By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 5 July 2018
ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လယ်မြေ၊ ဥယျာဉ်မြေ၊ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ၊ သာသနာပိုင်မြေ၊ ကျူးကျော်မြေများနှင့်ပတ်သတ်ပြီး မိမိအမည်ပေါက်ရရှိရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် လျောက်ထားနိုင်ပါသည်။
အဆိုပါမြေများကို ပိုင်ဆိုင်သူအမည်ပေါက် လျှောက်ထားရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ မြေပုံနှင့်မြေရာဇဝင်ကို ခရိုင်အလိုက် လျှောက်ထားကူးယူပြီး ပိုင်ဆိုင်မှုစာချုပ်၊ စာတမ်းပြကာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်။
မြေပုံရာဇဝင် လျောက်ထားကူးယူရာတွင် ကိုယ်တိုင်လျောက်ထားပါက ပိုင်ဆိုင်ကြောင်းစာချုပ်၊ မှတ်ပုံတင်မိတ္ထူ၊ နောက်ဆုံးတင်သွင်းခဲ့သည့် မြေခွန်ပြေစာ တို့ကို ပူးတွဲတင်ပြရမှာ ဖြစ်ပြီး ကိုယ်စားလှယ်လျောက်ထားပါက အဆိုပါ (၃)ခုအပြင် ကိုယ်စားလှယ်လွှဲစာ၊ သက်ရှိထင်ရှားရှိကြောင်း ကျမ်းကျိန်လွှာတို့ကိုပါ ဖော်ပြရမှာပါ။ ကွန်လွန်သူဖြစ်ပါက သေစာရင်း၊ အမွေဆက်ခံခွင့် ကျမ်းကျိန်လွှာ၊ ပတ်ဝန်းကျင်မှ ထောက်ခံကြောင်း ကျမ်းကျိန်လွှာ(၄လထက်မပိုစေရ) တို့ကိုပါ တင်ပြရပါမယ်။
စာချုပ်၊ စာတမ်းမှတ်ပုံတင်ရုံးတွင် မိမိတို့ချုပ်ဆိုသော စာချုပ်အလိုက် မှတ်ပုံတင်သွင်းချုပ်ဆိုပြီးပါက သက်ဆိုင်ရာမြို့မြေစာရင်းတွင် အမည်ပေါက်သတ်မှတ်ရန် အထက်ပါ စာချုပ်စာတမ်းများအပြင် နောက်ဆုံးချုပ်ဆိုခဲ့သော စာချုပ်၊ အခွန်ပြေစာ တို့ကိုပါ ထပ်မံတင်ပြပြီး မြေအမည်ပြောင်းပေးရန် ထပ်ဆင့်လျှောက်ထားရမည်။
လျှောက်ထားပြီးပါက တရားဝင်ပိုင်ဆိုင်သော မြေကွက် အမည်ပေါက်အဖြစ်သို့ ပြောင်းလဲမှာ ဖြစ်ပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Pixabay
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties