By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 2 July 2018
ဇူလိုင်လဟာ မိုးရာသီ ဖြစ်တာကြောင့် ဖုန်းရွှေပညာသဘောအရ ရေဓာတ်၊ အအေးဓာတ်ကို ဆောင်ပါတယ်။ ဖုန်းရွေပညာမှာ ရေဓာတ်ဟာ အလွန်ကောင်းမွန်တဲ့ ဓာတ်တစ်မျိုးဖြစ်တာကို ဖုန်းရွေပညာ လိုက်စားသူတော်တော်တော်များများ သိရှိပြီး ဖြစ်မှာပါ။ ဒီတော့ ဇူလိုင်လမှာ အေးချမ်းနေတဲ့ဓာတ်ကို နွေးထွေးမှုရှိလာအောင် အိမ်အတွင်းမှာ ထားသင့်တဲ့ အဆောင်လေးတွေကို ဖော်ပြလိုက်ပါတယ်။
ဖုန်းရွေပညာဟာ အိမ်ရဲ့ စီးပွားလာဘ်လာဘ တိုးတက်စေဖို့ ဂမ္ဘီရပညာနဲ့ အိမ်မှာ သက်တောင့်သက်သာနေထိုင်နိုင်စေမယ့် သိပ္ပံပညာရပ်တို့ကို ပေါင်းစပ်ထားတဲ့ ပညာရပ်တစ်ခုဖြစ်တာကြောင့် ဖုန်ရွှေပညာအတိုင်း အလွယ်တကူ လုပ်ဆောင်ခြင်းဖြင့် ရလဒ်ကောင်းတစ်ခု ရစေမှာပါ။
ဂျူလိုင်လအတွက် အိမ်မှာ ဆောင်ထားသင့်တဲ့ အဆောင်တွေကတော့
(၁) အဖြူရောင် အသုံးအဆောင်ပစ္စည်းများ
အဖြူရောင်ဟာ အိမ်အတွင်းပိုင်းနဲ့ ချောင်ကျတဲ့နေရာကို အလင်းပိုမိုရရှိစေပြီး သစ်သားဓာတ်ကို တိုးမြှင့်စေပါတယ်။ Dream Catcher အဖြူရောင်ကို အိမ်တံခါးဝမှာ ချိတ်ဆွဲပေးထားခြင်း၊ မိသားစုဓာတ်ပုံတွေကို အဖြူရောင်ဘောင်ဖြင့် ချိတ်ဆွဲပေးခြင်း၊ စားပွဲခင်း၊ လိုက်ကာများကို အဖြူဆွတ်ဆွတ် အထည်များ သုံးပေးခြင်းဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။
(၂) သစ်ပင်၊ ပန်းမန်းများ
အိမ်တွင်းမှာ သစ်ပင်စိုက်ပျိုးခြင်းက မိုးရာသီအတွက် အရေးကြီးဆုံး ဖုန်းရွှေအဆောင်တစ်ခုပါ။ ဒါပေမဲ့ အိမ်တွင်းမှာ စိုက်ပျိုးရမှာ ဖြစ်တာကြောင့် အပင်တိုင်း စိုက်ပျိုးလို့မရပါဘူး၊ မိုးရာသီနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပြီး ဖုန်းရွေပညာရပ်မှာပါ သင့်လျော်တဲ့ Lucky Bamboo ကို ဖူလိုင်လအတွက် ဦးစားပေး စိုက်ပျိုးသင့်ပါတယ်။ ဒါ့အပြင် အပွင့်ကြီးကြီး၊ အရောင်လွင်လွင် ပန်းတွေကို ပန်းအိုးထိုးထားခြင်းကလည်း နွေးထွေးတဲ့ ဓာတ်သဘောကို ကျရောက်စေပါတယ်။ အရောင်မှိုင်းတဲ့ပန်းတွေကိုတော့ လုံးဝမထိုးထားသင့်ပါဘူး။
(၃) ဖန်နဲ့ ပြုလုပ်ထားတဲ့ အလှဆင်ပစ္စည်းများ
ဖန်သား ဟာလည်း ဇူလိုင်လအတွက် သင့်အိမ်မှာ ထားရှိသင့်တဲ့ပစ္စည်းပါဘဲ။ ဒါကြောင့် အိမ်မှာ သိမ်းဆည်းထားတဲ့ ဖန်နဲ့ ပြုလုပ်တဲ့ အလှဆင်ပစ္စည်းတွေ ရှိတယ်ဆိုရင်တော့ အခုဘဲ ထုတ်ပြီး ဧည့်ခန်းမှာထားလိုက်ပါ။ ဖန်သားဟာ အိမ်တစ်အိမ်ရဲ့ ချီဓာတ်ကို တိုးပွားစေတာကြောင့် ဖန်အလှဆင်ပစ္စည်းလေးတွေ၊ ဖန်အရုပ်လေးတွေကို အသုံးပြုပေးပါ။ သတိထားစရာကတော့ ဖန်သားကို တောက်ပြောင်နေအောင် ထားဖို့ပါ။
ဒီအဆောင်ပစ္စည်းလေးတွေဟာ သင့်အိမ်ကို ဂုဏ်ကျက်သရေတက်စေတဲ့အပြင် အလှဆင်ရာလည်းရောက်တာကြောင့် လွယ်ကူရိုးရှင်းစွာ ပြုလုပ်နိုင်ပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Decordev
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties