By Social News, Shweproperty.com
Updated at 3 October 2018
မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်ပကစီးပွားရေးလုပ်ငန်းတွေ ဝင်ရောက်လာတာနဲ့အမျှနိုင်ငံခြား သားတွေနေထိုင်ဖို့ အိမ်ရာတွေလိုအပ်ချက်ကများလာပါတယ်။ လက်ရှိမှာဆောက်လုပ်ရေးလုပ်ငန်းတွေက အဆင့်မြင့်အိမ်ခန်းတွေ၊ ကွန်ဒိုတွေဆောက်လုပ်နေတယ်ဆိုပေမယ့် တစ်ယောက်စ၊ နှစ်ယောက်စငှားနေတဲ့သူ အတွက်တော့ မတတ်နိုင်တဲ့ပမာဏပါ။
သည်တော့ အိမ်အငှားဈေးကွက်က ဆက်လက်အားကောင်းနေဆဲပါ။ အိမ်ပိုင်ရှင်တွေအနေနဲ့ မိမိအိမ်ကို နိုင်ငံခြားသားအိမ်ငှားတင်ချင်တယ်ဆိုရင် သိထားသင့်၊ လုပ်ဆောင်ထားသင့်တဲ့အချက်လေးတွေ ဖော်ပြပေး ပါမယ်။
၁။ အိမ်ရဲ့တည်နေရာ
နိုင်ငံခြားသားတွေးအနေနဲ့ အကြိုက်များတာတော့ မြို့တွင်းပိုင်းမြို့နယ်တွေပါ။ အထူးသဖြင့် ပန်းခြံတို့၊ ရေကန် တို့နဲ့နီးပြီး မနက်စောစောအားကစားလုပ်လို့ကောင်းတဲ့ နေရာမျိုးတွေဆို ပိုကြိုက်ပါတယ်။ ဒါကြောင့်မို့ ဗဟန်း၊ ကမာရွတ်၊ ရန်ကင်း၊ မရမ်းကုန်းမြို့နယ်တွေကအိမ်တွေကို ဦးစားပေးလိုချင်ကြပါတယ်။ ဒီလိုဆိုလို့ တခြားမြို့နယ် ကအိမ်တွေရော…။ ရန်ကုန်မြို့တွင်းမှာ နေရာကျယ်ကျယ်ဆိုတာကတော်တော်ရှားလို့ သူတို့လည်းသိပ်တော့ ရွေးစရာမရှိပါဘူး။ ကိုယ့်ရဲ့အိမ်ဟာပြန်လည်ပြုပြင်ထားမယ်၊ သန့်ရှင်းသပ်ရပ်မှုရှိမယ်၊ ပတ်ဝန်းကျင်လည်း ကောင်းမွန်တယ် ဈေးလည်းသိပ်မများဘူးဆိုရင်တော့ ငှားကြမှာပါ။
၂။ လုံးချင်းအိမ်၊ ကွန်ဒို၊ တိုက်ခန်း
လုံးချင်းအိမ်ကတော့ လှမ်းမမှီတဲ့ ပန်းဧကရီ လို့ဘဲပြောရမလား။ ရန်ကုန်ရဲ့အဆင့်မြင့်အိမ်ဈေးနှုန်းတွေကြောင့် တော်ရုံလူတော့ အနားမကပ်နိုင်တာအမှန်ပါဘဲ။သည်တော့ကွန်ဒိုအခန်းတွေနဲ့ နေရာကောင်းတဲ့တိုက်ခန်းကျယ် တွေကပိုအငှားသွက်ပါတယ်။ အနီးပါတ်ဝန်းကျင်မှာ ဈေးဝယ်စင်တာတွေ၊ အားကစားခန်းမတွေ၊ အေးအေးဆေး ဆေးထိုင်လို့တဲ့ ကော်ဖီဆိုင်လိုမျိုး ဆိုင်လေးတွေရှိတဲ့နေရာတွေကို သဘောကျပါတယ်။ ခြွင်းချက်အနေနဲ့ တချို့ တွေ အထူးသဖြင့်အသက်ငယ်တဲ့သူတွေကတော့ လူစည်ကားတဲ့ မြို့ထဲလိုနေရာတွေကိုသဘောကျပါတယ်။ အသန့်ကြိုက်ပါတယ်ဆိုတဲ့နိုင်ငံခြားသားတွေ ညှော်နံ့တထောင်းထောင်းနဲ့ ၁၉လမ်းကိုမကြိုက်တဲ့လူရှားပါတယ်။
၃။ အိမ်တွင်းပါဝင်သင့်သောပစ္စည်းများ
ဒါကအရေးကြီးပါတယ်။ နိုင်ငံခြားသားဆိုတာက မြန်မာနိုင်ငံမှာအလုပ်လုပ်ဖို့လာတာပါ။ သည်တော့သူတို့အနေ နဲ့အိမ်တွင်းပရိဘောဂတွေတစ်ပုံကြီးဝယ်ဖို့ စိတ်မဝင်စားပါဘူး။ လက်ဆွဲအိတ်လေးတစ်လုံးလောက်ဘဲဆွဲပြီး အဆင်သင့်တက်နေချင်တာပါ။ အဲဒီအစားအိမ်ငှားခကိုဘဲ ပိုပေးပြီးနေဖို့သဘောကျပါတယ်။အိမ်တွင်းပရိဘောဂ ဆိုရာမှာလည်း အခြေခံပစ္စည်းတွေဖြစ်တဲ့ စားပွဲ၊ ဗီဒို၊ ကုလားထိုင်၊ ကုတင်တွေ၊ ရေခဲသေတ္တာ၊အဝတ်လျှော်စက် တီဗွီလောက်ပါရင်ရပါပြီ။ အရေးကြီးတာတစ်ခုက အဲယားကွန်းပါ။ ဦးစားပေးစာရင်းထဲမှာထိပ်ဆုံးကပါ။
၄။ အိမ်ငှားခ
အရေးအကြီးဆုံးအပိုင်းကိုရောက်လာပါပြီ။ နိုင်ငံခြားသားတစ်ယောက်အဖို့ ပတ်ဝန်းကျင်သန့်သန့် သူတို့လိုချင် တဲ့အထက်ကအချက်တွေပြည့်စုံတယ်ဆိုရင် တိုက်ခန်းလောက်ဆိုရင်တောင် ဒေါ်လာ ၄၀၀၊ ၅၀၀ လောက်ပေး နိုင်ပါတယ်။ ကွန်ဒိုဆိုရင်လည်း ဒေါ်လာ ၁၅၀၀၊၂၀၀၀ လောက်တော့ပေးနေပါတယ်။ အရေးကြီးတာက ကိုယ့် အိမ်ဟာသပ်သပ်ရပ်ရပ်နဲ့ သူတို့လိုချင်တဲ့အချက်တွေပြည့်စုံနေဖို့လိုပါတယ်။ နောက်ထပ်တစ်ချက်က သူတို့တွေ ကအလုပ်လာလုပ်တာဖြစ်တဲ့အတွက် နှစ်ချုပ်ထက်လချုပ်ငှားရတာကိုပိုစိတ်ဝင်စားပါတယ်။
၅။ ကြော်ငြာ
ကိုယ်ကအိမ်ကို ပြင်ဆင်ထားပြီးပြီဆိုပါစို့။ ဒါပေမယ့်သူတို့မသိရင်တော့ ဘာမှမထူးပါဘူး။ သည်တော့သင့်အနေ နဲ့သင့်အိမ်ကိုသူတို့သိအောင်ကြော်ငြာဖို့လိုပါပြီ။ ပုံနှိပ်မီဒီယာတွေကနေကြော်ငြာတာ သူတို့ဆီတိုက်ရိုက်ရောက် ဖို့အခွင့်အလမ်းနည်းပါတယ်။ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်၊ အပေါင်းအသင်းတွေဆီကနေတစ်ဆင့်တော့ သိနိုင်ပေ မယ့် တစ်ဆင့်ခံဖြစ်နေပါမယ်။ အကောင်းဆုံးကတော့ အွန်လိုင်းမီဒီယာမှာကြော်ငြာခြင်းပါဘဲ။ အွန်လိုင်းယဉ်ကျေးမှုက သူတို့နဲ့ရင်းနှီးပြီးသာမို့ သင့်ကြော်ငြာကိုသူတို့တွေ့သွားဖို့ အခွင့်အလမ်းအများဆုံးပါဘဲ။ တစ်ခုရှိတာက ကြော်ငြာကိုမြင်လိုက်တာနဲ့နေချင်စိတ်ပေါက်လာအောင် ဓါတ်ပုံကောင်းကောင်း၊ အင်္ဂလိပ်လိုရေး ပြီးတင်ထားဖို့ပါဘဲ။
နိုင်ငံခြားသားအိမ်ငှားတင်တာနဲ့ပက်သက်ပြီး ကောင်းကွက်၊ဆိုးကွက်လေးတစ်ချို့ကိုလည်း ပြောပါရစေ။ ကောင်းကွက်အနေနဲ့ပြောရရင် အိမ်ငှားခပိုတောင်းလို့ကောင်းပါတယ်။ ပြီးတော့သူတို့က လူအများကြီးစုမနေ တော့အိမ်ထိခိုက်မှုနည်းပါတယ်။ အများစု (အကုန်တော့မဟုတ်ပါဘူး) ကသန့်သန့်ရှင်းရှင်းနေတတ်ပါတယ်။ ဒါတွေကကောင်းကွက်တွေပါ။ ဆိုးတာတွေကတော့ ဘာသာ၊ယဉ်ကျေးမှု မတူတတ်တဲ့အလျောက် အဆင်မပြေ တာလေးတွေရှိနိုင်ပါတယ်။ ပြီးတော့အသေးအမွှားလေးကအစ တစ်ခုခုအဆင်မပြေတိုင်းကိုယ့်ကို ပြဿနာရှာ တတ်ပါတယ်။ ဒီတော့ အကောင်းအဆိုးနှစ်ဘက်ကြားမှာ ဟန်ချက်ညီအောင်ထိန်းရင်း အိမ်ရှင်၊အိမ်ငှားအားလုံး အဆင်ပြေကြပါစေလို့ဆုတောင်းလိုက်ပါတယ်။
Ref : Social News
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties