By Kumudra, Shweproperty.com
Updated at 12 January 2018
အိမ်ငှားချင်တဲ့သူတွေက အိမ်တစ်လုံးမငှားခင် ကြိုတင်သိထား သင့်တာတွေ ရှိနေပါတယ်။ သည်အိမ်ငှားစာချုပ်ပုံစံတွေက လပြတ်စနစ်နဲ့စာချုပ်ချုပ်ငှားတာတွေ၊ စပေါ်တင်ပြီး တစ်လချင်းစာချုပ်ချုပ်ငှား တာတွေနဲ့ စာချုပ်မရှိဘဲ ငှားရမ်းနေတာတွေ ရှိပါတယ်။ ‘အိမ်ငှားတော့မယ်ဆိုရင် အရေးကြီး တာက အိမ်ကပိုင်ရှင်တိုက်ရိုက်လား၊ ပွဲစားတစ်ဆင့်ခံထားတာလားဆိုတာကို တော့ သိသင့်တယ်၊ပွဲစားတွေ ကြားခံတယ်ဆိုရင် ပွဲစားခတွေ အများကြီးပေးရတယ်၊ ဒါ့အပြင်ကို လချုပ်တွေ၊ နှစ်ချုပ် တွေနဲ့ ငှားမယ်ဆိုရင် လပြည့် တာတို့ နှစ်ပြည့်တာတို့ဆိုရင် သူတို့ကပွဲခတွေ ထပ်တောင်းတယ်၊ ပိုင်ရှင်နဲ့ စာချုပ် တိုက်ရိုက်ချုပ်ပြီး နေတာအကောင်းဆုံးပါပဲ”လို့ သင်္ဃန်း ကျွန်းမြို့နယ်က အိမ်ရှင်တစ်ဦးဖြစ်သူ ဒေါ်ကြည်ဝင်းက ပြောပါ တယ်။ သည်လိုမျိုး အိမ်ရှင်နဲ့ တိုက်ရိုက် မတွေ့ဘဲ ငှားကြတဲ့အခါ ပွဲစားခတွေ ဆုံးတာတွေ၊ စရန်ချခိုင်းတယ်ဆိုလည်း ပိုက်ဆံတွေဆုံးတာတွေ၊ နေရာမကောင်းတာတွေ ရှိပါတယ်။ဒါကြောင့် အိမ်ငှားတော့မယ်ဆိုရင် အိမ်ရှင်နဲ့တိုက်ရိုက် တွေ့ပြီး ငှားတာဖြစ်ဖြစ်၊ ပွဲစားကြားခံပြီး အိမ် ရှင်နဲ့တွေ့ပြီး ငှားတာ တွေကို ပြုလုပ်သင့်တာလည်း ဖြစ်ပါတယ်။ အိမ်ကို ကိုယ်တိုင်လိုက်ရှာနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ ပွဲစားကို ယုံပြီး အိမ်ငှားခိုင်းတာတွေကို မလုပ်သင့် ဘူးလို့ လည်း သိရပါတယ်။ Ref : Kumudra Photo Credit : Grouponcdn Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties