By Thutayathamm, Shweproperty.com
Updated at 18 January 2020
ကျေးဇူးတော်ရှင်သစ်တံခါးဆရာတော်ဘုရား၏ မိမိအိမ်ဂေဟာ ကျက်သရေတိုး၍မင်္ဂလာရှိလာဘ်ပွင့်အောင် လုပ်ဆောင်ချက်-
(၁) နံနက်အိပ်ယာထသည်နှင့်တစ်ပြိုင်နက် မျက်နှာသစ်ကာ သွားတိုက်ပီးပါက ဘုရားသောက်တော်ရေလဲ ဆီမီးပူဇော်ပါ ဘုရားကျောင်းဆောင် သန့်ရှင်းရေးပြုလုပ်ပါ။ (၂) ဆွမ်းကပ် / ကော်ဖီတစ်ခွက်ကပ်ပါ။ သစ်သီးလှူလည်းရပါတယ်။ (၃) ဂုဏ်တော်တစ်ပါးပွား (သို့မဟုတ်)ကိုးပါးလုံးပွားလည်းရ၊ ပုတီးစိပ်ရင်ပိုကောင်းပါ၏
(၂) ကိုယ်လုပ်သောကုသိုလ်တွေကို ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ် အလုပ်အကိုင် ရုံးကုမ္ပဏီ စက်ရုံတွေ ဆိုင်တွေမှာ စောင့်သော နတ်မြတ်နတ်ကောင်းအား အမျှပေးဝေပါ။ သစ်တံခါးဆရာတော် အစိမ်းစာအုပ်မေတ္တာဝေနည်းကိုဘဲ စဆုံး မေတ္တာပို့ပါတယ် ပြီးရင် သာဓုခေါ် ကြေးစည် သို့မဟုတ် ခေါင်းလောင်းလှုပ်အမျှဝေပါ
(၃) အိမ်မှာ နံနက်ခင်း စိတ်တိုစရာစိတ်ညစ်စရာ မတွေးဘဲ မပြောဘဲ မဆဲမိ ,မအော်မိ , မဆူမိအောင် ကြိုးစားပြီး စောင့်ထိန်းပါ လေ့ကျင့်ပါ မေတ္တာထားပါ အောင်မြင်ပါမည်
(၄) ”လာဘ်ခေါ်ဂါထာ” ရွတ်ပါ “အရံဟံဗုဒေါ္ဓ အရဟံဗုဒေါ္ဓ ဗုဒ္ဓသ ဂုဏတေဇဿ သဗ္ဗသဒ္ဓိလာဘံမေ ဘာဝိဿတိ” ကို၁၀ ကြိမ်ရွက်ပါ ရွတ်ပြီး ပါ က အရပ်ရှစ်မျက်နှာ – အရပ်ကိုး မျက်နှာ အရပ်ဆယ်မျက်နှာမှ လာဘ်ဝင်ပါစေ မိတ်ဆွေ ကောင်းတွေ ဝင်ပါစေ။ ငွေဝင်ပါစေ။ ဘေးရန်ဟုသမျှ ကင်းကြပါစေ။ ကောင်းသတင်းကြား၍ ကျော်ပါစေဟု အရပ် လေးမျက်နှာ ကို အာရုံပြုပြီးပြောပါ။
(၅) နံနက်ချိန်ခါ တေးသံသာ ကျက်သရေ မင်္ဂလာသာယာ နာပျော်ဖွယ် ဖွင့်ပီးမင်္ဂလာယူပါ ဆရာတော်ကြီးများ၏ တရားတော်များဖွင်ြ့ပီး နံနက်စာစားပါတယ်
သစ်တံခါးဆရာတော်၏မေတ္တာဓာတ်ကိုခံယူကာ ဆရာတော်၏ လုပ်စဉ်များကို တကယ် ယုံကြည်စွာ လုပ်ကြည့်ပါ ဆောင်ရွက်ကြည့်ပါ ထူးခြားစေရပါမည် သစ်တံခါးဆရာတော်၏စာအုပ်ထဲမှကူးယူဖော်ပြခြင်းဖြစ်ပါတယ်
မနက်တိုင်း အိပ်ယာတော့ စောစောထရတာပေါ့နော်။ အိပ်ယာ စောစောထခြင်းကြောင့် မိမိ၏ ကိုယ်စောင့်နတ်လည်း မိမိကိုချစ်တဲ့ဓာတ်ကိုရပါတယ်။ အလုပ်သွားရင်လည်း နောက်ကျတာမျိုးမဖြစ်ဘဲ ညဘက်အိပ်ယာဝင်ရင်လည်း တရေးထဲ အိပ်ပျော်စေပါတယ်…အားလုံးဘဲနေအိမ်မှာရော အိမ်သူအိမ်သားအားလုံးကျက်သရေတိုးပါစေ လာဘ်ပွင့်ကြပါစေ… အဆင်ပြေကြပါစေ အပူအပင်ကင်းအေးကြပါစေ…..
Ref : Thutayathamm
Photo Credit : Realtor
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties