By Kumudra, Shweproperty.com
Updated at 4 July 2018
နေထိုင်ဖို့အိမ်ဝယ်သူတွေအနေနဲ့ နေထိုင်ပြီးသားအိမ်တွေဝယ်ရင် ပြဿနာတွေ၊ အခက်အခဲတွေ ကြုံတတ်ပါတယ်။
အိမ်ဝယ်သူတွေက ပိုက်ဆံကုန်သက်သာအောင်နေထိုင်ပြီးသားလုံးချင်းအိမ်တွေ၊ တိုက်ခန်းတွေကို တစ်ဆင့်ပြန်ဝယ်တတ်ကြပါတယ်။ အိမ်တွေက နွေရာသီမှာအခက်အခဲတွေသိပ်မရှိပေမဲ့ မိုးများတဲ့ မိုးရာသီမှာဆိုရင်ကြုံတွေ့တတ်တဲ့ ပြဿနာတွေရှိပါတယ်။
မီးလိုင်း
တည်ဆောက်ထားတာကြာလာတဲ့ အိမ်တွေမှာ မီးလိုင်းတွေပျက်စီးသွားပါတယ်။ ဒါကြောင့် မီးလိုင်းတွေကို ပြန်စစ်ဆေးသင့်ပါတယ်။
အမိုးအကာ
အိမ်ဝယ်တော့မယ်ဆိုရင်မဖြစ်မနေ စစ်ဆေးသင့်တာက အမိုးအကာတွေပါပဲ။ အိမ်မှာ နှစ်ရှည်ကြာလာတာနဲ့အမျှ အမိုးတွေ၊ မျက်နှာကြက်တွေ၊ အကာတွေကပျက်စီးလာပါတယ်။
ဒါကြောင့် ပထမဆုံးအနေနဲ့မဝယ်မီမှာ ကျွမ်းကျင်သူတွေနဲ့မေးမြန်းသင့်ပြီးရွေးချယ်သင့်ပါတယ်။ ဘာကြောင့်လဲဆို ရင် ဝယ်ပြီးမှသိရင် ပြင်ဆင်စရိတ်က ပိုပြီး များနေပြီးတော့ စိတ်တိုင်းမကျဖြစ်နေတာတွေ ဖြစ်တတ်ပါတယ်။
ပတ်ဝန်းကျင်
အိမ်အနီးမှာ မြက်ပင်တွေ၊ ရေညှိတွေ၊ သစ်ကိုင်းတွေထိုးထွက်နေတာတွေရှိပါတယ်။ မီးဖိုချောင်တွေ၊ ဘေစင်တွေ၊ အိမ်ပတ်ဝန်းကျင်တွေကအစဂရုပြုသင့်ပါတယ်။
ဧည့်ခန်း
အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းတစ်ခုုမှာအရေးကြီးဆုံးနေရာတစ်ခုလည်းဖြစ်တယ်။ ဒါကြောင့် အိမ်တစ်အိမ်ရဲ့ဧည့်ခန်းကိုဂရုပြုသင့်ပါတယ်။
ဆေးရောင်
အိမ်တွေမှာဆိုရင် တစ်ခါတစ်လေတံခါးဆေးကွာတာ၊ နံရံဆေးကွာတာတွေ၊ ဘောင်တွေပွန်းတာတွေအစအစွန်းအထင်းထင်တာစေကအစပြုပြင်သင့်တယ်။ ဒါကြောင့် အိမ်ဝယ်မယ်ဆိုရင်အခက်အခဲ အများကြီး ကြုံတတ်ပါတယ်။
ခြံစည်ရိုး
လုံးချင်းအိမ်ဝယ်မယ်ဆိုရင် ခြံစည်းရိုးကလည်းအရေးကြီးပါတယ်။ ခြံဝန်းအပြင်အဆင်၊ သေသေသပ်သပ်နဲ့ထားနိုင်မှ အိမ်ကလည်းစနစ်တကျရှိနေနိုင်မှာ ဖြစ်ပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties