By Myanmar Property News, Shweproperty.com
Updated at 4 July 2018
ယခုလတ်တလော အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက် အေးနေတယ်လို့ သတင်းတွေမှာ တွေ့နေရပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွမ်းကျင်ပြီ အတွေ့အကြုံရင့်ကျက်သူ အိမ်ခြံမြေ အကျိုးဆောင်များနှင့် ဖုန်းရွှေဥပဒေသ များမှသိရသော ရောင်းသူနှင့် ဝယ်သူများအကြား အရောင်းအဝယ်ပြုလုပ်ရာမှာ အထောက်အကူပြုစေတဲ့ အချက်လေးအချို့ကိုအမြန်ရောင်းချင်၊ ငှားချင်ပေမယ့် ရောင်း၊ ငှား မထွက်သော အိမ်ခြံမြေ ပိုင်ရှင်များအတွက် မိမိ လက်လှမ်းမီသလောက် တင်ပြလိုက်ရပါတယ်။
(၁) အခန်းများကို မြင်လို့၊ ကြည့်လို့ကောင်းအောင် ပြုပြင်ထားခြင်း
ပရိဘောဂ ပစ္စည်းများ နှင့် အခြား မည်သည့်ပစ္စယမှ မထည့်ထားသော နေရာလပ်ဖြစ်သော အခန်း (သို့) ကြမ်းပြင်ဟာ ဝယ်ယူမည့်သူအတွက် မူလရှိသည်ထက် ပိုမိုကျယ်ဝန်းသည်ဟု အထင်ရောက်စေပြီး ဝင်ပေါက်တံခါးဝနှင့် အတည့်ကျသော ထောင့်နေရာမှာ အစိမ်းရောင် အပင်အိုးငယ်ကဲ့သို့သော နိုးကြားတက်ကြွစေသော မျက်မြင်ပစ္စည်းတစ်ခုခုထားခြင်းဟာ စိတ်ခံစားမှု ပိုမိုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
(၂) အသံအာရုံဖြင့် ဆွဲဆောင်ခြင်း၊
သာယာညင်းပြောင်းသော တေးဂီတ သံများဟာ တရားထိုင်ခြင်းအာရုံမျိုးနှင့် စိတ်နှလုံး ကြည်နူးမှုမျိုးကို ဖြစ်စေတယ်လို့ သိရပါတယ်။ သဘာဝ ရေစီးဆင်းနေသောအသံမျိုး (သို့) သဘာဝအရ ပေါ်ထွက်နေသော အသံမျိုးဟာလည်း ဝယ်ယူမည့်သူကို နေအိမ်၏ စိတ်အေးချမ်းသာယာမှုကို ဖြစ်ပေါ်ခံစားရစေတာကြောင့် အချို့သော အိမ်ပိုင်ရှင်များက သဘာဝရေ၏ စီးလှည့်လှုပ်ရှားနေသော အသံအတွက် ရေတံခွန်ငယ်လေးတွေ ဖန်တီးထားပြီး ဝယ်ယူ ငှားရမ်းလိုသူကို ဆွဲဆောင် မှု ပြုကြကြောင်းလည်း သိရပါတယ်။
(၃) ဧည့်သည်များအတွက် အရသာ ပေးစွမ်းမှု ပြုပေးခြင်း
ဖုန်းရွှေဥပဒေသများအရ ချောကလက်သည် အိမ်ရောင်းရာတွင် ကံကောင်းခြင်းကို ပေးဆောင်တက်သည်ဟု ကြားသိရဖူးပါတယ်။ ချောကလက် စစ်စစ်ပါသော ချောကလက် အရောင်ရင့်များကို ဖန်ခွက် (သို့) ဖန်အိုးငယ်မှာထည့်ပြီး အိမ်ဝင်ပေါက် အနီးအနားတွင် ထားရှိခြင်း၊ ဧည့်သည်များအား ချောကလက် လက်ဆောင်ပေးခြင်း၊ ဝယ်ယူမည့်သူ ဆုံးဖြတ်ချက် ချလုနီးနီး အချိန်တွင် ချောကလက်ထည့်ထားသော ဖန်အိုးငယ်ကို လက်ဆောင်ပေးခြင်းဖြင့် အိမ်ရောင်းခြင်းကိစ္စကို ချောမွေ့စွာ ပြီးမြောက်နိုင်ကြောင်း လျှပ်တစ်ပြက်ဖုန်းရွှေ စာအုပ်များမှာ ဖတ်ရဖူးပါတယ်။
(၄) မိမိ အိမ်ကဲ့သို့ ခံစားမိစေရန် ပြုပြင်ထားခြင်း
ဒီအချက်လေးက အလွန်ပင် အရေးကြီးပါတယ်။ ဝယ်မည့်သူ သို့မဟုတ် ငှားမည့်သူဟာ ဒီအိမ်ကို ဝယ်တော့ ငှားတော့မယ်ဆိုရင် မိမိ အိမ်ဖြစ်တော့မှာဆိုတော့ ၎င်းပိုင်ဆိုင်တဲ့ အိမ်ကဲ့သို့ ခံစားမိစေရန် ပြုပြင်ထားခြင်းဟာလည်း ထိရောက်မယ့် နည်းလမ်းလေး ဖြစ်ပါတယ်။ ရွှေ့ပြောင်းခြင်းမပြုမည့် ပရိဘောဂပစ္စည်းများကို ပိတ်ဆို့တားဆီးထားသကဲ့သို့သော ပစ္စည်းပစ္စယများ မရှိစေရန် ရှင်းလင်းပေးထားခြင်းဟာ ဝယ်ယူမည့်သူအား အိမ်ဝယ်ရန် ကြည့်ရှုစဉ် မိမိ ပိုင်ဆိုင်သကဲ့သို့ ခံစားရစေတယ်လို့ အိမ်ငှားသူ ဝယ်သူ များထံမှ သိရဖူးပါတယ်။
(၅) အိမ်အမြန်ရောင်းထွက်စေမည့် ပန်းချီကား စီမံထားခြင်း
ဆရာရန်အောင်ဟိန်း ( B.Sc ) ရေးသားသော လျှပ်တစ်ပြက်ဖုန်းရွှေ စာအုပ်မှာတော့ အိမ်ရှေ့ရှိ လိပ်စာရေးထားသော ကဒ်ပြားပေါ်တွင် ရောင်းမည့်အိမ်ကို ရိုက်ထားသော ဓါတ်ပုံနှင့်အတူ ရောင်းမည်ဟူသော စာတန်းကိုပါ ရေးကာ ယင်းကဒ်ပြားကို ထောက်တိုင်ခံ၍ အပေါ်မှ ငှက်တစ်ကောင် နားနေပုံကို ရေဆွဲပြီး အိမ်ဝတွင် ချိတ်ဆွဲထားပေးခြင်းဟာလည်း အိမ်အမြန် ရောင်းထွက်စေမယ့် အစီအမံကောင်း တစ်ခု ဖြစ်ကြောင်း ဖတ်ရဖူးပါတယ်။ အိမ်ပတ်ဝန်းကျင်မှ ပေါင်းပင် မြက်ပင်များကိုလည်း သန့်ရှင်းနေအောင် ရှင်းလင်း ထားရပါမယ်။ ဒီအချက်လေးတွေ ပြင်ဆင်ရတာဟာ အပန်းလည်း မကြီးသည့်အပြင် လွယ်လည်း လွယ်ကူတဲ့ အချက်လေးတွေဖြစ်တာကြောင့် ပြင်ဆင်ထားပြီး ဆွဲဆောင်ရောင်းငှားနိုင်ရန် တင်ပြပေးလိုက်ပါတယ်။
Ref : Myanmar Property News
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties