By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 29 May 2018
ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်းရှိ အများပြည်သူပိုင်လမ်းပေါ်သို့ အဆောက်အအုံတစ်ခုမှ ကျူးကျော်ဆောက်လုပ်ထားပြီးသော လသာဆောင်၊ စမုတ်ဆောင်၊ ဆင်ဝင်၊ နေကာ။ တံစက်မြိတ်၊ လှေကားထစ်၊ အုတ်ခုံ၊ အုတ်မြစ်၊ ဆင်ခြင်လျော၊ မိလ္လာကန်၊ ယာယီမဏ္ဍပ်များကို ကျူးကျော်ခွန် ကောက်ခံရယူပြီးပါက စည်ပင်မှ ဆက်လက်တည်ရှိခွင့်၊ တည်ဆောက်ခွင့် ပြုနိုင်ပါသည်။
ကျူးကျော်အဆောက်အအုံတစ်ခုခုမှ ပြည်သူပိုင်လမ်းပေါ်သို့ ကျော်လွန်ကာ တည်ဆောက်လိုသူသည် သတ်မှတ်ချက်များနှင့်အညီ စည်ပင်သာယာရေးကော်မတီကို လျှောက်ထားရမည်။
ကျူးကျော်ခွန်ကောက်ခံရာတွင် လမ်းပေါ်သို့ ကျူးကျော်ဆောက်လုပ်ထားသည့် ထုထည်၊ အတိုင်းအတာ၊ ဧရိယာအပေါ်မူတည်ကာ တွက်ချက်ကောက်ခံရသည်။
အဆောက်အအုံဆောက်လုပ်ရာတွင် သုံးစွဲသည့်ပစ္စည်းများ လမ်းဘေးတွင်စုပုံထားသည်ကိုမူ ယဉ်သွားယဉ်လာ ထိခိုက်မှုရှိ၊မရှိ၊ လမ်းသွား၊လမ်းလာ ထိခိုက်မှုရှိမရှိ၊ ပလက်ဖောင်း၊ ရေမြောင်း၊ လမ်းအကျယ်ကို တွက်ချက်ကာ သတ်မှတ်အတိုင်းအတာများအရ ခွင့်ပြုနိုင်ပါသည်။ ခွင့်ပြုကာလကိုပါ သတ်မှတ်ပြီး အများပြည်သူမြင်နိုင်အောင် ချိတ်ဆွဲထားရမည်။ ခွင့်ပြုကာလအတွင်းမပြီးဆုံးသေးပါက စည်းကမ်းချက်သတ်မှတ်ကာ ကာလတိုးမြှင့်ပေးနိုင်ပါသည်။
အများပြည်သူပိုင်လမ်းပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများ စုပုံကျူးကျော်ခွင့်ကို ဧရိယာပေါ်အခြေခံကာ စည်းကြပ်ကောက်ခံနိုင်သည်။ စုပုံကျူးကျော်ထားသည့် အချိန်ကာလကို မူတည်ပြီး ကျူးကျော်ခွန်ကို တိုးမြှင့်ကောက်ခံနိုင်ပါသည်။ လိုအပ်ပါက ကျူးကျော်ခွင့်များကိုလည်း ရန်ကုန်မြိုကတော် စည်ပင်သာယာရေးစးကော်မတီမှ ပြန်လည် ပယ်ဖျက်နိုင်ပါသည်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Cnbc
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties