားစုဘဝအား မကောင်းကျိုး သက်ရောက်စေပြီး စိတ်ဖိစီးမှုများ ဖြစ်စေသည်။
(၈)မသိမ်းရသေးသော အိမ်ရာ
ရှုပ်ပွနေသော အိပ်ရာများသည် စိတ်ရှုပ်ထွေးမှုဖြစ်စေနိုင်သည်။ထို့ကြောင့်အိပ်ရာနိုးသည်နှင့် အိပ်ရာသိမ်းသည့် အကျင့်သည် ကောင်းကောင်းမွန်မွန် အိပ်ပျော်စေပြီး နေ့ဘက်တွင်လည်း စိတ်ရှုပ်ထွေးခြင်းကို လျော့ပါးစေနိုင်သည်။
Ref : Myanmar Builders Guide
Photo Credit : Canva
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties