By Social News, Shweproperty.com
Updated at 17 June 2018
သင်ပိုင်တဲ့အိမ်ကိုအိမ်ငှားတင်တော့မယ်ဆိုပါစို့။ အခုဖော်ပြမယ့်နည်းလမ်းလေးတွေကိုလုပ်လိုက်ပါ။ အိမ်ငှားသူ အနေနဲ့ သင်တောင်းတဲ့အိမ်ငှားခကို ကျေကျေနပ်နပ်ပေးပါလိမ့်မယ်။ လွယ်လွယ်ကူကူနဲ့အကုန်အကျလည်း မများတာမို့ စမ်းကြည့်သင့်ပါတယ်။
၁။ မီးဖိုချောင်ကို ကောင်းမွန်စွာပြင်ဆင်ထားပါ။
မီးဖိုချောင်ဟာ အိမ်တစ်ခုရဲ့ အရေးကြီးတဲ့နေရာဆိုတာ တော်တော်များများက သတိမပြုမိကြပါဘူး။ နယ်သာ လန် နိုင်ငံမှာလုပ်တဲ့ စစ်တမ်းတစ်ခုအရ အိမ်ငှားတွေဟာ မီးဖိုချောင်ကိုကောင်းမွန်စွာ ပြင်ဆင်ထားတဲ့အိမ်တွေ အတွက် အိမ်ငှားခပိုပေးလိုကြတယ်လို့သိရပါတယ်။ တကယ်လို့များ နံရံကပ်စင်လေးတွေ၊ ပုဂံဗီရိုလေးတွေပါ ထည့်ပေးနိုင်ရင် သင့်အိမ်ငှားအနေနဲ့ အတိုင်းထက်အလွန်ကျေနပ်သွားမှာပါ။
၂။ ရေပိုက်၊ ဘုံပိုင်ခေါင်းများကောင်းမွန်ပါစေ။
တစ်ခါတစ်လေဘာမှအရေးမကြီးတဲ့ သည်ကိစ္စလေးတွေက တော်တော်အနှောင့်အယှက်ဖြစ်စေပါတယ်။ တစ်ခါ ကြုံဖူးတာက လုံချင်းတိုက်အငှားအတွက် အိမ်လာကြည့်တာပါ။ အားလုံးနီးပါးအဆင်ပြေခါနီးပါပြီ။ အိမ်ငှားမယ့် သူက ဝမ်းရစ်တာနဲ့အိမ်သာဝင်ပါတယ်။ ကိစ္စပြီးလို့ရေဆွဲချတော့ ရေကကျမလာပါဘူး။ အဲဒါနဲ့အပြင်ကလူကို လှမ်းပြီး တစ်ရှူးတောင်းရ၊ ကန်ကနေရေခတ်ရနဲ့ တော်တော်လေးအလုပ်ရှူပ်သွားပါတယ်။ မျက်နှာလည်းပူ ရတာပေါ့။
၃။ အိမ်အဝင်အထွက် ခြေလှမ်းများအတွက် အကောင်းဆုံးဖြစ်ပါစေ။
လူ့ရဲ့မှတ်ဉာဏ်သဘာဝအရ အရာဝတ္ထုတစ်ခုကိုကြည့်ရှုစမ်းသပ်ချိန်မှာ ပထမဦးဆုံးမြင်ရတဲ့အချိန်နဲ့ နောက်ဆုံး မြင်တဲ့အချိန်မှာ သိမြင်ခံစားရတာတွေကို ပိုပြီးမှတ်မိလွယ်ပါတယ်။ အဲဒါကြောင့်သင့်အနေနဲ့ အိမ်ငှားသူအိမ်ထဲ ကိုဝင်လာတဲ့ပထဆုံးအချိန်ပိုင်းလေးအတွက် အကောင်းဆုံးပြင်ဆင်ထားပေးသင့်ပါတယ်။ အိမ်ထဲဝင်ဝင်ချင်း တွေ့ရမယ့် အရာတွေ၊ နေရာတွေဟာ သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်ရှိနေပါစေ။ အိမ်တံခါးမကြီးဂျက်ဟာ ဆီမထည့်တာကြာလို့ တကျွီကျွီမြည်နေတာဘဲဖြစ်ဖြစ်၊ အိမ်အဝင်တံခါးနားကမီးခလုတ်ကဖွင့်လိုက်ရင် ချက်ချင်း မလာတာဘဲဖြစ်ဖြစ် ဘယ်လိုအသေအမွှားဘဲဖြစ်ဖြစ်ဂရုစိုက်ပါ။
အိမ်ထဲဝင်တဲ့အပိုင်းပြီးရင် ပြန်အထွက်ကလည်းအရေးကြီးပါတယ်။ တစ်အိမ်လုံးလှည့်ပတ်ကြည့်တုန်းက သဘောကျပြီး ပြန်အထွက်ကျမှ အိမ်တံခါးကငေါထွက်နေတဲ့သံစူးနဲ့ချိတ်မိလို့ အကျႌပြဲသွားရင်လည်း ပြဿနာကမသေးပါဘူး။
၄။ အိမ်တွင်းလေထုအနံ့အသက်ကောင်းမွန်ပါစေ။
ဒါကတော်တော်အရေးကြီးတဲ့အချက်ပါ။ သင့်အိမ်ကအခုမှပြင်ဆင်ပြီးခါစမို့ ဆေးနံ့တွေ၊တင်ဒါနံ့တွေမပျောက် သေးဘူးဆိုပါစို့။ တတ်နိုင်ရင်အိမ်ကြည့်မယ့်သူတွေကို အဲဒီအနံ့တွေမပျောက်မချင်း မခေါ်ပါနဲ့။ သင့်အိမ်ကိုကြည့် နေစဉ်အချိန်တစ်လျှောက်လုံးမှာ သူတို့ဟာအဲဒီအနံ့တွေကိုရှူရှိုက်နေရမှာဖြစ်လို့ သင့်အိမ်ကိုအမှတ်ပြည့်ပေးဖို့ ဘယ်လိုမှစဉ်းစားမှာမဟုတ်ပါဘူး။ ရက်ပိုင်းအတွင်းပျောက်သွားပါမယ်လို့ သင့်ဘက်ကအာမခံရင်တောင် သူတို့ အနေနဲ့ သင်တောင်းတဲ့ဈေးကိုကျေကျေနပ်နပ်ပေးချင်မှာ မဟုတ်ပါဘူး။
အဲလိုအနံ့အသက်တွေဖျောက်ဖို့ဆိုတာလည်း သိပ်ခက်ခက်ခဲခဲတော့မဟုတ်ပါဘူး။ အဲယားကွန်းတပ်ထား တယ်ဆိုရင် Air-fresher တွေများများဖျန်းပြီး ၂ရက်၊ ၃ရက်လောက်ဆက်တိုက်ဖွင့်ထားလိုက်ပါ။ အဲယားကွန်းမရှိ ရင်လည်းအကြောင်းမဟုတ်ပါဘူး။ ကျောက်ဖရုံသီးလိုမျိုးအနံံ့အသက်စုပ်တဲ့အသီးတွေ အိမ်တွင်းနေရာအနံှ့ လိုက်ချထားပါ။ ပန်းအိုးထိုးတာမျိုး၊ ပန်းပင်စိုက်တာမျိုးလုပ်ပေးပါ။ အိမ်လည်းအမြင်တင့်တယ်သလို ရနံ့ဆိုးတွေ လည်း ပျောက်စေပါတယ်။
၅။ သင့်အိမ်တွင်းပစ္စည်းများသည်အမြင်လှပါစေ။
ဒါလည်းအရေးကြီးပါတယ်။ သင်ဟာပရိဘောဂမပါ၊ အိမ်ချည်းသက်သက်ဘဲငှားမယ်ဆိုရင်တောင် အိမ်ကို လာကြည့်တဲ့အချိန်လေးအတွင်းမှာ အသုံးပြုထိတွေ့သွားမယ့် အသုံးအဆောင်လေးတွေဟာ ကောင်းမွန်နေရ ပါမယ်။ ဥပမာ-အိမ်ရှေ့ခန်းမှာထားတဲ့ပန်းအိုး၊ ရေအိမ်အဝင်ဝက နောက်ဖေးစီးဖိနပ်တွေကို အသစ်ဝယ်ပြီး ထားပါ။ ဒါတွေဟာအမြင်အရသေးငယ်ပေမယ့် အိမ်ငှားရဲ့သင့်အိမ်အပေါ်အကဲဖြတ်မှုမှာ အများကြီးအရေး ပါပါတယ်။
အခုဖော်ပြခဲ့တာလေးတွေဟာ သိပ်မထူးဆန်းလှပေမယ့် များသောအားဖြင့် သတိမပြုမိတတ်ကြပါဘူး။ ဒါလေးတွေကို ပြင်လိုက်ရင်ဘဲ အိမ်ငှားသူအနေနဲ့လည်းလိုလိုလားလားနဲ့ သင်တောင်းတဲ့အိမ်ငှားခကို ပေးပါလိမ့်မယ်။ သင့်အနေနဲ့လည်းအပန်းမကြီးသလို ကုသိုလ်လည်းရ၊ ပိုက်ဆံလည်းရပါတယ်။ အိမ်ရှင်၊အိမ်ငှားအားလုံး ကြည်ဖြူကျေနပ်၊ နှစ်သက်ကြတဲ့ဆက်ဆံရေးများတည်ဆောက်နိုင်ကြပါစေ။
Ref : Social News
Photo Credit : Google
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties