By Sint Sint, Shweproperty.com
Updated at 22 September 2020
အိမ်ရောင်းချင်တဲ့သူတွေအတွက် ဒီအချိန်ဟာ အခက်အခဲဆုံးအချိန်ဖြစ်ပါတယ်။အိမ်ခြံမြေဈေးကွက်အတွင်းမှာ တန်ဖိုးသင့် အိမ်ရာတွေ အရောင်းအဝယ်ရှိနေပါသေးတယ်။
ဒါပေမယ့် နည်းလမ်းမှန်မှန်နဲ့ရောင်းမယ်ဆိုရင် မိမိရောင်းချင်တဲ့အိမ် ၊ တိုက်ခန်းကို အမြန်ဆုံးရောင်းထွက်နိုင်မှာဖြစ်ပါတယ်။အိမ်ခြံမြေရောင်းဝယ်ခြင်းနဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးရှိပေမယ့် အကောင်းဆုံးနည်းလမ်းကို ရှာဖွေသင့်ပါတယ်။
လက်ရှိအိမ်ရောင်းချနေသူတွေအများစုဟာ အွန်လိုင်းစနစ်ကို အားပြုရောင်းချနေကြတာတွေ့ရပါတယ်။အွန်လိုင်းကနေတစ်ဆင့်ရောင်းချခြင်းဟာလည်း လက်ရှိအခြေအနေနဲ့ကိုက်ညီမှုရှိပေမယ့် ရေရှည်မှာ မိမိရဲ့နေအိမ် ၊တိုက်ခန်းကို ရောင်ချမယ်ဆိုရင် အွန်လိုင်းစနစ်တစ်ခုတည်းကို သုံးလို့မရပါ။
ဒါဆိုရင် မိမိရောင်းချင်တဲ့အိမ် ၊ တိုက်ခန်းကို အမြန်ဆုံးရောင်းချနိုင်ဖို့အတွက် နည်းလမ်းတွေကဘာတွေဖြစ်မလဲ?
၁။ ဈေးကွက်အတွင်း မိမိရောင်းမယ့်အိမ်ရဲ့ ပေါက်ဈေးကို စုံစမ်းပါ။
၂။ ပြင်ဆင်မွမ်းမံပါ။
၃။ အွန်လိုင်းနဲ့ offline အသုံးပြုပြီး အိမ်ခြံမြေအရောင်းအဝယ်လုပ်နေတဲ့ အိမ်ခြံမြေ agent ကိုရှာဖွေပါ စတဲ့အချက်တွေလုပ်ဆောင်ရမှာဖြစ်ပါတယ်။
၁။ ဈေးကွက်အတွင်း မိမိရောင်းမယ့်အိမ်ရဲ့ ပေါက်ဈေးကို စုံစမ်းပါ
- ကိုယ်ရောင်းချင်တဲ့အိမ်က ဈေးကွက်အတွင်းပေါက်ဈေးထက်ဈေးမကြီးဖို့အရေးကြီးပါတယ်။ ဈေးကြီးနေရင်ရောင်းထွက်ဖို့ခက်ပါလိမ့်မယ်။ ဒါကြောင့် အွန်လိုင်းနဲ့ အေးဂျင့်တွေကဆင့် ရောင်းချင်တဲ့အိမ် ၊ တိုက်ခန်းရဲ့ ဈေးကွက်အတွင်းပေါက်ဈေးကို စုံစမ်းပါ။
၂။ ပြင်ဆင်မွမ်းမံပါ
- မီးဖိုချောင် ၊ ဧည့်ခန်း ၊ အိပ်ခန်း နှင့် ရေချိုးခန်းအိမ်သာတွေ လိုအပ်ရင် ပြင်ဆင်မွမ်းမံပါ။ ဆေးရောင်တွေဟောင်းနွမ်းနေပါက ပြန်ပြင်ပါ။ အထူးသဖြင့် ဧည့်ခန်းနဲ့ အိမ်အတွင်းမှာ စိမ်းလန်းတဲ့အပင်တွေလှလှပပ ထားပါ။
၃။ အွန်လိုင်းနဲ့ offline အသုံးပြုပြီး အိမ်ခြံမြေအရောင်းအဝယ်လုပ်နေတဲ့ အိမ်ခြံမြေ agent ကိုရှာဖွေပါ
- ၇၇ ရာခိုင်နှုန်းလောက် အိမ်ရှာဖွေသူတွေစုစည်းတဲ့ အေးဂျင့်မှာ အရောင်းတင်ပါ။ အေးဂျင့်နဲ့အပ်နှံတဲ့အခါမှာလည်း အွန်လိုင်းနဲ့ offline ကိုအသုံးပြုတဲ့အေးဂျင့်ကို ရွေးချယ်ပါ။
ဒါမှမဟုတ် ခိုင်မာပြီး ယုံကြည်မှုအားကောင်းတဲ့ ပွဲစားနဲ့ အပ်နှံပါ။ဒီအချက်တွေအတိုင်းလိုက်နာပြီး လုပ်ဆောင်မယ် ဆိုရင် မိမိရဲ့အိမ်ကို အမြန်ဆုံးအရောင်းသွက်စေမှာဖြစ်ပါတယ်။
Written By : Mahar (ShweProperty.com)
Photo Credit : Novahomes & Google
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties