By Sint Sint, Shweproperty.com
Updated at 3 December 2020
Unicode
တစ်နေ့သ၌ အဘမင်းသိင်္ခသည် တပည့်များနှင့်လက်ဖက်ရည်ဝိုင်းဖွဲ့သောက်ရင်း ဗေဒင်နှင့်ပက်သက်သော ဗဟုသုတများကို ပြောပြနေလေ၏။"တစ်ခါတုန်းကတောက ကျောင်းအုပ်ဆရာကြီးတစ်ယောက်ဟာ ဗေဒင်ဆရာကြီးတစ်ယောက်ဆီကို ဗေဒင်လာမေးတယ်။ အဲဒီဗေဒင်ဆရာကြီးက ခင်ဗျားဘော်လီအင်္ကျီချုပ်စားပါလို့ ရောက်ရောက်ချင်းပြောလိုက်တော့ ကျောင်းအုပ်ဆရာကြီးဟာတရူးရူးနဲ့ဒေါသထွက်ပြီး ကျုပ်ကကျောင်းအုပ်ဆရာကြီးဗျ၊ ဘော်လီအကျင်္ီချုပ်တာနဲ့ဘာဆိုင်လို့လဲ၊ ကျောင်းကိစ္စပဲဟောစမ်းပါဗျာလို့ပြန်ပြောသတဲ့။ ဗေဒင်ဆရာကြီးကတော့ ဘောလီချုပ်စားဖို့ပဲစဉ်းစားပါဗျာလို့ပဲ တွင်တွင်ကြီးပြောနေတော့သတဲ့။
ဒါနဲ့ ကျောင်းအုပ်ဆရာကြီးလည်း စိတ်ဆိုးမာန်ဆိုးနဲ့ပြန်သွားတော့တာပေါ့။ သိပ်မကြာပါဘူး တန်ဆောင်တိုင်ပွဲတော်ရက် ရောက်လာတယ်။ အဲဒီကျောင်းအုပ်ကြီးရဲ့အိမ်ကမြစ်ကမ်းဘေးမှာ၊ မြစ်ကိုကျောပေးပြီးဆောက်ထားတာ။ ရပ်ရွာထဲကလူရူပ်ကလေးတွေဟာ ဘောလီအမြန်ချုပ်သည်ဆိုတဲ့ဆိုင်းဘုတ်ကြီးတစ်ခုကိုဖြုတ်လာကြပြီး ကျောင်းအုပ်ဆရာကြီးရဲ့ မြစ်ဘက်အခြမ်းက အိမ်နံရံမှာ ကပ်ထားလိုက်ကြပါလေရော့ဟေ့။ ရွာတွေကနေ ကောက်စိုက်သမတွေဟာ အဖွဲ့လိုက်၊ အစုလိုက် လှေတွေနဲ့မြို့ကို တက်ပြီးစျေးဝယ်လာကြတယ်။ ကောက်စိုက်သမဆိုတာတွေကလည်း တစ်ယောက်လုပ်ရင်အကုန်ဝိုင်းလုပ်ကြတာကွ။
ကျောင်းအုပ်ကြီးရဲ့အိမ်မှာချိတ်ထားတဲ့ ဘောလီအမြန်ချုပ်သည်ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်းမြင်ရော တစ်ယောက်ကစပြီး ဟဲ့ငါတော့ဘော်လီချုပ်ဦးမယ်လို့ပြောလိုက်တော့ အားလုံးကလည်း သူလည်းချုပ်မယ်၊ ငါလည်းချုပ်မယ်ဆိုပြီးဖြစ်ကုန်ပါလေရော။ အဲ့ဒီမှာတင် ကောက်စိုက်သမတစ်အုပ်ကြီးဟာ ကျောင်းအုပ်ကြီးရဲ့အိမ်ထဲကိုလက်ပံပင်ဆက်ရက်ကျသလို ဝင်လာကြပြီး ဘောလီတွေသူ့ထက်ငါအပ်ကြပါလေရောဟေ့။ ကျောင်းအုပ်ကြီးကတော်မှာက အိမ်သုံးအပ်ချုပ်စက်ကလေးရှိနေတယ်။ ကျောင်းအုပ်ကြီးက ငါ့ကိုဘာမှတ်နေသလဲ ငါကကျောင်းအုပ်ကြီးဘာညာဆိုပြီး မျက်နှာကြီးရဲပြီး ကောက်စိုက်သမတွေကိုမောင်းထုတ်ပေမယ့် ကောက်စိုက်သမတွေကတော့ သူတို့ကိုနောက်နေတယ်အောက်မေ့ပြီး တဟီးဟီးတဝါးဝါးနဲ့ ပိုတောင်ဆိုးနေကြသေးတော့ တာပေါ့။ အဲဒီမှာတင် ကျောင်းအုပ်ကြီးကတော်က မိန်းမဆိုတော့ လိုချင်မျက်စိရှိနေတော့လည်း အားလုံးပေါင်းဆယ့်နှစ်ယောက်ဆိုတော့ ဘော်လီဆယ့်နှစ်ထည်ချုပ်ရရင်လည်းဘယ်နည်းမှာလဲ လက်ခံထားလိုက်ပါ လို့ဝင်ပြောပါလေရောဟေ့။
ဒီလိုနဲ့ကျောင်းအုပ်ကြီးကတော်က ဘော်လီတွေကိုလက်ခံပြီးချုပ်ပေးလိုက်တာ အဲဒီလက်ရာကိုသဘောကျလွန်းလို့ဆိုပြီး သတင်းကကြီးသွားပြီး နောက်ထပ်နောက်ထပ် အခြားအခြားသောရွာတွေကကောက်စိုက်သမတွေဟာ လှေတွေထိုးထိုးဆိုက်ကြပြီး ဘော်လီတွေတွင်တွင်ကြီးအပ်ကြပါလေရော့ဟေ့။ နေ့ခင်းပိုင်းမှာ ကျောင်းအုပ်ကြီးကတော်တစ်ယောက်ချုပ်ရုံနဲ့တင်မနိုင်တော့ တာနဲ့ ညဘက်တွေဆိုရင် ကျောင်းအုပ်ကြီးကပါလူတွေမမြင်အောင်တံခါးတွေအလုံပိတ်ပြီး ဘော်လီဝင်ချုပ်ရတဲ့ဘဝရောက်သွား တယ်။နောက်ပိုင်းမှာ အပ်ထည်တွေကများသထက်များလာလေတော့ ကျောင်းအုပ်ကြီးခမျာခွင့်ပါယူပြီးဘော်လီချုပ်ရတော့သတဲ့။ နောက်ဆုံးကြတော့ မထူးပါဘူးလေ ဘော်လီချုပ်တဲ့ငွေကအရမ်းကောင်းနေပါတယ်ဆိုပြီး တစ်ခါတည်းအငြိမ်းစားယူပြီး ပေါ်ပေါ် တင်တင် မျက်မှန်ကြီးတကားကားနဲ့ စက်ခုံမှာထိုင်ပြီး ဘောလီချုပ်စားရတဲ့ဘဝကို ရောက်သွားပါတော့သတဲ့ဗျာ။”
ကျွနု်ပ်တို့လည်း လက်ဖက်ရည်ခွက်ကိုယ်စီကိုရှေ့တွင်ချရင်း အဘပြောသမျှကို စိတ်ဝင်တစားဖြင့် နားထောင်မှတ်သား ကြရလေ၏။ ထိုသို့လျှင် မိမိ၀ါသနာပါသောအလုပ်၊ လုပ်ကိုင်သောအလုပ်ကတစ်မျိုး၊ အကျိုးပေးသောအလုပ်ကတခြားဆိုသည်များ မကြာမကြာတွေ့ဖူးကြပေလိမ့်မည်။ လူတစ်ဦးချင်းစီ၏မွေးဖွားသောဇာတာကိန်းခန်းကိုအကြောင်းပြု၍ ထိုသို့လျှင် အကျိုး ပေးသောအလုပ်များကွဲပြားသွားနိုင်သကဲ့သို့ မိမိနေထိုင်သောအိမ်နံပါတ်၊ ခြံနံပါတ်၊ အခန်းနံပါတ်များကိုအကြောင်းပြု၍လည်း အကျိုးပေးထက်သန်သည့်အလုပ်များ ကွဲပြားသွားနိုင်ပေသည်။ သို့ဖြစ်၍ အဘမင်းသိင်္ခထံမှ ကျွနု်ပ်ရရှိခဲ့သော ဗေဒင်ပညာအဝ၀နှင့် နှစ်ပေါင်း၂ဝရှိလာခဲ့ပြီဖြစ်သော ကျွနု်ပ်၏ဗေဒင်ဆရာဘဝသက်တမ်းမှအတွေ့အကြုံအရပ်ရပ်အား ပေါင်းစပ်ပြီးလျှင် မိတ်ဆွေ တို့မှီတင်းနေထိုင်ရာ အိမ်နံပါတ်၊ ခြံနံပါတ်၊ အခန်းနံပါတ်များအလိုက် အကျိုးပေးထက်သန်နိုင်သောလုပ်ငန်းများအား ရေးသားလိုက်ရပေတော့သတည်း။
၁၊ ၁၀၊ ၁၉၊၂၈၊ ၃၇၊ ၄၆၊ ၅၅၊ ၆၄ စသည်ဖြင့်ပေါင်းလိုက်လျှင် ၁ဂဏန်းရသောအိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် မကြာခဏနေရာပြောင်းရွှေ့ရသောအလုပ်များ၊ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ပက်သက်သောအလုပ်များ၊ စာအုပ်စာတမ်း၊ စာပေနှင့်ပက်သက်သောအလုပ်များ၊ တီထွင်ကြံဆရသောအလုပ်များ၊ မွေးမြူရေး-တိရစ္ဆာန်နှင့်ပက်သက်သောအလုပ်များ၊ အိမ်ခြံမြေဆိုင်ရာအလုပ်များ အကျိုးပေးထက်သန်တတ်ပါသည်။
၂၊ ၁၁၊၂၀၊၂၉ ၊၃၈ ၊၄၇ ၊၅၆ ၊ ၆၅ စသည်ဖြင့်ပေါင်းလိုက်လျှင် ၂ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် အမျိုးသမီးများနှင့်ပက်သက်သောအလုပ်များ၊ ပရဟိတကူညီလှူဒါန်းထောက်ပံ့ရေးအလုပ်များ၊ ငွေရေးကြေးရေးလုပ်ငန်းများ၊ တရားဥပဒေနှင့်ပက်သက်သောလုပ်ငန်းများ၊ အလှအပ၊ အနုပညာနှင့်ပက်သက်သောအလုပ်များ၊ ကုန်သည်ပွဲစားအရောင်းအ ဝယ်အလုပ်များ၊ စာအုပ်စာပေလုပ်ငန်းများ အကျိုးပေးထက်သန်တတ်ပါသည်။
၃၊ ၁၂၊ ၂၁၊ ၃၀၊ ၃၉၊ ၄၈၊ ၅၇၊ ၆၆ စသည်ဖြင့်ပေါင်းလိုက်လျှင် ၃ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် နိုင်ငံခြားနှင့်ကူးသန်းဆက်သွယ်သောအလုပ်များ၊ ကိုယ်ဝန်ဆောင်နှင့်သားဖွားခြင်းဆိုင်ရာလုပ်ငန်းများ၊ အရိုးအကြောကုသခြင်း ဆိုင်ရာအလုပ်များ၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ၊ အသီးအနှံနှင့်ပက်သက်သောလုပ်ငန်းများ အကျိုးပေးထက်သန်တတ်ပါသည်။
၄၊ ၁၃၊ ၂၂၊ ၃၁၊ ၄၀၊ ၄၉၊ ၅၈၊ ၆၇ စသည်ဖြင့်ပေါင်းလိုက်လျှင် ၄ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် ရုံးဌာနများ၊ ရဲစခန်း၊ တရားရုံး၊ ဥပဒေနှင့်ပက်သက်သော၊ အုပ်ချုပ်ရေးနှင့်ပက်သက်သောအလုပ်များ၊ ခွဲစိတ်ကုသမူဆိုင်ရာအလုပ် များ၊ ဓါတုဗေဒဆိုင်ရာအလုပ်များ၊ အပေါင်ဆိုင်ကဲ့သို့သောအလုပ်များ အကျိုးပေးထက်သန်တတ်ပါသည်။
၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅၀၊ ၅၉၊ ၆၈ စသည်ဖြင့်ပေါင်းလိုက်လျှင် ၅ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင်-ပညာသင်ကြားရေးဆိုင်ရာအလုပ်များ ဘာသာရေးဆိုင်ရာအလုပ်များ၊ စာအုပ်စာပေနှင့်ပက်သက်သောအလုပ်များ၊ ငွေကြေးနှင့် ပက်သက်သော၊ ရတနာပစ္စည်းနှင့်ပက်သက်သောအလုပ်များ၊ အပြောင်းအရွေ့ဝန်ဆောင်မူအလုပ်များ၊ အကျိုးဆောင်အလုပ်များ ညှိနှိုင်းဖျန်ဖြေသောအလုပ်များ၊ အာမခံလုပ်ငန်းများ၊ အရောင်းဆိုင်များ အကျိုးပေးထက်သန်တတ်ပါသည်။
၆၊ ၁၅၊ ၂၄၊ ၃၃၊ ၄၂၊ ၅၁၊ ၆၀၊ ၆၉ စသည်ဖြင့်ပေါင်းလိုက်လျှင် ၆ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင်-အနုပညာဆိုင်ရာအလုပ်များ၊ အလှအပဆိုင်ရာအလုပ်များ၊ သီချင်းဂီတ၊ အသံနှင့်ပက်သက်သောအလုပ်များ၊ ရေထွက်ကုန်၊ အဖျော်ယမကာ၊ ရေနှင့်ပက်သက်သောအလုပ်များ၊ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေးအလုပ်များ၊ အလှူမင်္ဂလာခန်းမအလှ ဆင်ခြင်းဆိုင်ရာအလုပ်များ အကျိုးပေးထက်သန်တတ်ပါသည်။
၇၊ ၁၆၊ ၂၅၊ ၃၄၊ ၄၃၊ ၅၂၊ ၆၁၊ ၇၀ စသည်ဖြင့်ပေါင်းလိုက်လျှင် ရဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် မော်တော်ကား၊ ယာဉ်ရထား၊ စက်မူဆိုင်ရာအလုပ်များ၊ အားကစားဆိုင်ရာအလုပ်များ၊ ဘာသာရေးဆိုင်ရာအလုပ်များ၊ ကူညီ ကယ်ဆယ်ရေးဆိုင်ရာနှင့်ပရဟိတအလုပ်များ၊ ပင်လယ်ရပ်ခြားနှင့်ပက်သက်သောအလုပ်များ၊ အနုပညာဆိုင်ရာအလုပ်များ၊ ဓါတ်ဆီ၊ ထင်း၊ မီးသွေး၊ လောင်စာနှင့်ပက်သက်သောအလုပ်များ အကျိုးပေးထက်သန်တတ်ပါသည်။
၈၊ ၁၇၊ ၂၆၊ ၃၅၊ ၄၄၊ ၅၃၊ ၆၂၊ ၇၁ စသည်ဖြင့်ပေါင်းလိုက်လျှင် ၈ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် ကျန်းမာရေးနှင့်ကုသရေးဆိုင်ရာလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ဖြန့်ချိရောင်းချရေးအလုပ်များ၊ ကျန်းမာရေးစစ်ဆေးစမ်းသပ်ခြင်း အလုပ်များ၊ နိဗ္ဗ္ဗန်ကုန်နှင့်ဘာသာရေးဆိုင်ရာပစ္စည်းအလုပ်များ၊ တရားဥပဒေဆိုင်ရာအလုပ်များ၊ ရှေးဟောင်းပစ္စည်းဆိုင်ရာအလုပ် များ အကျိုးပေးထက်သန်တတ်ပါသည်။
၉၊ ၁၈၊ ၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃၊ ၇၂ စသည်ဖြင့်ပေါင်းလိုက်လျှင် ၉ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် ဘာသာရေးဆိုင်ရာအလုပ်များ၊ ပညာရေးနှင့်သင်ကြားရေးဆိုင်ရာအလုပ်များ၊ ခရီးလှည့်လည်ကူးသန်းသွားလာရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ သက်ကြီးရွယ်အိုများနှင့်ဆိုင်သောအလုပ်များ၊ လျှပ်စစ်မီးအလင်းနှင့်ပက်သက်သောအလုပ်များ၊ ဆက် သွယ်ရေးဆိုင်ရာအလုပ်များ၊ မွေးမြူရေး တိရစ္ဆာန်နှင့်ပက်သက်သောအလုပ်များ၊ လမ်းတံတားဆိုင်ရာအလုပ်များ အကျိုးပေး ထက်သန်တတ်ပါသည်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ်ခြံမြေ ဝယ်ယူလိုသူများ သတိပြုစရာ ၁၀ ပေ X ပေ ၆၀ မြေကွက်ကို ဝယ်မည်ဆိုလျှင်
အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ မြေဝယ်လျှင် သတိပြုသင့်သည့် စာရွက်စာတမ်းအတုများ
အိမ် မြေ တိုက်ခန်းများအား ဝယ်ဖို့စရန်ပေးပြီးလျှင် ထပ်မံ ပြန်ရောင်းလို့ ရလား
Zawgyi
အိမ္နံပါတ္၊ ၿခံနံပါတ္၊ အခန္းနံပါတ္မ်ားအလိုက္ အက်ိဳးေပးထက္သန္ႏိုင္ေသာလုပ္ငန္းမ်ား
တစ္ေန႔သ၌ အဘမင္းသိခၤသည္ တပည့္မ်ားႏွင့္လက္ဖက္ရည္ဝိုင္းဖြဲ႕ေသာက္ရင္း ေဗဒင္ႏွင့္ပက္သက္ေသာ ဗဟုသုတမ်ားကို ေျပာျပေနေလ၏။"တစ္ခါတုန္းကေတာက ေက်ာင္းအုပ္ဆရာႀကီးတစ္ေယာက္ဟာ ေဗဒင္ဆရာႀကီးတစ္ေယာက္ဆီကို ေဗဒင္လာေမးတယ္။ အဲဒီေဗဒင္ဆရာႀကီးက ခင္ဗ်ားေဘာ္လီအက်ႌခ်ဳပ္စားပါလို႔ ေရာက္ေရာက္ခ်င္းေျပာလိုက္ေတာ့ ေက်ာင္းအုပ္ဆရာႀကီးဟာတ႐ူး႐ူးနဲ႔ေဒါသထြက္ၿပီး က်ဳပ္ကေက်ာင္းအုပ္ဆရာႀကီးဗ်၊ ေဘာ္လီအက်ၤီခ်ဳပ္တာနဲ႔ဘာဆိုင္လို႔လဲ၊ ေက်ာင္းကိစၥပဲေဟာစမ္းပါဗ်ာလို႔ျပန္ေျပာသတဲ့။ ေဗဒင္ဆရာႀကီးကေတာ့ ေဘာလီခ်ဳပ္စားဖို႔ပဲစဥ္းစားပါဗ်ာလို႔ပဲ တြင္တြင္ႀကီးေျပာေနေတာ့သတဲ့။ ဒါနဲ႔ ေက်ာင္းအုပ္ဆရာႀကီးလည္း စိတ္ဆိုးမာန္ဆိုးနဲ႔ျပန္သြားေတာ့တာေပါ့။
သိပ္မၾကာပါဘူး တန္ေဆာင္တိုင္ပြဲေတာ္ရက္ ေရာက္လာတယ္။ အဲဒီေက်ာင္းအုပ္ႀကီးရဲ႕အိမ္ကျမစ္ကမ္းေဘးမွာ၊ ျမစ္ကိုေက်ာေပးၿပီးေဆာက္ထားတာ။ ရပ္႐ြာထဲကလူ႐ူပ္ကေလးေတြဟာ ေဘာလီအျမန္ခ်ဳပ္သည္ဆိုတဲ့ဆိုင္းဘုတ္ႀကီးတစ္ခုကိုျဖဳတ္လာၾကၿပီး ေက်ာင္းအုပ္ဆရာႀကီးရဲ႕ ျမစ္ဘက္အျခမ္းက အိမ္နံရံမွာ ကပ္ထားလိုက္ၾကပါေလေရာ့ေဟ့။ ႐ြာေတြကေန ေကာက္စိုက္သမေတြဟာ အဖြဲ႕လိုက္၊ အစုလိုက္ ေလွေတြနဲ႔ၿမိဳ႕ကို တက္ၿပီးေစ်းဝယ္လာၾကတယ္။ ေကာက္စိုက္သမဆိုတာေတြကလည္း တစ္ေယာက္လုပ္ရင္အကုန္ဝိုင္းလုပ္ၾကတာကြ။
ေက်ာင္းအုပ္ႀကီးရဲ႕အိမ္မွာခ်ိတ္ထားတဲ့ ေဘာလီအျမန္ခ်ဳပ္သည္ဆိုတဲ့ ဆိုင္းဘုတ္ကိုလည္းျမင္ေရာ တစ္ေယာက္ကစၿပီး ဟဲ့ငါေတာ့ေဘာ္လီခ်ဳပ္ဦးမယ္လို႔ေျပာလိုက္ေတာ့ အားလုံးကလည္း သူလည္းခ်ဳပ္မယ္၊ ငါလည္းခ်ဳပ္မယ္ဆိုၿပီးျဖစ္ကုန္ပါေလေရာ။ အဲ့ဒီမွာတင္ ေကာက္စိုက္သမတစ္အုပ္ႀကီးဟာ ေက်ာင္းအုပ္ႀကီးရဲ႕အိမ္ထဲကိုလက္ပံပင္ဆက္ရက္က်သလို ဝင္လာၾကၿပီး ေဘာလီေတြသူ႔ထက္ငါအပ္ၾကပါေလေရာေဟ့။ ေက်ာင္းအုပ္ႀကီးကေတာ္မွာက အိမ္သုံးအပ္ခ်ဳပ္စက္ကေလးရွိေနတယ္။ ေက်ာင္းအုပ္ႀကီးက ငါ့ကိုဘာမွတ္ေနသလဲ ငါကေက်ာင္းအုပ္ႀကီးဘာညာဆိုၿပီး မ်က္ႏွာႀကီးရဲၿပီး ေကာက္စိုက္သမေတြကိုေမာင္းထုတ္ေပမယ့္ ေကာက္စိုက္သမေတြကေတာ့ သူတို႔ကိုေနာက္ေနတယ္ေအာက္ေမ့ၿပီး တဟီးဟီးတဝါးဝါးနဲ႔ ပိုေတာင္ဆိုးေနၾကေသးေတာ့ တာေပါ့။ အဲဒီမွာတင္ ေက်ာင္းအုပ္ႀကီးကေတာ္က မိန္းမဆိုေတာ့ လိုခ်င္မ်က္စိရွိေနေတာ့လည္း အားလုံးေပါင္းဆယ့္ႏွစ္ေယာက္ဆိုေတာ့ ေဘာ္လီဆယ့္ႏွစ္ထည္ခ်ဳပ္ရရင္လည္းဘယ္နည္းမွာလဲ လက္ခံထားလိုက္ပါ လို႔ဝင္ေျပာပါေလေရာေဟ့။
ဒီလိုနဲ႔ေက်ာင္းအုပ္ႀကီးကေတာ္က ေဘာ္လီေတြကိုလက္ခံၿပီးခ်ဳပ္ေပးလိုက္တာ အဲဒီလက္ရာကိုသေဘာက်လြန္းလို႔ဆိုၿပီး သတင္းကႀကီးသြားၿပီး ေနာက္ထပ္ေနာက္ထပ္ အျခားအျခားေသာ႐ြာေတြကေကာက္စိုက္သမေတြဟာ ေလွေတြထိုးထိုးဆိုက္ၾကၿပီး ေဘာ္လီေတြတြင္တြင္ႀကီးအပ္ၾကပါေလေရာ့ေဟ့။ ေန႔ခင္းပိုင္းမွာ ေက်ာင္းအုပ္ႀကီးကေတာ္တစ္ေယာက္ခ်ဳပ္႐ုံနဲ႔တင္မႏိုင္ေတာ့ တာနဲ႔ ညဘက္ေတြဆိုရင္ ေက်ာင္းအုပ္ႀကီးကပါလူေတြမျမင္ေအာင္တံခါးေတြအလုံပိတ္ၿပီး ေဘာ္လီဝင္ခ်ဳပ္ရတဲ့ဘဝေရာက္သြား တယ္။ေနာက္ပိုင္းမွာ အပ္ထည္ေတြကမ်ားသထက္မ်ားလာေလေတာ့ ေက်ာင္းအုပ္ႀကီးခမ်ာခြင့္ပါယူၿပီးေဘာ္လီခ်ဳပ္ရေတာ့သတဲ့။ ေနာက္ဆုံးၾကေတာ့ မထူးပါဘူးေလ ေဘာ္လီခ်ဳပ္တဲ့ေငြကအရမ္းေကာင္းေနပါတယ္ဆိုၿပီး တစ္ခါတည္းအၿငိမ္းစားယူၿပီး ေပၚေပၚ တင္တင္ မ်က္မွန္ႀကီးတကားကားနဲ႔ စက္ခုံမွာထိုင္ၿပီး ေဘာလီခ်ဳပ္စားရတဲ့ဘဝကို ေရာက္သြားပါေတာ့သတဲ့ဗ်ာ။”
ကြၽႏု္ပ္တို႔လည္း လက္ဖက္ရည္ခြက္ကိုယ္စီကိုေရွ႕တြင္ခ်ရင္း အဘေျပာသမွ်ကို စိတ္ဝင္တစားျဖင့္ နားေထာင္မွတ္သား ၾကရေလ၏။ ထိုသို႔လွ်င္ မိမိ၀ါသနာပါေသာအလုပ္၊ လုပ္ကိုင္ေသာအလုပ္ကတစ္မ်ိဳး၊ အက်ိဳးေပးေသာအလုပ္ကတျခားဆိုသည္မ်ား မၾကာမၾကာေတြ႕ဖူးၾကေပလိမ့္မည္။ လူတစ္ဦးခ်င္းစီ၏ေမြးဖြားေသာဇာတာကိန္းခန္းကိုအေၾကာင္းျပဳ၍ ထိုသို႔လွ်င္ အက်ိဳး ေပးေသာအလုပ္မ်ားကြဲျပားသြားႏိုင္သကဲ့သို႔ မိမိေနထိုင္ေသာအိမ္နံပါတ္၊ ၿခံနံပါတ္၊ အခန္းနံပါတ္မ်ားကိုအေၾကာင္းျပဳ၍လည္း အက်ိဳးေပးထက္သန္သည့္အလုပ္မ်ား ကြဲျပားသြားႏိုင္ေပသည္။ သို႔ျဖစ္၍ အဘမင္းသိခၤထံမွ ကြၽႏု္ပ္ရရွိခဲ့ေသာ ေဗဒင္ပညာအဝ၀ႏွင့္ ႏွစ္ေပါင္း၂ဝရွိလာခဲ့ၿပီျဖစ္ေသာ ကြၽႏု္ပ္၏ေဗဒင္ဆရာဘဝသက္တမ္းမွအေတြ႕အႀကဳံအရပ္ရပ္အား ေပါင္းစပ္ၿပီးလွ်င္ မိတ္ေဆြ တို႔မွီတင္းေနထိုင္ရာ အိမ္နံပါတ္၊ ၿခံနံပါတ္၊ အခန္းနံပါတ္မ်ားအလိုက္ အက်ိဳးေပးထက္သန္ႏိုင္ေသာလုပ္ငန္းမ်ားအား ေရးသားလိုက္ရေပေတာ့သတည္း။
၁၊ ၁၀၊ ၁၉၊၂၈၊ ၃၇၊ ၄၆၊ ၅၅၊ ၆၄ စသည္ျဖင့္ေပါင္းလိုက္လွ်င္ ၁ဂဏန္းရေသာအိမ္နံပါတ္၊ အခန္းနံပါတ္၊ ၿခံနံပါတ္မ်ားတြင္ မၾကာခဏေနရာေျပာင္းေ႐ႊ႕ရေသာအလုပ္မ်ား၊ ခရီးသြားလာေရး၊ သယ္ယူပို႔ေဆာင္ေရးႏွင့္ပက္သက္ေသာအလုပ္မ်ား၊ စာအုပ္စာတမ္း၊ စာေပႏွင့္ပက္သက္ေသာအလုပ္မ်ား၊ တီထြင္ႀကံဆရေသာအလုပ္မ်ား၊ ေမြးျမဴေရး-တိရစာၦန္ႏွင့္ပက္သက္ေသာအလုပ္မ်ား၊ အိမ္ၿခံေျမဆိုင္ရာအလုပ္မ်ား အက်ိဳးေပးထက္သန္တတ္ပါသည္။
၂၊ ၁၁၊၂၀၊၂၉ ၊၃၈ ၊၄၇ ၊၅၆ ၊ ၆၅ စသည္ျဖင့္ေပါင္းလိုက္လွ်င္ ၂ဂဏန္းရေသာ အိမ္နံပါတ္၊ အခန္းနံပါတ္၊ ၿခံနံပါတ္မ်ားတြင္ အမ်ိဳးသမီးမ်ားႏွင့္ပက္သက္ေသာအလုပ္မ်ား၊ ပရဟိတကူညီလႉဒါန္းေထာက္ပံ့ေရးအလုပ္မ်ား၊ ေငြေရးေၾကးေရးလုပ္ငန္းမ်ား၊ တရားဥပေဒႏွင့္ပက္သက္ေသာလုပ္ငန္းမ်ား၊ အလွအပ၊ အႏုပညာႏွင့္ပက္သက္ေသာအလုပ္မ်ား၊ ကုန္သည္ပြဲစားအေရာင္းအ ဝယ္အလုပ္မ်ား၊ စာအုပ္စာေပလုပ္ငန္းမ်ား အက်ိဳးေပးထက္သန္တတ္ပါသည္။
၃၊ ၁၂၊ ၂၁၊ ၃၀၊ ၃၉၊ ၄၈၊ ၅၇၊ ၆၆ စသည္ျဖင့္ေပါင္းလိုက္လွ်င္ ၃ဂဏန္းရေသာ အိမ္နံပါတ္၊ အခန္းနံပါတ္၊ ၿခံနံပါတ္မ်ားတြင္ ႏိုင္ငံျခားႏွင့္ကူးသန္းဆက္သြယ္ေသာအလုပ္မ်ား၊ ကိုယ္ဝန္ေဆာင္ႏွင့္သားဖြားျခင္းဆိုင္ရာလုပ္ငန္းမ်ား၊ အ႐ိုးအေၾကာကုသျခင္း ဆိုင္ရာအလုပ္မ်ား၊ စိုက္ပ်ိဳးေရးေမြးျမဴေရးလုပ္ငန္းမ်ား၊ အသီးအႏွံႏွင့္ပက္သက္ေသာလုပ္ငန္းမ်ား အက်ိဳးေပးထက္သန္တတ္ပါသည္။
၄၊ ၁၃၊ ၂၂၊ ၃၁၊ ၄၀၊ ၄၉၊ ၅၈၊ ၆၇ စသည္ျဖင့္ေပါင္းလိုက္လွ်င္ ၄ဂဏန္းရေသာ အိမ္နံပါတ္၊ အခန္းနံပါတ္၊ ၿခံနံပါတ္မ်ားတြင္ ႐ုံးဌာနမ်ား၊ ရဲစခန္း၊ တရား႐ုံး၊ ဥပေဒႏွင့္ပက္သက္ေသာ၊ အုပ္ခ်ဳပ္ေရးႏွင့္ပက္သက္ေသာအလုပ္မ်ား၊ ခြဲစိတ္ကုသမူဆိုင္ရာအလုပ္ မ်ား၊ ဓါတုေဗဒဆိုင္ရာအလုပ္မ်ား၊ အေပါင္ဆိုင္ကဲ့သို႔ေသာအလုပ္မ်ား အက်ိဳးေပးထက္သန္တတ္ပါသည္။
၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅၀၊ ၅၉၊ ၆၈ စသည္ျဖင့္ေပါင္းလိုက္လွ်င္ ၅ဂဏန္းရေသာ အိမ္နံပါတ္၊ အခန္းနံပါတ္၊ ၿခံနံပါတ္မ်ားတြင္-ပညာသင္ၾကားေရးဆိုင္ရာအလုပ္မ်ား ဘာသာေရးဆိုင္ရာအလုပ္မ်ား၊ စာအုပ္စာေပႏွင့္ပက္သက္ေသာအလုပ္မ်ား၊ ေငြေၾကးႏွင့္ ပက္သက္ေသာ၊ ရတနာပစၥည္းႏွင့္ပက္သက္ေသာအလုပ္မ်ား၊ အေျပာင္းအေ႐ြ႕ဝန္ေဆာင္မူအလုပ္မ်ား၊ အက်ိဳးေဆာင္အလုပ္မ်ား ညႇိႏႈိင္းဖ်န္ေျဖေသာအလုပ္မ်ား၊ အာမခံလုပ္ငန္းမ်ား၊ အေရာင္းဆိုင္မ်ား အက်ိဳးေပးထက္သန္တတ္ပါသည္။
၆၊ ၁၅၊ ၂၄၊ ၃၃၊ ၄၂၊ ၅၁၊ ၆၀၊ ၆၉ စသည္ျဖင့္ေပါင္းလိုက္လွ်င္ ၆ဂဏန္းရေသာ အိမ္နံပါတ္၊ အခန္းနံပါတ္၊ ၿခံနံပါတ္မ်ားတြင္-အႏုပညာဆိုင္ရာအလုပ္မ်ား၊ အလွအပဆိုင္ရာအလုပ္မ်ား၊ သီခ်င္းဂီတ၊ အသံႏွင့္ပက္သက္ေသာအလုပ္မ်ား၊ ေရထြက္ကုန္၊ အေဖ်ာ္ယမကာ၊ ေရႏွင့္ပက္သက္ေသာအလုပ္မ်ား၊ ခရီးသြားလာေရး၊ သယ္ယူပို႔ေဆာင္ေရးအလုပ္မ်ား၊ အလႉမဂၤလာခန္းမအလွ ဆင္ျခင္းဆိုင္ရာအလုပ္မ်ား အက်ိဳးေပးထက္သန္တတ္ပါသည္။
၇၊ ၁၆၊ ၂၅၊ ၃၄၊ ၄၃၊ ၅၂၊ ၆၁၊ ၇၀ စသည္ျဖင့္ေပါင္းလိုက္လွ်င္ ရဂဏန္းရေသာ အိမ္နံပါတ္၊ အခန္းနံပါတ္၊ ၿခံနံပါတ္မ်ားတြင္ ေမာ္ေတာ္ကား၊ ယာဥ္ရထား၊ စက္မူဆိုင္ရာအလုပ္မ်ား၊ အားကစားဆိုင္ရာအလုပ္မ်ား၊ ဘာသာေရးဆိုင္ရာအလုပ္မ်ား၊ ကူညီ ကယ္ဆယ္ေရးဆိုင္ရာႏွင့္ပရဟိတအလုပ္မ်ား၊ ပင္လယ္ရပ္ျခားႏွင့္ပက္သက္ေသာအလုပ္မ်ား၊ အႏုပညာဆိုင္ရာအလုပ္မ်ား၊ ဓါတ္ဆီ၊ ထင္း၊ မီးေသြး၊ ေလာင္စာႏွင့္ပက္သက္ေသာအလုပ္မ်ား အက်ိဳးေပးထက္သန္တတ္ပါသည္။
၈၊ ၁၇၊ ၂၆၊ ၃၅၊ ၄၄၊ ၅၃၊ ၆၂၊ ၇၁ စသည္ျဖင့္ေပါင္းလိုက္လွ်င္ ၈ဂဏန္းရေသာ အိမ္နံပါတ္၊ အခန္းနံပါတ္၊ ၿခံနံပါတ္မ်ားတြင္ က်န္းမာေရးႏွင့္ကုသေရးဆိုင္ရာလုပ္ငန္းမ်ား၊ ေဆးဝါးထုတ္လုပ္ျဖန႔္ခ်ိေရာင္းခ်ေရးအလုပ္မ်ား၊ က်န္းမာေရးစစ္ေဆးစမ္းသပ္ျခင္း အလုပ္မ်ား၊ နိဗၺၺန္ကုန္ႏွင့္ဘာသာေရးဆိုင္ရာပစၥည္းအလုပ္မ်ား၊ တရားဥပေဒဆိုင္ရာအလုပ္မ်ား၊ ေရွးေဟာင္းပစၥည္းဆိုင္ရာအလုပ္ မ်ား အက်ိဳးေပးထက္သန္တတ္ပါသည္။
၉၊ ၁၈၊ ၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃၊ ၇၂ စသည္ျဖင့္ေပါင္းလိုက္လွ်င္ ၉ဂဏန္းရေသာ အိမ္နံပါတ္၊ အခန္းနံပါတ္၊ ၿခံနံပါတ္မ်ားတြင္ ဘာသာေရးဆိုင္ရာအလုပ္မ်ား၊ ပညာေရးႏွင့္သင္ၾကားေရးဆိုင္ရာအလုပ္မ်ား၊ ခရီးလွည့္လည္ကူးသန္းသြားလာေရးလုပ္ငန္းမ်ား၊ သုေတသနလုပ္ငန္းမ်ား၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ဆိုင္ေသာအလုပ္မ်ား၊ လွ်ပ္စစ္မီးအလင္းႏွင့္ပက္သက္ေသာအလုပ္မ်ား၊ ဆက္ သြယ္ေရးဆိုင္ရာအလုပ္မ်ား၊ ေမြးျမဴေရး တိရစာၦန္ႏွင့္ပက္သက္ေသာအလုပ္မ်ား၊ လမ္းတံတားဆိုင္ရာအလုပ္မ်ား အက်ိဳးေပး ထက္သန္တတ္ပါသည္။
ဖတ္ရႈမႈအမ်ားအဆုံး အိမ္ၿခံေျမဗဟုသုတမ်ား
အိမ္ၿခံေျမ ဝယ္ယူလိုသူမ်ား သတိျပဳစရာ ၁၀ ေပ X ေပ ၆၀ ေျမကြက္ကို ဝယ္မည္ဆိုလွ်င္
အိမ္ၿခံေျမဝယ္ယူလိုသူမ်ား သတိျပဳစရာ ေျမဝယ္လွ်င္ သတိျပဳသင့္သည့္ စာ႐ြက္စာတမ္းအတုမ်ား
အိမ္ ေျမ တိုက္ခန္းမ်ားအား ဝယ္ဖို႔စရန္ေပးၿပီးလွ်င္ ထပ္မံ ျပန္ေရာင္းလို႔ ရလား
Credit : mm-homedecor
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties