By အိမ်ခြံမြေလမ်းဆုံ, Shweproperty.com
Updated at 14 July 2018
မြေဝယ်မယ်ဆိုတာ နဲ့ သင့်အနေနဲ့ ကိုယ်ဝယ်မယ့် မြေက
- ဘယ်လိုမြေအမျိုးအစားဖြစ်တယ်၊
- ဒီမြေပေါ်မှာ ကိုယ်ဘာတွေလုပ်နိုင်တယ်၊
- ကိုယ်ဝယ်မယ့် မြေကို လက်ဝယ်ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင်
နာမည်ပြောင်းလို့ရမရ
ဆိုတာကို မဝယ်ယူခင်မှာ အသေအချာ သိဖို့ိလိုအပ်ပါတယ်။
မြန်မာပြည်မှာ မြေတွေနဲ့ပတ်သက်ရင်
အမျိုးအစားတွေ၊
အဆင့်အတန်းတွေကိုလည်း သတ်မှတ်ထားတာရှိသလို
လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေကလည်း
အများကြီး ကွာဟပါတယ်။
မြေကိုအကြမ်းအားဖြင့် ခုနှစ်မျိုးခွဲခြား ထားတာ ကို
တွေ့ရပါလိမ့်မယ်။
လယ်ယာ ဥယျဉ်မြေ ၊ မြေပိုင်မြေ ( ဘိုးဘွားပိုင်မြေ )၊
ဂရန်မြေ၊ ချထားမြေ ( ပါမစ် ) ၊
စကွာတာမြေ၊ ကျုးကျော်မြေနှင့် သာသနာပိုင်မြေ
တွေဆိုပြီး အမျိုးအစားခုနှစ်မျိုးခွဲထားပါတယ်။
မြေတွေကို အဆင့်အတန်း အမျိုးမျိုး ခွဲခြားသတ်မှတ်
ရောင်းဝယ်လုပ်ကိုင်နေပေမယ့်လည်း
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ( ၁ )
နိုင်ငံတော်အခြေခံမူများ ခေါင်းစဉ်အောက်ရှိ
ပုဒ်မ ၃၇အရ -
နိုင်ငံတော်သည် နိုင်ငံအတွင်းရှိ
မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့်
လေထုအတွင်းရှိ သယံဇာတအားလုံး၏ ပင်ရင်းပိုင်ရှင်
ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားချက် အရ
မြေအားလုံး၏မူရင်းပိုင်ရှင်မှာ နိုင်ငံတော်ဖြစ်ပြီး
ပြည်သူများသို့ အဌားချထားခြင်း၊ ခွင့်ပြုပေးထားခြင်းသာ
ရှိပြီး မြေအမျိုးအစား အလိုက်
ရောင်းဝယ်ဖောက်ကား လုပ်ပိုင်ခွင့်များလည်း
ကွာဟနိုင်စေသည်။
၁။ လယ်ယာဥယျဉ်မြေ
* စိုက်ပျိုးရေး လုပ်ငန်းများ အတွက်သာ အသုံးပြုခွင့်ရတဲ့
သီးသန့်မြေမျိုးဖြစ်ပြီး
* လယ်ယာမြေ ဥပဒေသစ် အရ
အခြားသူတစ်ဦးတစ်ယောက်ထံသို့ လွှဲပြောင်းနိုင်ပါတယ်၊
* ယင်းမြေအမျိုးအစားမှ လူနေအိမ်မြေ အဖြစ်
ပြောင်းလဲအသုံးချနိုင်ရန် အတွက် ပုဒ်မ ၃၉ ဖြင့် အကျုံးဝင်
ကပြောင်းနိုင်သော်လည်း
* နိုင်ငံတော်၏ စီမံကိန်းဝင် လုပ်ငန်းကြီးများနှင့်
မြို့သစ်များ ဖော်ထုတ်ခြင်း၊
စက်မှုဇုန်သစ်များ ဖော်ထုတ်ခြင်း အစရှိသည့် ကိစ္စရပ်များမှ
လွဲပြီး
* မြို့မြေ အဖြစ် အလွယ်တကူပြောင်းလဲနိုင်ရန် ခက်ခဲသည့်
မြေအမျိုးအစား ဖြစ်သည်။
* လန -၃၉ ကျပြီးမှသာ ယင်းမြေများကို
အလွယ်တကူ ခွဲစိတ်၊ ရောင်းချပေါင်နှံခွင့် ရှိသည့်
၂။ မြေပိုင်မြေ ( ဘိုးဘွားပိုင်မြေ )
* အင်္ဂလိပ်အစိုးရ လက်ထက်တွင်
မြို့ကွက်များကို ဖော်ထုတ်ခြင်း၊ မြို့များကို ပြင်ဆင်ချဲ့ထွင်ပြီး
* အများပြည်သူတို့ကို ရောင်းချခဲ့သည့်
မြေ နှင့် လယ်ယာမြေများကို နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေအရ
လယ်ယာဥယျဉ်ခြံမြေ များအဖြစ် မှ ပြောင်းလဲထားသည့်
မြေများဖြစ်သည်။
* အဆိုပါမြေကို ရောင်းပေါင်၊ ခွဲစိတ်၊ လွှွဲပြောင်းနိုင်သည်။
၃။ ဂရန်မြေ (မြေဌားစာချုပ်မြေ)
* နိုင်ငံတော်မှ ပြည်သူများသို့ သတ်မှတ်ထားသည့်
မြေဧရိယာအလိုက် နှစ် ၉၀ ၊ နှစ် ၆၀ နှင့် နှစ် ၃၀
ကာလ အပိုင်းအခြား အလိုက်
ဌားရမ်းပေးထားသည့် မြေမျိုးဖြစ်ကာ
* ရောင်းဝယ်၊ ပေါင်နှံ၊ခွဲစိတ်၊ လွှဲပြောင်းနိုင်ပြီး
* အရောင်းအဝယ် ပြုလုပ်ရာတွင်လည်း ခိုင်မာမှု
နှင့် တရားဝင်မှု အရှိဆုံးမြေ အမျိုးအစား ဖြစ်သည်။
၄။ ချထားမြေ (ပါမစ်မြေ)
* မြေဌားစာချုပ် ( ဂရန် ) မရှိသေးသော်လည်း
နိုင်ငံတော်အစိုးရမှတရားဝင်ချထားပေးသော
မြေ အမျိုးအစား ဖြစ်သည်။
* ဥပဒေ သတ်မှတ်ချက်များ အရ
နိုင်ငံတော်မှ တရားဝင်ချထားပေးသူမှ အပ
တစ်ခြားသူများ သို့လွှဲပြောင်းရောင်းချခွင့်မရှိသည့်
မြေအမျိုးအစားဖြစ်သည်၊
* ပါမစ်ချထားပြီး တစ်နှစ်ပြည့်မြောက်သည့်
အချိန်မှစတင်ကာ
မြေဌားစာချုပ်ကို ထုတ်ယူနိုင်ပြီးမှသာ
* တရားဝင်ခွဲစိတ်၊ ပေါင်နှံရောင်းဝယ်ခြင်းကို
ခွင့်ပြုထားသည်။
၅။ စကွာတာမြေ
* ယနေ့ခေတ်တွင် အလွန်ရှားပါးသည့်
* အင်္ဂလိပ်အစိုးရလက်ထက်တွင် မြေဌားခ မပေးနိုင်သဖြင့်
မြေဌားဂရန် မရရှိသူများကို အလွန်ချိုသာသည့်နှုန်းထား
တစ်ရပ်ဖြင့်နေထိုင်ခွင့်ပေးထားခဲ့သည့်
* ထို့အပြင်မြေဌားစာချုပ်စည်းကမ်း ဖောက်ဖျတ်သည့်
မြေများနှင့်
ဂရန်သက်တမ်းကုန်သော်လည်း ယင်းမြေပေါ်တွင်
ဆက်လက်နေထိုင် ပြီး မြေခွန်များကို မှန်မှန်ပေးဆောင်ခဲ့သူများ ၊
ယင်းမြေ အဌားချထားခြင်း ခံရသူများ အနေဖြင့်
ယနေ့ခေတ် တွင် ဂရန်မြေ အဖြစ် လျှောက်ထားနိုင်သည်၊
* မြေဌားစာချုပ် ( ဂရန်) ကျပြီးမှသာ
ရောင်းဝယ်ပေါင်နှံခွင့်ရှိသည်။
၆။ ကျုးကျော်မြေ
* မြေဌားစာချုပ်လည်း မရှိသလို၊
သက်ဆိုင်ရာမှ နေရာချထားပေးခြင်း မရှိဘဲ
အစိုးရမြေ သို့မဟုတ် ပုဂ္ဂလိကမြေ ပေါ်တွင်
ကျုးကျော်နေအိမ်ဆောက်လုပ်ထားသည့် မြေအမျိုးအစားဖြစ်
သည်။
* အဆိုပါကျုးကျော်မြေများကိုလည်း နိုင်ငံတော်မှ စီစစ်ပြီး
စီမံကိန်းတစ်ရပ်ရပ် ပေါ်ပေါက်ပါက
ဖယ်ရှားခံရပါမည်။
* အင်္ဂလိပ်အစိုးရ လက်ထက်တွင် အစိုးရမှ ယင်းမြေကို
လတ်တလော အသုံးမပြုသေးပါက အခွန်အခသတ်မှတ်ပြီး
ကျုးဂရန်သတ်မှတ်ကာ မြေဌားခ ထမ်းဆောင်စေခဲ့သော်လည်း
* ယနေ့ခေတ်တွင် အသုံးပြုခြင်း မရှိတော့ပါ၊
* ယင်းမြေများကို ရောင်းဝယ်ပေါင်နှံခွဲစိတ်ခွင့်မရှိပါ။
၇။ သာသနာပိုင်မြေ
* ဘုရားဝတ္တကမြေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊
ဗလီ၊ ဟိန္ဒူဘုရားကျောင်း၊
ဘုန်းတော်ကြီးကျောင်း ပိုင်မြေများနှင့်
ဘာသာရေး နှင့် ကိုးကွယ် ဝတ်ပြုမှု နှင့်
သက်ဆိုင်သည့် မြေများဖြစ်သည်။
Ref : အိမ်ခြံမြေလမ်းဆုံ
Photo Credit : Google
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties