By Myanmar Property News, Shweproperty.com
Updated at 4 October 2018
တိုက်ခန်းဝယ်ပြီဆိုရင်တော့ မရှိမဖြစ် စစ်ဖို့ လိုအပ်တာကတော့ အရောင်းအဝယ် ဆက်စပ်စာချုပ်အဆင့်ဆင့်ကို စစ်ဖို့ လိုအပ်သလို ဆက်စပ်စာချုပ်တိုင်းမှာလည်း မြေရှင်ရဲ့လက်မှတ် ပါရန် မမေ့ဖို့လိုအပ်ပါတယ်။ ဆက်စပ်စာချုပ် ဆိုတာကလည်း first owner မှ second owner ၊ second owner မှ third owner အဆင့်ဆင့် တစ်ယောက်ပြီးတစ်ယောက် နှစ်ဦးသဘောတူ အရောင်းအဝယ် ပြုလုပ်ထားကြတဲ့ စာချုပ်များ ဖြစ်ပါတယ်။ စည်ပင်၊ ကုမ္ပဏီ၊ အိုးအိမ်ပိုင် တိုက်ခန်းတွေဆိုရင်တော့ သက်ဆိုင်ရာရုံးခန်းကိုသွားပြီး Owner Book မှာ နာမည်ပေါက် ဖောက်လို့ ရပေမယ့် ပုဂ္ဂလိကမြေရှင် ပိုင်ဆိုင်တဲ့ တိုက်ခန်းတွေမှာတော့ အဆင့်ဆင့်ချုပ်ဆိုထားတဲ့ ဆက်စပ်စာချုပ်ပြနိုင်မှသာ ပိုင်ဆိုင်မှု အရှုပ်အရှင်း ခိုင်မာ မှန်ကန် မှာဖြစ်ပါတယ်။ တချို့ Owner တွေကျတော့ တိုက်ခန်းကို ပေါင်ထားပြီး အပေါင်လက်ခံသူနဲ့ နှစ်ဦးသဘောတူ အရောင်းအဝယ်စာချုပ်ချုပ်ဆို ထားပါတယ်။ ဒါပေမဲ့ အပေါင်လက်ခံသူမှာ ဆက်စပ်စာချုပ်မရှိသလို မြေရှင်လက်မှတ်လည်း မပါပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် တိုက်ခန်း မရွေးနိုင်လို့ ဖြစ်စေ၊ တခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ဆုံးရှုံးသွားတဲ့အခါ အပေါင်လက်ခံသူက ပြန်ရောင်းတဲ့ တိုက်ခန်းဆို သတိထားပြီး အရောင်းအဝယ်မလုပ်မိဖို့ လိုပါတယ်။ ဒါကြောင့် တိုက်ခန်းဝယ်တော့မယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ အကျိုးဆောင်ကုမ္ပဏီ (သို့) ရှေ့နေတွေနဲ့ ဆက်စပ် စာချုပ်နှင့် အရှုပ်အရှင်းကင်းရှင်းကြောင်း စစ်ဆေးပြီးမှ ဝယ်ယူသင့်ကြောင်း အကြံပြုလိုပါတယ်။ Ref : Myanmar Property News
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties