By Kumudra, Shweproperty.com
Updated at 13 May 2019
မေး။ ။ အခွန်ဆောင်ဖို့လိုအပ်တယ်ဆိုတာကို ဘယ်လိုသိနိုင်မှာလဲ။
ဖြေ။ ။ ပြည်ထောင်စုရဲ့အခွန်ကောက်ဥပဒေမှာ နိုုင်ငံသားဘယ်သူမဆိုအခြေ ပစ္စည်းတစ်ရပ်ရပ်ကိုဝယ်ယူမယ်၊ တည် ဆောက်မယ်ဆိုရင် အခွန်ကောက်ခံတဲ့နှုန်းထားတွေကို သိထားဖို့လိုအပ်တယ်၊ အခြေပစ္စည်းဆိုတာက အိမ်ခြံမြေတိုက်ခန်းကိုဆိုလိုတာပါ။ ဒါတွေဝယ်ယူရင် ဥပဒေအရအခွန်ဆောင်ရပါမယ်။ မြေကွက်မှာလည်း အမည်ပေါက်ပြောင်းမယ်ဆိုရင်တော့ ဝယ်ခွန်ဆောင်ပြီးသားပြေစာ ပါမှ ပြောင်းပေးတာ ဖြစ်ပါတယ်။
မေး။ ။ အခွန်ဆောင်ရမယ်ဆိုရင် ဘယ်လောက်ဆောင်ရမလဲ။
ဖြေ။ ။ ရန်ကုန်တိုင်းမှာဆိုရင် မြို့နယ်အလိုက် တိုက်ခန်းအထပ်ပေါ်မူတည်ပြီး တစ်စတုရန်းပေပေါ်မှာ တန်ဖိုးတွေကိုသတ် မှတ်ပေးဆောင်ရတာဖြစ်တယ်။ ဝယ်ပြီးအခွန်ဆောင်မယ်ဆိုရင် သတ်မှတ်စံနှုန်းတွေ အတိုင်းဆောင် ရွက်ရမှာဖြစ်တယ်။ ဝယ်ခွန် ဆောင်မယ်ဆိုရင်သက်ဆိုင်တဲ့ တန်ဖိုးဖြတ်အဖွဲ့ကိုဝယ်ယူပြီး ရက်ပေါင်း ၃၀ အတွင်းလျှောက်ထားရမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ရက် ကျော်ရင်အခွန်ပေးဆောင်ရမှာပဲ ဖြစ်ပါတယ်။ အခွန်ဆောင်တဲ့အခါ အရောင်းအဝယ်လုပ်ထားတဲ့ စာချုပ်နဲ့အတူလျှောက်လွှာဖြည့်စွက် တင်သွင်းရမှာဖြစ်ပါတယ်။
မေး။ ။ ပြန်ရောင်းရင်ရော အခွန်ဆောင်ရမှာလား။
ဖြေ။ ။ ပြန်ရောင်းရင်တော့ ဝယ်တုန်းကသတ်မှတ်ထားတဲ့ စံနှုန်းနဲ့ရောင်းတုန်းကရခဲ့တဲ့ အမြတ်မှာပဲ ၁၀ ရာခိုင်နှုန်းဆောင်ရ မှာဖြစ်တယ်။ ရောင်းရတဲ့ငွေပေါ်မှာဆောင်ရမှာ မဟုတ်ပါဘူး။ အချို့တိုက်ခန်းတွေက ပေါင်နှံတာတွေ၊ အရောင်းထပ်တာတွေ ဖြစ်လာရင် ဝယ်ခွန်ပေးဆောင်တာက အကောင်းဆုံးဖြစ်တယ်လို့သိရပါတယ်။
Ref : Kumudra
Photo Credit : Thepropertytimes
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties