By Myanmar Property News, Shweproperty.com
Updated at 21 February 2019
အိမ်ပိုင်ရှင်များအနေဖြင့် မိမိအိမ်တွင် အပိုင်း (၉) ပိုင်းရှိပါတယ်။ အဲဒီအပိုင်း (၉) ပိုင်းသည် အိမ်တိုင်းအတွက် အရေးကြီးသည်ဟု မှတ်သားရပါသည်။
(၁) မြောက်ဘက်
(၂) တောင်ဘက်
(၃) အရှေ့တောင်ဘက်
(၄) အရှေ့ဘက်
(၅) အနောက်ဘက်၊
(၆) အနောက်တောင်ဘက်
(၇) အရှေ့မြောက်ဘက်
(၈) အနောက်မြောက်ဘက်
(၉) အလယ်ပိုင်းတို့ဖြစ်ပါသည်။
ထိုအပိုင်း (၉) ပိုင်းသည် သူ့အရပ်မျက်နှာနှင့်သူ အစွမ်းသတ္တိများရှိကြရန် မိမိတို့အိမ်တွင် ထိုအစွမ်းများကို ရရှိနိုင်ရန် မှတ်သား၍ တင်ပြအပ်ပါသည်။
"မြောက်"
မြောက်ဘက်ခြမ်းက အလုပ်အကိုင်နဲ့ ဆိုင်ပါသည်။ ရေဓါတ်လွှမ်းမိုးသောနေရာဖြစ်သောကြောင့် အလုပ်အကိုင် ကောင်းချင်ရင် ဒီအရပ်မှာ ရေဓါတ်နဲ့ဆိုင်တဲ့ ငါးမွေးတာတို့၊ ငါးကန်ထားတာတို့၊ ဒင်္ဂါးပြားများထည့်ထားသော ရေဇလုံစတာတွေ ထားရင် အလုပ်အကိုင်များအဆင်ပြေစေပါသည်။
"တောင်"
တောင်ဘက်ကတော့ ဂုဏ်သတင်းကျော်ကြားမှု၊ ကံကောင်းမှုတို့နဲ့ သက်ဆိုင်ပါသည်။ ဒီအရပ်မျက်နှာက မီးဓါတ်လွှမ်းမိုးသောနေရာဖြစ်သောကြောင့် နေလုံးနီနီထွက်ပြုလာသော ဓါတ်ပုံ၊ ငှက် အနီရောင် ပုံလေးတွေထားရင် ကံကောင်းမှုတို့ရောက်ရှိစေပါသည်။
"အရှေ့တောင်"
အရှေ့တောင်ဘက်က ချမ်းသာကြွယ်ဝမှုကြီးစိုးသော နေရာဖြစ်သောကြောင့် ငွေကြေးများများ ဝင်ဖို့ အစိမ်းရောင်တို့ အဝါရောင်တို့ များများထားပေးရပါမည်။ ခြေထောက်သုံးချောင်း ရှိတဲ့ ဖားရုပ်ကိုထားရင်လည်း လာဘ်ကောင်းစေပါသည်။
"အရှေ့"
အရှေ့ရပ်က မိသားစုရဲ့ အရပ်မျက်နှာဖြစ်ပါသည်။ သစ်သားရုပ်တု၊ သင်္ဘောပုံ၊ ပင်လယ်ကမ်းခြေပုံ၊ ရေတံခွန်ပုံတွေထားပေးရင်လည်း မိသားစုအေးချမ်းအဆင်ပြေစေပါသည်။
"အနောက်"
အနောက်အရပ်ကတော့ ကလေးများထိန်းမရ သိမ်းမရဆိုးနေရင် လေသာဆည်းလည်းတွေ၊ ကြေးခေါင်းလောင်းတွေ၊ အဖြူရောင်၊ ငွေရောင် များများထားပေးရင် ထိန်းရတာအဆင်ပြေစေပါသည်။
"အနောက်တောင်"
ပလပ်စတစ်ပန်းအတုတွေမဟုတ်ဘဲ ပန်းအစစ်တွေထားရပါမည်။ ဟင်္သာမောင်နှံရုပ်၊ စုံတွဲရုပ်များထားပေးရင်လည်း အဆင်ပြေစေနိုင်ပါတယ်။
"အရှေ့မြောက်"
အရှေ့မြောက်အရပ်ဒေသကတော့ ပညာရေးနဲ့ဆိုင်သော အရပ်ဒေသဖြစ်သောကြောင့် ဖန်ဇလုံတစ်ခုထဲတွင် ကျောက်ခဲလေး များထည့်ပြီး သစ်သားစားပွဲပေါ်တွင် တင်ထားပြီး ဆောင်းဦးပေါက် ရာသီပန်းချီကားလေးများ ချိတ်ဆွဲပါက ပညာရေးအတွက် ကောင်းမွန်စေနိုင်ပါသည်။
"အနောက်မြောက်"
အနောက်မြောက်အရပ်ကတော့ မိတ်ဆွေတွေ၊ ဆရာသမားများအတွက် ဆက်စပ်သောအရပ်ဒေသဖြစ်သောကြောင့် သတ္တုဓါတ်ကြီးစိုးပါသည်။ အခန်းနံရံကို အဖြူရောင် သုတ်ပြီး ငွေထည်ပစ္စည်းများ ထားပေးပြီး သဘာဝလင်းကျောက်တို့၊ ကြွေထည်ပစ္စည်းများထားပေးပါက မိတ်ဆွေကောင်းတိုးပွားစေပါသည်။
"အလယ်"
အလယ်အရပ်ကတော့ အိမ်တစ်အိမ်လုံးရဲ့ ပင်မနေရာဖြစ်သောကြောင့် ဓါတ်ကြီးငါးပါးစလုံးကို ဟန်ချက်ညီအောင် ညှိပေးရ ပါမည်။ ထို့ကြောင့် မိမိအိမ်တွင်ရှိသော အရပ်ဒေသ အလိုက် ကောင်းကျိုးများအား ရှာဖွေနိုင်ရန် မှတ်သား၍ တင်ပြအပ်ပါ သည်။
Ref & Photo Credit : MPN & Social
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties