By Duwun, Shweproperty.com
Updated at 2 August 2019
သင့်ရဲ့ အိမ်ထဲကို ကောင်းမွန်တဲ့ လာဘ်လာဘတွေ ရောက်လာစေမယ့် ဖုန်းရွှေပညာ (သို့) နေ့စဉ် တွေ့မြင်နေကျ သာမန် အသုံးအဆောင် ပစ္စည်းလေးတွေကို ထားသိုတဲ့ နည်းစနစ်တွေပါ။
ဂုဏ်အရှိန်အဝါ မြင့်မားလာအောင်
ကိုယ့်အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ကိုယ့်အိမ်ထက်ပိုပြီး အရှိန်အဝါကြီးတဲ့ အဆောက်အဦ တစ်ခုရှိနေတယ် ဒါမှမဟုတ် လူစည်ကားတဲ့ လမ်းမတွေ ရှိနေတယ်။ ကြည့်မှန်တစ်ချပ်ကို တံခါးမှာ ချိတ်လိုက်မယ်ဆိုရင် အိမ်ရဲ့ လာဘ်လာဘနဲ့ စီးပွားတွေ တိုးတက်နိုင်စေပါတယ်။ နောက်တစ်မျိုးကတော့ သင်လိုချင်တဲ့ ဓာတ်ရှိနေတဲ့ နေရာကို မျက်နှာချင်းဆိုင်ပြီး အိမ်ထဲမှာ ကြည့်မှန်ကို ချထားမယ်ဆိုရင် အိမ်ရဲ့ ပြင်ပမှာ ရှိနေတဲ့ မိမိ အလိုရှိတဲ့ဓာတ်ကို အိမ်ထဲကို ဖမ်းယူထည့်သွင်းတဲ့ နည်း ဖြစ်ပါတယ်။ ဥပမာ သင့်အိမ် အပြင်ဘက်မှာ ပန်းခြံလှလှလေး ရှိနေမယ်ဆိုရင် ကြည့်မှနကို ပန်းခြံဘက်ကို လှည့်ထားလို့ ရပါတယ်။ အိမ်ထဲကို အလှတရားတွေ ပုံရိပ် ထင်ဟပ်ပြီး ဝင်လာအောင် ဖန်တီးတာလို့ ဆိုပါတယ်။
လာဘ်လာဘနဲ့ ချမ်းသာကြွယ်ဝလာအောင်
အိမ်ထဲမှာ စည်းစိမ်နဲ့ ကြွယ်ဝခြင်းတွေကို ဝင်လာစေချင်တယ်ဆိုရင်တော့ ရေဓာတ်ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ငါးကန်လေးတစ်ခု ရှိနေရင်တော့ အတော်ကို အဆင်ပြေတာပေါ့။ မရှိဘူးဆိုရင်လည်းအစားထိုးအနေနဲ့ ရေနဲ့ ဆိုင်တဲ့ ရှုခင်း၊ ပန်းချီကား၊ ရေတံခွန်ပုံ စတာတွေကို ချိတ်ဆွဲထားရုံပါပဲ။
နုပျိုမှုနဲ့ ကြံ့ခိုင်တည်မြဲမှု
ပန်းပင်တွေ၊ ပန်းအိုးတွေ ထားခြင်းဟာ နေအိမ်ရဲ့ သစ်သားဓာတ်ကို တိုးမြင့်စေပါတယ်။ သင်အိမ်ရဲ့ ဧည့်ခန်းနဲ့ ထမင်းစားခန်းတွေမှာ မှောင်နေတဲ့ ချောင်နေရာတွေမှာ ပန်းအိုး ပန်းပင်တွေကို ထားလိုက်လို့ရပါတယ်။ အပင်လေးတွေကို အမြဲတန်း လန်းဆန်းစိမ်းစိုနေအောင်တော့ ဂရုစိုက်သင့်ပါတယ်။
Ref & Photo Credit : Duwun
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties