By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 23 May 2018
စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမည့် သူများအနေဖြင့် မြေအသုံးခွင့်နှင့် ပတ်သက်ပြီး သိသင့်သည်များကို ဗဟုသုတ အဖြစ်ဖော်ပြပေးလိုက်ပါတယ်။
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အခန်း(၁၃) မြေအသုံးပြုခွင့်တွင်
၂၄။ ကော်မရှင်သည် နိုင်ငံတော်ထံမှ မြေငှားရမ်း လုပ်ကိုင်ခွင့်ရရှိသော ရင်းနှီးမြှုုပ်နှံသူအား မြေအသုံးပြုခွင့် ကာလကို စီးပွားရေး လုပ်ငန်း၊ စက်မှုလုပ်ငန်း သို့မဟုတ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အမျိုးအစားနှင့် ရင်းနှီးမြှုပ်နံှမှု ပမာဏအပေါ်မှုတည်၍ ကနဦးနှစ် ၅၀ အထိ ခွင့်ပြုနိုင်သည်။
၂၅။ ကော်မရှင်သည် ပုဒ်မ ၂၄ အရ ခွင့်ပြုထားသော သက်တမ်းကုန်ဆုံးပြီး နောက် ဆက်လက်လုပ်ကိုင်လိုသော ရင်းနှီးမြှုပ်နှံသူအား ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် လုပ်ငန်းအမျိုးအစားပေါ် မှုတည်၍ တဆက်တည်း သက်တမ်းတိုးခွင့် ၁၀ နှစ် နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်။
၂၆။ ကော်မရှင်သည် နယ်စပ်မျဉ်းမှ ၁၀ မိုင် အတွင်းဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ဒေသခံ တိုင်းရင်းသားများကို အထူးအစီအစဉ်ဖြင့် ဦးစားပေး လုပ်ကိုင်ခွင့် သတ်မှတ်ပေးရမည်။
၂၇။ ကော်မရှင်သည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းပိုင် မြေငှားရမ်းခနှုန်းထာားများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြိုတင် သဘောတူညီချက်ဖြင့် အခါအားလျော်စွာ သတ်မှတ်ပေးနိုင်သည်။
၂၈။ ကော်မရှင်သည် နိုင်ငံတော်တစ်ဝန်းလုံးတွင် ဖွံ့ဖြိုးတိုးတက်စေရန် အလု့ိငှာ စီးပွားရေးဖွံ့ဖြိုးမှု နည်းပါးပြီး ဆက်သွယ်သွားလာရေး ခက်ခဲသော ဒေသများတွင် ရင်းနှီးမြှုပ်နံှသူများအတွက် ဤဥပဒေပါ မြေငှားရမ်းခွင့်ကာလ သို့မဟုတ် မြေအသုံးပြုခွင့်ကာလထက်ပိုမို၍ ခံစားခွင့်ရရှိစေရန် သတ်မှတ်နိုင်သည် ဟုဖော်ပြထားသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Freepik
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties