By Kumudra, Shweproperty.com
Updated at 24 June 2018
မြန်မာနိုုင်ငံကို နိုုင်ငံခြားသားဝင်ရောက်လာမှုများပြားလာပြီး လုံးချင်းအိမ်၊ ကွန်ဒို၊ တိုက်ခန်းတွေ ငှားတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲတချို့ရှိနေတယ်လို့ သိရပါတယ်။
အိမ်ငှားဆင်းသွားတဲ့အခါ အိမ်ပြန်ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ပေးရမှာက အိမ်ရှင်တွေရဲ့တာဝန်ဖြစ်ပါတယ်။ တချို့အိမ်ရှင်တွေကတော့ အိမ်ငှားဆင်းသွားပေမဲ့လိုအပ်တာတွေကိုပြင်ဆင်၊ ဆေးသုတ်ဖို့လိုရင် ဆေးသုတ် ပေးပြီးတော့ အသစ်နီးပါးဖြစ်အောင် ပြင်ဆင်ငှားရမ်းကြပါတယ်။
တချို့ကတော့ အနည်းငယ်ပျက်စီးနေရင် ပြန်မပြင်ပေးတော့ဘဲ အိမ်ငှားအသစ်ကိုဈေးလျှော့ပေးပြီးတော့ငှားကြတာ တွေရှိပါတယ်။ တချို့အိမ်ရှင်တွေက လုံးဝပြင်ဆင်ခြင်းမရှိဘဲထားကြတာတွေလည်းရှိပါတယ်။ တချို့ကအိမ်ငှားအသစ် တက်မှ အိမ်ငှားသူစိတ်ကြိုက်ပြန်ပြင်ဆင်ပေးကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။
တချို့အိမ်ရှင်တွေက အိမ်ငှားအသစ်က နေရာ၊ အခန်းအနေအထားကိုုကြိုက်မှ ပြင်ဆင်ပေးကြတယ်၊ အိမ်ငှားလိုသူတွေက လက်ရှိအခြေအနေကိုကြည့်ပြီး ငှားကြတာကိုတွေ့ရပါတယ်၊ ဘယ်လိုအနေအထားပဲဖြစ်နေနေ အခန်းအခြေအနေဆိုးရွားနေရင်သေချာပင်မကြည့်တော့ဘဲပြန်ကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီကသိရပါတယ်။
တစ်ခါတစ်ရံမှာ အိမ်ရှင်အိမ်ငှားဈေးတည့်သွား၍ အိမ်ငှားစိတ် ကြိုက်ပြင်ဆင်ပေးနေရင်းက မူလမျှော်လင့်ထားတဲ့ ကုန်ကျစရိတ်ထက်ပိုနေရင် အိမ်ရှင်ဘက်က ကတိဖျောက်ဖျက်တဲ့ကိစ္စတွေရှိနေတတ်ပါတယ်။ ပြင်ဆင်ပေးပေမဲ့ အိမ်ငှားစိတ်ကြိုက်မဖြစ်လာတဲ့ အခြေအနေရှိတတ်တယ်လို့သိရပါတယ်။
အဲသည်အခါမျိုးမှာဆိုရင် ပွဲမပျက်တာ၊ အိမ်ရှင်အိမ်ငှား နှစ်ဦးနှစ်ဖက်မပြေမလည်ဖြစ်ရတာတွေရှိတတ်ပါတယ်။ ဒါကြောင့် အိမ်ပိုင်ရှင်တွေအနေနဲ့ ပထမအိမ်ငှားဆင်း၍ အိမ်ပြန်ငှားဖို့ စီစဉ်တဲ့အခါပြင်ဆင်ထားသင့်ကြောင်း သိရပါတယ်။
Ref : Kumudra
Photo Credit : Google
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties