By Kumudra, Shweproperty.com
Updated at 24 June 2018
ဝယ်ရောင်းသမားတွေဟာ ဈေးနှုန်းချိုသာတဲ့ လယ်မြေတွေကိုဝယ်ယူပြီး အိမ်ကွက်တွေ ဖော်ထုတ်ကာ ပြန်လည်ရောင်းချတာတွေ ရှိလာတယ်။
လယ်မြေဥပဒေတွေ ပေါ်ပေါက်လာပြီးနောက်ပိုင်း လယ်ယာမြေအရောင်းအဝယ်ဟာ အိမ်ခြံမြေအရောင်းအဝယ်နဲ့ အပြိုင်အဆိုင်ဖြစ်နေပြီး ဈေးနှုန်း နည်းပါးတဲ့ လယ်မြေတွေက အရောင်းအဝယ်ပိုကောင်းခဲ့တယ်လို့ သိရပါ တယ်။
အိမ်ခြံမြေဈေးနှုန်း ကြီးမားလာတဲ့အတွက် အိမ်ခြံမြေ လောက မှာ ဝယ်ရောင်းသမားတွေဟာ ဈေးနှုန်းချိုသာတဲ့ လယ်မြေတွေကို ဝယ်ယူပြီး အိမ်ကွက်တွေ ဖော်ထုတ်ကာ ပြန်လည်ရောင်းချတာတွေ ရှိလာတယ်။
ဥပဒေလွှတ်တော် အကျိုးဆောင်တစ်ဦးက “မသိနားမလည် တဲ့သူတွေက ဈေးနှုန်းချိုသာတဲ့ လယ်ကွက်တွေကိုဝယ်ပြီး အခြေချ နေထိုင်ကြတယ်၊ အမှန်တကယ် ဆိုရင် လယ်ယာမြေတွေက လူနေ ထိုင်ခွင့် အဆင့်ဆင့်လျှောက်ထားရတယ်”လို့ ပြောပါတယ်။
အထောက်အထားတွေ
လယ်မြေပြေစာသာရှိတဲ့ လယ်ယာမြေကွက်ကို လယ်ယာ မြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ရဖို့ ပထမဦးစွာလျှောက်ရပြီး ရတဲ့ အခါမှသာ တရားဝင်ပြန်ရောင်းချခွင့်ရှိကြောင်း သိရပါတယ်။ ပုံစံ-၇ ရပြီး လယ်မြေကို အခြားနည်း အသုံးပြုခွင့် (လူနေထိုင်ခွင့်ရရှိဖို့) အတွက် တိုးပွားလာတဲ့ လူဦးရေနဲ့ အိမ်ထောင်စုတွေအတွက် နေရာပေးဖို့အတွက်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ စာကြည့်တိုက်၊ ဈေးတွေအတွက်၊ စက်မှုလယ်ယာ အတွက် ဂိုဒေါင်နဲ့ အဆောက်အအုံ လိုအပ်ရင် အချက်အလက်တွေ ပြည့်စုံမှ အသုံးပြုခွင့်ပေးတယ်လို့ သိရပါတယ်။ အခြားနည်း အသုံးပြုခွင့်ရထားပြီး လုပ်ငန်းမလုပ် ဆောင်ရင် ပြန်သိမ်းယူခံရမှာ ဖြစ် တယ်လို့ သိရပါတယ်။
လုပ်ငန်းစဖို့ လို
လယ်ယာမြေဥပဒေပုဒ်မ-၃၁ အရ အ ခြားနည်း အသုံးပြုခွင့်ရရှိ ပြီးနောက် ခွင့်ပြုတဲ့နေ့ကစပြီး ခြောက်လအတွင်း လယ်ယာမြေ ကို သတ်မှတ်တဲ့ နည်းလမ်းအတိုင်း အသုံးပြုရ မှာဖြစ်ကြောင်း သိရပါတယ်။ အသုံးပြုခဲ့ရင် သတ်မှတ်ကာလမှာ လုပ်ငန်းတွေကို ပြီးအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ခြောက်လတစ်ကြိမ်စိစစ်
အဲသည်လို ဆောင်ရွက်ခြင်းတွေ မပြုလုပ်ရင် လယ်ယာမြေစီမံ ခန့်ခွဲမှုအနေနဲ့ လယ်ယာမြေကို ပြန်သိမ်းယူနိုင်ပြီး လယ်ယာမြေ စီ မံခန့်ခွဲမှုအနေနဲ့ လယ်ယာမြေအခြား အသုံးပြုခွင့်ရရှိမှာဖြစ်တယ်။ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို စစ်ဆေးပြီး ခရိုင်လယ်ယာ မြေစီမံ ခန့်ခွဲမှုအဖွဲ့ကို ခြောက်လ တစ်ကြိမ် တင်ပြရမှာ ဖြစ်ပါတယ်။
အဆောက်အအုံတွေ ဖယ်ရှားရမည်
လယ်ယာမြေဥပဒေပုဒ်မ ၃၀ (က) နဲ့ (ခ) အရ လယ်ယာမြေ အ ခြားနည်း အသုံးပြုခွင့် လျှောက်ထားဆဲ လုပ်ငန်းလည်ပတ်နေတဲ့ လုပ်ငန်းရှင်တွေကို လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ (လဝ) အရ လယ် ယာမြေပေါ်မှာ ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက် အအုံတွေကိုဖယ်ရှားဖို့ ဝန်ကြီးဌာန က လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အမိန့်ချမှတ်မှာဖြစ်ကြောင်း သိရပါတယ်။
ဦးတိုက်လျှောက်ထား
လယ်ယာမြေဥပဒေပုဒ်မ ၂၀ အရ လိုက်နာတာတွေမရှိရင် တ ရား ရုံးကို ဦးတိုက်လျှောက်ထား တရားစွဲဆိုသွားဖို့ ဆောင်ရွက်မှာ ဖြစ်ပြီး တရားစွဲဆိုတဲ့အခါ အဘက်ဘက်က သုံးသပ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်နေကြောင်း သိရပါ တယ်။
တရားစွဲဆို
မြို့နယ် လယ်ယာစီမံခန့်ခွဲမှု အဖွဲ့က သက်ဆိုင်ရာမြို့နယ် တ ရားရုံးကို လယ်ယာမြေဥပဒေပုဒ်မ ၂၀ အရ တရားစွဲဆိုဆောင်ရွက်ဖို့ တိုင်ပင်လျှောက်ထားခြင်းတွေရှိ ကြောင်း တွေ့ရပါတယ်။
အရေးယူမရ
၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၁) နဲ့ ပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေ အရ ဖွဲ့စည်းတာဝန်ပေးခဲ့တဲ့ လယ် ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို လယ်ယာမြေဥပဒေပုဒ်မ ၄၀ အရ ဥပဒေ နဲ့အညီ နည်းဥပဒေနဲ့ သဘောရိုးနဲ့ ဆောင်ရွက်တဲ့ကိစ္စတွေမှာ အရေးယူ ဆောင်ရွက်ခွင့်မရကြောင်း သိရပါတယ်။
ဥပဒေအရအရေးယူ
ပြစ်မှုထင်ရှားရင် သက်ဆိုင် ရာ ဝန်ကြီးဌာနအလိုက်ဌာနဆိုင် ရာ က စုံစမ်းစစ်ဆေးပြီး နိုင်ငံဝန် ထမ်း ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။
ပုဒ်မ ၂၀ အရ
အမှန်တကယ် စိုက်ပျိုးမရနိုင်တဲ့ လယ်မြေတွေကို အခြားနည်း သုံးစွဲခွင့်ရရှိထားတဲ့ လုပ်ငန်းဖော်ဆောင်မှုမရှိရင် လယ်ယာမြေ ဥပဒေပုဒ်မ ၂၀ အရ အရေးယူခံရမှာ ဖြစ်ပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties