By The Kumudra, Shweproperty.com
Updated at 28 December 2017
အခွန်ဆောင်ထားပြီးရင် ဘယ်လိုပြန်အသုံးပြုလို့ရတယ်ဆိုတာကို သိရှိမှုအားနည်းတာကြောင့် အများစုက အခွန်ဆောင်မှုနဲ့ အခွန်သံသရာ လည်ပြီး အခွန်ရှောင်မှုတွေ ဖြစ်နေတာလို့ သိရတယ်။အိမ်ခြံမြေရောင်းဝယ်မှုတွေမှာ အခွန်ရဲ့အကျိုးကို စီးပွားရေးသမားတချို့က အသုံးချပြီး ငွေရလမ်းမတင်ပြနိုင်သမျှကို ကြိုက်ဈေးပေးဝယ်ပြီး အခွန်ဆောင်ကာ ငွေဖြူပြနေကြတာလို့ သိရပါတယ်။
အရောင်းအဝယ်မှာ ရောင်းခွန် ဝယ်ခွန်ပေးဆောင်ကြရတာကို ရှောင်ကြတဲ့သူတွေက သာမန်သူတွေများတာပါ။ သတ်မှတ်ထားတဲ့ အခွန်နှုန်းထားနဲ့ ပေးဆောင်နေတဲ့ ပမာဏ များတာကြောင့်ဖြစ်တယ်။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က "သာမန်လူတစ်ယောက်က ဝယ်တယ်ဆိုရင် ဝယ်တဲ့ပမာဏရဲ့အခွန်ကို မပေးချင်ပဲ လျော့ပြီးချုပ်ချင်ကြတယ် ၊ တချို့မသိတဲ့သူတွေက မြေကွက်ရောင်းတိုက်ခန်းဝယ်တယ် ၊ မြေကွက်ဝယ်တုန်းကအခွန်ဆောင်ထားရင် တိုက်ခန်းဝယ်တဲ့အခါ ပမာဏ နည်းရင်းပေးစရာ မလိုတော့တာကို မသိဘဲ တစ်ခါဝယ် ၊ တစ်ခါပေးဆောင်နေကြတာတွေရှိတယ်" လို့ ပြောပါတယ်။
အခွန်တစ်ကြိမ်ဆောင်ထားပြီးရင် ဆောင်ပြီးသားငွေကို ပြန်အသုံးပြုလို့ရပါတယ်။ အခွန်ဆောင်ထားတာကြောင့် သုံးပိုင်ခွင့်က ဘယ်လိုပုံစံ ဆိုတာမျိုး သိပ်မသိကြတာပါ။
စီးပွားရေးနှင့်ဥပဒေလမ်းညွန် ဦးတင်သန်းဦးက "အခွန်ဆောင်ပြီး ငွေတွေကို ဘယ်လိုသုံးလို့ရတယ် ၊ ဘယ်လိုပြန်သုံးခြင်းနဲ့ကင်းလွတ်ခွင့်ရတယ် ၊ ပေးထားတယ်ဆိုတာ ဌာနဆိုင်ရာကရော ၊ ပြည်သူတွေရော အားနည်းနေတယ်" လို့ ပြောပါတယ်။
အခွန်ဆောင်ပြီးသားကို ဘယ်လိုပြန်သုံးပြီး ကင်းလွတ်ခွင့်ရတယ်ဆိုတာကို အခွန်ရုံးတွေကလည်း တိတိကျကျ မဆောင်ရွက်ပေးထားဘူးလို့ သူက ဆက်ရှင်းပြပါတယ်။
တရားဝင်အခွန်ဆောင်ထားတဲ့အခါ ဥပမာ-ကားတစ်စီးကို ကျပ်သိန်း ၁၀၀ နဲ့ပေးဝယ်ပြီး အခွန်သွင်းထားမယ် ၊ ကျသင့်တဲ့နှုန်းထားနဲ ့ ပေးသွင်းထားတာကြောင့် ငွေဖြူကျပ်သိန်း ၁၀၀ ကိုင်ဆောင်တယ်။ အခွန်ဆောင်ပြီးသားငွေဖြစ်သွားတယ် ။ တကယ်လို့ ကားကိုရောင်းပြီး ကျပ်သိန်း ၉၀ တခြားပစ္စည်းတစ်ခုကို ဝယ်မယ်ဆိုရင် အခွန်ကင်းလွတ်ခွင့် ရပြီးသားဖြစ်ကာ ထပ်ပြီးပေးဆောင်စရာမလိုတော့တာ့ဖြစ်တယ်လို့ သိရတယ်။
ဦးတင်သန်းဦးက "ဆောင်ထားတဲ့ငွေကို ဘယ်လိုသုံးရမယ်ဆိုတာ ၊ သုံးပိုင်ခွင့်ကို ဌာနဆိုင်ရာတွေက တိတိကျကျ အခွန်ထမ်းတွေအတွက် မဆောင်ရွက်ပေးတာတွေကလဲ ပြည်သူတွေနဲ့ အခွန်ယဉ်ကျေးမှုကို ကင်းကွာစေတဲ့ ပြသနာပါပဲ" လို့ပြောပါတယ်။
ဝင်ငွေခွန်ပေးဆောင်ရတဲ့ အခါမှာ ဝင်ငွေရလမ်းပြနိုင်တဲ့ငွေကို ပေးဆောင်စရာမလိုဘဲ ဝင်ငွေရလမ်းမပြနိုင်တဲ့ ငွေပမာဏကိုပဲ ပေးဆောင် ရတာဖြစ်ပါတယ်။
Ref : The Kumudra
Photo Credit : bizintelng
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties