By mm-homedecor, Shweproperty.com
Updated at 11 August 2018
မိမိတို့ရဲ့နေအိမ်နဲ့ ရုံးခန်းတို့မှာ မင်္ဂလာရှိစေဖို့နဲ့ စီးပွားလာဘ်လာဘတိုးပွားစေမယ့် ဆရာဦးဟိန်းလတ်ပြောပြတဲ့ ဖုန်းရွှေအကြောင်းသိကောင်းစရာ
Sailing Ships (ရွက်သင်္ဘောများ)
ရွက်သင်္ဘောပုံစံပေါ်တွင် ရွှေဒင်္ဂါးအတုများထည့်ထားသောအဆောင်သည် အလွန်အစွမ်းထက်သော ဖုန်းရွှေအစီအရင်ဖြစ်သည်။ စီးပွားရေးတိုးတက်ပြီး ငွေကြေးကံကောင်းမည့်နိမိတ်ကိုဆောင်သည်။
Sculptures (ရုပ်တုများ)
ပန်းခြံ၏မြေကြီးထောင့်နေရာတွင် ရုပ်တုများထားခြင်းသည် ဖုန်းရွှေကောင်းကိုဖြစ်စေပြီး ကံကောင်း မှုကို ဆောင်ကြဉ်းပေးတတ်၏။ ရုပ်တုကို သစ်သား၊ ကျောက်၊ ကြွေတို့ဖြင့်ထုလုပ်ကာ အနောက်တောင်နှင့် အရှေ့မြောက်တို့တွင်ထားသင့်သည်။ သတ္ထုရုပ်တုများကိုမူ အနောက်အရပ်နှင့်အနောက်မြောက်တို့တွင် ထားရသည်။ ရုပ်ထုတွင် အချွန်အထက်များ၊ ထောင့်ချွန်းများမပါရန်ကား သတိပြုထုလုပ်ရမည်။
Seasons (ရာသီဥတုများ)
ရာသီဥတုတစ်ခုစီတွင် ၎င်းနှင့်ဆက်စပ်သောဓာတ်များရှိသည်။ ဆောင်ရာသီတွင် ရေဓာတ်၊ နွေဦး ပေါက်ရာသီတွင် သစ်သား၊ နွေရာသီတွင် မီးဓာတ်၊ ဆောင်းဦးပေါက်တွင် သတ္ထုဓာတ်တို့ကြီးစိုးသည်။ ရာသီ ဥတုတစ်ခုနှင့်တစ်ခုကြားတွင်မူ မြေကြီးဓာတ်စိုးမိုး၏။
Shade (အရိပ်)
နေရောင်ခြည်ကဲ့သို့ပင် အရိပ်သည်လည်း ယင်းနှင့်ယန်းဓာတ်ကို ဟန်ချက်ညီအောင်ပြုပေးသဖြင့် အရေးကြီးသည်။ ၎င်းသည်မည်သည့်ပတ်ဝန်းကျင်တွင် မဆိုလိုအပ်သည်။ မည်သို့ဆိုစေကာမူ နေရောင်ခြည် ရမည့်နေရာတွင် အရိပ်တွေများများရှိနေပါက “ယင်း” စွမ်းအင်လိုတာထက် ပိုထွက်သဖြင့်မကောင်းပါ။
Shar Chi (ရှားချီ သို့မဟုတ် အပျက်ဓာတ်)
၎င်းသည် အဆိပ်မြှားမှထွက်လာသော မကောင်းသည့်ဓာတ်ဖြစ်ပြီး ယင်းနှင့်ယန်း ဟန်ချက်မျှတမူကို ပျက်ယွင်းစေ၏။ “ရှားချီသည် “ရှင်းချီခေါ် အပြုဓာတ်နှင့်ဆန့်ကျင်ဖက်ဖြစ်၏။ “ရှားချီ”ကိုဖုန်းရွှေနည်းမျိုးစုံဖြင့် ချေဖျက်ရ၏။
Sharp Edges (ချွန်ထက်သောအစွန်းများ)
ထောင့်များ (သို့မဟုတ်) အဆောက်အဦးများမှထိုးထွက်နေသော ချွန်ထက်သောအစွန်းများသည် “ရှားချီ”ခေါ် အပျက်ဓာတ်ကိုဖြစ်ထွန်းစေ၏။ အကယ်၍ သင့်အိမ်ကို မျက်နှာချင်းဆိုင်အိမ်မှ ချွန်ထက်သော အစွန်းကထိုးဝင်နေလျှင် ၎င်းကိုမိမိအိမ်မှမမြင်ရအောင် ကာကွယ်ပိတ်ဆို့ထားရမည်။ အကောင်းဆုံးနည်းများ “ယင်းပါ့ကွအင်း”မှန်ချပ်ကိုတပ်ကာ တန်ပြန်ဓာတ်ဆင်ရမည်။
Sheng Chi (ရှင်းချီ (သို့မဟုတ်) အပြုဓာတ်)
၎င်းသည်နဂါး၏စကြဝဠာဓာတ်ဖြစ်ကာ စွမ်းအင်နှင့်ကြီးထွားမှုကို ဖြစ်စေ၏။ “ရှင်းချီ”ကိုသင်ရအောင် ချူပြီးယူတတ်လျှင် သင့်အဖို့ကျန်မာရေးကောင်းကာ၊ ဥစ္စာဓနကြွယ်ဝချမ်းသာပြီး၊ ငြိမ်းအေးချမ်းသာယာသော ဘဝကိုရလိမ့်မည်။
Silver(ငွေ)
ခရမ်းရောင်နှင့်ပေါင်းစပ်လျှင် အလွန်မင်္ဂလာရှိသောအရောင်ဖြစ်သည်။ တရုတ်ဘာသာဖြင့်”ငွေ”ကို “ငန်”ဟုခေါ်၏။ “ခရမ်းရောင်”ကို “ချီး”ဟုခေါ်၏။ နှစ်ခုပေါင်းတော့ “ငန်ချီး”ဖြစ်၏။ “ငန်ချီး”၏ အဓိပ္ပါယ်က ပိုက် ဆံဖြစ်သည်။ “ဖုန်းရွှေ” ပညာအရ “ငွေ”သည်သတ္ထုဓာတ်ဖြစ်ကာ အနောက်အရပ်နှင့်အနောက်မြောက် အရပ် ကိုကြီးစိုး၏။
Sleeping Positions (အိပ်ရမည့်တည်နေရာ)
“ဖုန်းရွှေသံလိုက်အိမ်မြှောင်” အရ လူတစ်ဦးစီတွင် “ကွနံပတ်” များရှိ၏။ ၎င်းသည်လူတစ်ဦးစီ၏ အကောင်းဆုံး အိပ်ရန်နေရာ လေးမျိုးနှင့် အဆိုးဆုံးအိပ်ရန်နေရာ လေးမျိုးကိုပြဆို၏။ မိမိ၏ အကောင်းဆုံးအ ရပ်မျက်နှာလေးမျိုးအနက် တစ်မျိုးမျိုးကိုရွေးချယ်ကာ ခေါင်းပြုအိပ်ရ၏။
Slopes (ဆင်ခြေလျောများ)
ဆင်ခြေလျော၏အောက်ခြေတွင် မနေအပ်။ ဆင်ခြေလျော၏ထိပ်ဆုံးတွင်လည်း မနေသင့်။ ဆင်ခြေ လျော၏အလည်တွင်သာနေရမည်။ ထိပ်ဆုံးတွင်နေလျှင် တတ်များရောထွေးမှုကိုခံရတတ်၊ ဓာတ်ရှုပ်တတ်၏။ ဆင်ခြေလျော၏ အောက်ဆုံးတွင်နေလျှင် “ချီ”ဓာတ်သော ကောင်းသောဓာတ် “နစ်မြုပ်” သွားတတ်၏။
Small Water (ရေပန်းငယ်များ)
သဘာဝအလျောက်စမ်းချောင်းလေးက မိမိ၏အိမ်ပတ်ပတ်လည်တွင်စီးဆင်းနေလျှင် အကောင်းဆုံး ဖြစ်၏။ ထိုသို့မဟုတ်လျှင် မိမိဘာသာ မိမိရေတံခွန်၊ ရေပန်းငယ်များပြုလုပ်ထားရ၏။ လူလုပ်မြောင်းကလေး များ၊ ကန်ငယ်လေးများသည် ဖုန်းရွှေကိုပိုကောင်းစေသည်။
Social Life (လူမှုဘဝ)
မိမိ၏ လူမှုဘဝပိုမိုတိုးတက်မြင့်မားစေရန် မိမိခြံဝင်းအတွင်း အနောက်တောင်ထောင့်တွင် တောက်ပ သော မီးတိုင်တစ်ခုထွန်းညှိထားရမည်။ ၎င်းသည်မြေကြီး(အကြီး)ဓာတ်နေရာဖြစ်၍ စွမ်းအင်ကြီးမားစွာရှိသော နေရာဖြစ်၏။ ခြံနှင့်ဝင်းနှင့် မနေနိုင်ပဲ တိုက်ခန်းနှင့်နေသူဖြစ်ပါကလည်း မိမိတိုက်ခန်း၏အနောက်တောင် ထောင့်နေရာတွင် မီးထွန်းပေးရမည်။ မီးလုံးတစ်လုံးထွန်းတာထက်နှစ်လုံးထွန်းတာက ပိုကောင်းသည်။ အနောက်တောင်ထောင့်၏စိုးမိုး၈ဏန်းက“နှစ်” ဖြစ်သောကြောင့်ဖြစ်၏။ အထူးသဖြင့် အနီရောင်မီးလုံးက ပိုအ စွမ်းထက်၏။ အနီရောင်သည်“ယန်းစွမ်းအင်”ကိုပိုမို၍ အားပေး၏။ မီးတိုင်ကမနိမ့်လွန်း၊ မမြင်လွန်းစေရ။ အ နည်းဆုံးကြမ်းပြင်မှနေ၍ ငါးပေမြင့်ရမည်။ မျက်နှာကျက်ပေါ်မှထွန်းလျှင် ဓာတ်ကြိုးကအနည်းဆုံး ငါးပေကျနေ ရမည်။ အိပ်ခန်းထဲတွင်မထွန်းရန်ကား သတိပြုပါ။
South (တောင်အရပ်)
ဖီးနစ်ခေါ် “မသေငှက်” ၏နေရာ၊ နွေရာသီကိုယ်စားပြုအရပ်ဖြစ်၏။ တောင်အရပ်သည် ထင်ရှားကျော် ကြားမှုကိုကိုယ်စားပြု၏။ မိမိအိမ်၏ အိမ်ရှေ့သည်တောင်အရပ်ဖြစ်လျှင် ဖုန်းရွှေအလွန်ကောင်း၏။ အိမ်ထဲမှဧည့် ခန်း၏တောင်ဖက်ခြမ်းတွင် မီးထိန်ထိန်ထွန်းပေးပါ။ ထိုထောင့်တွင် အနီရောင်ပစ္စည်းတစ်ခုခုထားပေးခြင်းက ပို ကောင်း၏။
Southeast (အရှေ့တောင်)
ဝင်ငွေပိုကောင်းလိုလျှင် ဤထောင့်တွင် ပိုမိုအားကောင်းရန်လုပ်ပေးရမည်။ ဤထောင့်တွင်အပင်ထား ပါ။ ရေတံခွန်ထားပါ။ ငါးကန်ထားပါ။ ၎င်းသည်ငွေကံကိုပိုကောင်းစေနိုင်သည်။
Southwest (အနောက်တောင်)
ဤထောင့်သည် “ယင်း” ကြီးစိုးသောထောင့်ဖြစ်သဖြင့် “ယင်း”စွမ်းအင်ပိုမိုမြင်မားအောင် လုပ်ပေးရ၏။ မိသားစုတွင်းမှမိခင်ဓာတ်ကို ပို၍အားပေး၏။ အိမ်၏ဤထောင့်နေရာတွင် မီးဖို သို့မဟုတ် အိမ်သာမထားရ။ ဤ ထောင့်ကောင်းလျှင်ကောင်းသလို ကလေးများ၏အိမ်ထောင်ရေးပါကောင်းတတ်၏။
Spring (နွေဦးပေါက်)
ဤရာသီဥတုသည် သစ်သားဓာတ်၏ ရာသီဥတုဖြစ်ကာ၊ ဤရာသီတွင်စီးပွားရေးလုပ်ငန်းသစ် စတင်ပြု လုပ်သင့်သည်။ ထုတ်ကုတ်ပစ္စည်းသစ်ကို ထုတ်လုပ်သင့်သည်။
Statues (ရုပ်ထုများ)
ဖခင်၏ရုပ်ထုကို အိမ်၏အနောက်မြောက်ဖက်တွင် ထားရမည်။ အခြားသောမိသားစုဝင်များ၏ ရုပ်ထု များကိုမူ ၎င်းတို့နှင့်သင့်လျော်သောနေရာများတွင်ထားနိုင်၏။ အထူးသဖြင့်ရုပ်ထုများကို အနောက်ဘက်(သို့) အရှေ့မြောက်ဖက်တွင်ထားခြင်းသည် အကောင်ဆုံးဖုန်းရွှေကိုဖြစ်စေ၏။
Steps (လှေကားထစ်များ)
အိမ်အနောက်ဖက်လှေကားက အိမ်ရှေ့လှေကားထက်မြင့်ရမည်။ လက်ဝဲဖက်ခြမ်းလှေကားက လကျာၤ ဖက်ခြမ်းလှေကားထက်ပိုမြင့်မည်။ အကယ်၍ သင့်အိမ်သည်လမ်းထက်ပိုမြင့်သည့်နေရာတွင်ရှိနေပြီး၊ လမ်းပေါ် မှနေ၍ အိမ် သို့မဟုတ် လှေကားထစ်များဖြင့်တက်သွားလျှင် အလွန်မင်္ဂလာရှိလှသည်ဟု ဖုန်းရွှေပညာကဆို၏။
Streams (စမ်းချောင်းများ)
ရေစီးနှေးသော သန့်စင်သည့်ရေစီးဆင်းသည့်စမ်းချောင်းသည် အကောင်းဆုံးဖုန်းရွှေကိုဖြစ်စေ၏။ ထို သို့သောစမ်းချောင်းများ သင့်အိမ်ရှေ့တွင်ရှိလျှင်၊ အိမ်ရှေ့သို့သွယ်တန်းယူပါ။ အိမ်ရှေ့တံခါးမကြီး၏ရှေ့တွင် စမ်းချောင်းလေးစီးဆင်းနေခြင်းက မင်္ဂလာအရှိဆုံးအနေအထားဖြစ်၏။
Succulents (အရည်ရွှမ်းသောအသီးပင်များ)
ခြံထဲတွင်အရည်ရွှမ်းသောအပင်များရှိခြင်းသည် အလွန်မင်္ဂလာရှိသဖြင့် ကောင်းစွာရေလောင်းကာရှင် သန်အောင်ပြုစုပျိုးထောင်ပါ။ ဆူးမရှိသောအရည်ရွှမ်းသည့် ရှားဆောင်းပင်သည်၊ ကျောက်စိမ်းကိုအစားထိုးနိုင် လောက်သည့် အကောင်းဆုံးအဆောင်ဖြစ်သည်။
Sun Trigrams (ဆွန်းတြိရေခါ)
ယန်းမျဉ်းကြောင်းနှစ်ခုအပေါ်မှရှိကာ၊ အောက်မှမျဉ်းပြတ် ယင်းမျဉ်းကြောင်းရှိသောတြိရေခါကို “ဆွန် တြိရေခါ” ဟုခေါ်၏။ ၎င်းကို”ပါ့ကွအင်း”၏ အရှေ့တောင်နေရာတွင်ထားရသည်။ ၎င်း၏ကိုယ်စားပြုဓာတ်က “သစ်သားဓာတ်” ဖြစ်ကာ၊ သမီးအကြီးဆုံး၏ဓာတ်ဖြစ်၏။
Sunlight (နေရောင်ခြည်)
နေရောင်ခြည်ကို အိမ်ထဲဝင်စေရမည်။ ၎င်းသည် “ယန်းစွမ်းအင်” ဖြစ်၏။ ပြတင်းပေါက်များ၊ တံခါးများ ကို နေရောင်ခြည်ဝင်နိုင်သောနေရာတွင်ဖောက်ထားရမည်။
Swimming Pools (ရေကူးကန်များ)
ရေကူးကန်တည်နေရာ အမှားခံ၍မရ။ မှားလျှင်ပြဿနာတက်တတ်၏။ ရေကူးကန်ကို အိမ်ရှေ့တံခါးမ ကြီး၏ (အိမ်ထဲမှနေ၍အပြင်သို့ကြည့်လျှင်ရှိသော) လက်ဝဲဖက်ခြမ်းတွင်သာထားရမည်။ ထိုသို့မဟုတ်လျှင် အိမ် ထောင်ပြိုကွဲတတ်သည်။ ရေကူးကန်ကို လေးထောင်စပ်စပ် သို့မဟုတ် စတုဂံပုံမထားရ။ ရေကူးကန်၏ ထောင့် စွန်များက ကွေ့ဝိုက်နေရမည်။ ရေကူးကန်ကို အိမ်၏အချိုးအစားထက်ပို၍မကြီးစေရ။ (ရေများလွန်းလျှင်ရေ လွှမ်းမိုးတတ်၊ ရေနစ်တတ်သည်။) ရေသိပ်များခြင်းကအန္တရာယ်ဖြစ်စေသည်။ ရေကန်ဘောင်အထိရေလျှံခြင်း သည် ကံဆိုးမှုကိုဖြစ်ထွန်းစေ၏။ ရေကန်မှရေလျှံခြင်းမဖြစ်စေရန်၊ မြောင်းငယ်လေးများသွယ်ပြီး အပြင်ထုတ် ပစ်ရမည်။ ထိုသို့ဖြစ်မှသာ သင့်အိမ်ကို ဦးတည်လာနေသော “ချီ” ဓာတ်ကိုဟန်ချက်ညီ၊ ညှိပေးနိုင်ပြီး မင်္ဂလာ ရှိသော နိမိတ်ကိုဆောင်ကြဉ်းပေးနိုင်မည်။
Ref & Photo Credit : mm-homedecor
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties