By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 18 June 2018
၂၀၁၈ ခုနှစ်တွင် အိမ်ရာဝယ်ယူသူများအတွက် နှစ်ရှည်ဘဏ်ချေးငွေရယူပြီး အိမ်ရာဝယ်ယူနိုင်သည့် အခွင့်အလမ်းများ ရှိလာသည်။
ထိုအခွင့်အလမ်းများကို အမိရဖမ်းဆုတ်နိုင်ဖို့ နှစ်ရှည်ဘဏ်ချေးငွေရယူရန် လိုအပ်သည့် စာရွက်စာတမ်း အချက်အလက်များကို သိရန်လိုအပ်ပေသည်။
အိမ်ရာဝယ်ယူရန် နှစ်ရှည်ဘဏ်ချေးငွေလျှောက်ထားရာတွင် ဘဏ်များ၌ ကွားပြားခြားနားမှုများရှိသည်။ ထို့ကြောင့် AYA Bank တွင် နှစ်ရှည် အိမ်ရာချေးငွေရယူပါက
၁။ Basic Personal Documents
(ပုဂ္ဂိုလ်ရေးဆိုင်ရာ အခြေခံစာရွက်စာတမ်းများ)
- NRC (မှတ်ပုံတင်မိတ္တူ)
- Household List (သန်းခေါင်စာရင်းမိတ္တူ)
- Original Testimonial Letter from Ward administration Office (ရပ်ကွက်ထောက်ခံစာ မူရင်း)
- Original Testimonial Letter from Police Station (ရဲစခန်းထောက်ခံစာမူရင်း)
၂။ Income Documents (ဝင်ငွေအထောက်အထားဆိုင်ရာ စာရွက်စာတမ်းများ)
(a) Salary Employed (ကုမ္ပဏီဝန်ထမ်း (သို့မဟုတ်) အစိုးရရုံးဝန်ထမ်းဖြစ်လျှင်)
- သက်ဆိုင်ရာ ကုမ္ပဏီ HR ထောက်ခံစာ (သို့) အစိုးရဌာန၏ ထောက်ခံစာ (သို့) ဝန်ထမ်းလစာ
- လစာပြေစာ (၃)လစာ
- (၆) လအတွင်း ဘဏ်စာရင်းရှင်းတမ်း (Bank Statement)
(b) Self Employed (ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူဖြစ်လျှင်)
- Business or Company Registration Documents (ကုမ္ပဏီ/ လုပ်ငန်းနှင့် ပတ်သက်သော မှတ်ပုံတင်စာရွက်စာတမ်းများ)
- Income / Financial Statement (Operation Account) (အရှုံးအမြတ်စာရင်း)
- Tax Receipts (အမြတ်ခွန်ပြေစာများ)
၃။ Property Documents (အဆောက်အအုံဆိုင်ရာ စာရွက်စာတမ်းများ)
- အဆောက်အအုံ တည်နေရာ ၊ အကျယ်အဝန်း၊ အရောင်းပမာဏတို့ဖော်ပြထားသည့် အရောင်းအဝယ်သဘောတူစာချုပ် (မြေရှင်လက်မှတ်ပါရှိရန်လိုအပ်သည်)
(ဝယ်ယူလိုသည့် အိမ်အမျိုးအစားအပေါ်မူတည်၍ အဆောက်အအုံ ဆိုင်ရာအခြားစာရွက်စာတမ်းအချို့ကိုလည်း တင်ပြရန်လိုအပ်နိုင်သည်။)
စသည့်အချက်အလက်များပြည့်စုံပါက အိမ်ရာ ဝယ်ယူရန် နှစ်ရှည်ချေးငွေလျှောက်ထားရာတွင် လွယ်ကူချောမွေ့စေမည်ဖြစ်သည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Youtube
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties