By Sint Sint, Shweproperty.com
Updated at 1 December 2020
Unicode
''ပါမစ်မြေနဲ့ ဂရန်ရှိမြေကို ဝယ်ရင် ဘယ်ဟာကပိုပြီးကောင်းသလဲ ဆရာ''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ အကြံတောင်းခံလာပါသည်။
''ကောင်းတာချည်းပါပဲ။ ဒါပေမယ့် အတုမဖြစ်ဖို့လိုတယ်''
''အတုဆိုတာက ဘာကိုဆိုလိုတာလဲ''
''မြေချပါမစ်စာရွက်အတု၊ ဂရန် စာချုပ်အတု ဖြစ်နေတတ်တယ်''
''ဝယ်မယ်ဆိုရင် အဲဒါအရင်စစ်ရမှာပေါ့''
''ဟုတ်ပါတယ်။ သေချာတေ့ တေ့ဆိုင်ဆိုင် ဈေးတည့်ကြပြီဆိုရင်တော့ သက်ဆိုင်ရာ စည်ပင်သာယာ မြေယာဌာနမှာ သွားရောက်စုံစမ်းရပါမယ်''
''ရောင်းသူကို ခေါ်သွားဖို့လိုသ လား''
''အကောင်းဆုံးကတော့ရောင်း သူကိုယ်တိုင်ခေါ်သွားပြီး မူရင်းပြသမေးမြန်းစုံစမ်းရမှာဖြစ်တယ်''
''သူငယ်ချင်းဆီလာပြီး ဆွေးနွေးလိုက်မှ စိုးရိမ်စိတ်တွေဖြစ်လာတယ်''
''ပြောပါဦး၊ ဘယ်လိုကိစ္စမျိုးရှိ လို့လဲ''
''မိတ်ဆွေတစ်ဦးဆီကနေတစ်ဆင့် ပါမစ်မြေကွက်တစ်ခု ဈေးလည်းသင့်တယ်။ ဝယ်ထားရင် မရှုံးဘူးလို့ ပြောတာနဲ့ စိတ်ဝင်စားသွားတယ်''
''ဘယ်မှာလဲ။ မြေကွက်က လူနေသလား။ ဘယ်လို အခြေအနေရှိလဲ''
''မြေကွက်တော့ သွားမကြည့်ရသေးဘူး။ ဒဂုံဆိပ်ကမ်းလို့ပြောတာပဲ။ ဘယ်နေရာတော့ အတိအကျမသိဘူး''
''သေချာသွားကြည့်ဖို့တော့လိုမယ် သူငယ်ချင်း။ တချို့က လက်ညှိုးထိုးပြီး ရောင်းတာကို ယုံလို့ဝယ် လိုက်တာမျိုးဖြစ်တတ်တယ်''
''ဝယ်မယ်လို့ စိတ်ကူးရင်တော့ သွားကြည့်ရမှာပဲ။ ဒါပေမယ့် ဇနီးဖြစ်သူနဲ့ သမီးကပြောတော့ ဂရန်မြေက ပိုပြီး မှန်ကန်နိုင်တယ်။ စာချုပ်စာတမ်းရုံးမှာလည်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုပြီး ပိုင်ပိုင်နိုင်နိုင်ရှိတယ်လို့ ပြောတယ်။ သူတို့ကတော့ မတိုက်တွန်းဘူး။ အဲဒါဘယ်လိုကွာခြားမှုရှိသလဲဆိုတာ သိချင်တယ်''
''ဘာပဲဖြစ်ဖြစ် အမှန်အကန် ဟုတ် မဟုတ်ဆိုတာကတော့ သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီ မြေယာဌာနမှာ စာရွက်စာတမ်းပြပြီး စစ်ဆေးရမှာဖြစ်တယ်။ ဂရန်မြေကတော့ သူငယ်ချင်းရဲ့ ဇနီးနဲ့ သမီးပြောသလို စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ်ချုပ်ဆိုလိုက် တာနဲ့ ဥပဒေနဲ့အညီ တရားဝင်ပိုင် ဆိုင်မှုရရှိသွားပြီဖြစ်တယ်''
''ပါမစ်မြေက မှတ်ပုံတင်စာချုပ် စာတမ်းရုံးမှာ စာချုပ်ချုပ်ဆိုလို မရဘူးလို့ ပြောတယ်ဟုတ်သလား''
''ဟုတ်ပါတယ်။ အရပ်စာချုပ် အဖြစ်သာ အရောင်းအဝယ်ကတိ စာချုပ် ချုပ်ဆိုကြရတယ်''
''ဒါဆို ဥပဒေနဲ့အညီ တရားဝင် ပိုင်ဆိုင်မှု ချက်ချင်းမရနိုင်ဘူးပေါ့''
''မှန်ပါတယ်။ ဒါကြောင့် ဂရန် အမည်ပေါက်မြေကွက်က တန်ဖိုးပိုပြီး ပေးရတယ်။ ပါမစ်မြေက ဂရန် မြေလောက်ဈေးမရှိလို့ အချို့ကလည်း ပါမစ်မြေကို ပိုကြိုက်ကြ တယ်''
''ဂရန်မြေ အရောင်းအဝယ်လုပ်ရာမှာ ဝယ်ခွန်ဆောင်ကြရတယ်ပြောတယ်။ ပါမစ်မြေကတော့ ဝယ်ခွန် မဆောင်ရဘူးလို့လည်း ပြောကြတယ်။ ဒါကြောင့် ပါမစ်မြေကိုဝယ်သင့်တယ် ပြောသူက ရှိတယ်''
''ဒါလည်း မှန်ပါတယ်။ ဂရန်မြေကို ဝယ်ရင် ဝယ်ခွန်ဆောင်ရမယ်။ စာချုပ်စာတမ်းမှတ်ပုံတင်ကြေးပေးရ မယ်။ ပါမစ်မြေကတော့ အစောက ပြောသလို အရပ်စာချုပ်ဖြစ်တဲ့ အခွန် တံဆိပ်ခေါင်း ၃ဝဝ (သုံးရာကျပ်) တန် စာချုပ်ခေါင်းနဲ့ ချုပ်ဆိုလိုက်ရင် ပြီးတာပဲလေ''
''သုံးရာကျပ်တန် စာချုပ်တံဆိပ် ခေါင်းနဲ့ အဆင်ပြေရဲ့လား၊ တရားဝင်လား''
''တံဆိပ်ခေါင်းခွန်ဥပဒေအရ ကတိစာချုပ်ဖြစ်လို့ သုံးရာ ကျပ်တန် စာချုပ် တံဆိပ်ခေါင်းနဲ့လုံလောက်ပါတယ်''
''ဒါကြောင့် အိမ်မြေ အရောင်း အဝယ် ကတိစာချုပ်လု့ိ ချုပ်ကြတာကိုး''
''ဝယ်ရောင်းသမားတွေကပါ မစ်မြေကို ပိုသဘောကျကြတယ်။ အရောင်းအဝယ်စာချုပ်နဲ့ပဲ နောက် တစ်ဦးကို ထပ်ဆင့်လွှဲပြောင်းရောင်းကြတယ်''
''ရောင်းခွန်၊ ဝယ်ခွန်မဆောင်ရတော့ ပါမစ်မြေကပိုပြီး ဝယ်ရောင်းအတွက် အဆင်ပြေတာပေါ့''
''ဒါကြောင့် သူငယ်ချင်းကို ရောင်းမယ်ဆိုတဲ့ ပါမစ်မြေကွက်က ဈေးသက်သာတာတော့ ရှိနိုင်တယ်''
''အခုကာလ အဝယ်ပါးနေတော့ ဈေးကတည်ငြိမ်နေတယ်လို့ပြော တယ်။ ရောင်းမယ့် သူကလည်း ခေတ်စကားနဲ့ပြောရင် ဗိုက်နာနေတယ်လို့ ပြောတာပဲ''
''သူငယ်ချင်းစိတ်ဝင်စားမယ် ဆိုရင်တော့ သေချာစိစစ်ဖို့တော့လိုတယ်''
''မြေကွက်အမည်ပြောင်းကိစ္စက ဘယ်လိုဆောင်ရွက်ရသလဲ။ ဝယ်ထားရင်တော့ မြေကွက်အမည်ပြောင်း လုပ်ထားချင်တယ်။ ဒါမှ ပိုင်ဆိုင်မှု သေချာမှာ မဟုတ်လား''
''ဂရန်မြေကတော့ အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီးရင် ဂရန်မူရင်းနဲ့ အရောင်းအဝယ်မှတ်ပုံတင် စာချုပ်မူရင်းကိုပြပြီး သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီမြေယာဌာနမှာ ဂရန်အမည်ပေါက်ပြောင်းလျှောက်ထားနိုင်တယ်''
''ပါမစ်မြေကလည်း ဂရန်မြေလို အမည်ပြောင်းလျှောက်ထားရမှာပေါ့''
''ပါမစ်မြေက အမည်ပြောင်း ချက်ချင်းမရဘူး။ ပါမစ်မြေ အမည်ပေါက်နဲ့ အရောင်းအဝယ်ပြုလုပ်ထားတဲ့ မြေအရောင်းအဝယ် ကတိစာချုပ် မူရင်းကို တင်ပြရတယ်။ အဆင့်ဆင့် လွှဲပြောင်းရောင်းချခဲ့ရင် ပါမစ်မြေ အမည်ပေါက်မှနေပြီး အဆင့်ဆင့်လွှဲ ပြောင်းရောင်းချခဲ့တဲ့ စာချုပ် အဆင့် ဆင့်မူရင်းကို သက်ဆိုင်ရာ မြို့တော် စည်ပင်သာယာရေးကော်မတီမြေယာ ဌာနမှာ မြေငှားဂရန်ထုတ်ပေးဖို့ နောက်ဆုံးဝယ်သူက ပါမစ်မူရင်းနှင့် အတူ တင်ပြလျှောက်ထားရပါတယ်''
''သူငယ်ချင်းပြောစကားအရ မြေငှားဂရန်အရင်လျှောက်ထားရမယ်ပေါ့''
''ဟုတ်ပါတယ်။ ဒါကြောင့် အဆင့်ဆင့် အရောင်းအဝယ်စာချုပ် မူရင်းတွေရှိဖို့ လိုပါတယ်''
''တကယ်လို့ ပါမစ်မြေအမည် ပေါက်သူက အခုကွယ်လွန်သွားပြီဆိုရင် ဘယ်လိုလုပ်မလဲ''
''ပါမစ်မြေ အမည်ပေါက်သူက မကွယ်လွန်မီမှာ တခြားတစ်ယောက် ကို ရောင်းထားတဲ့ အရောင်းအဝယ် စာချုပ်မူရင်းရှိဖို့ လိုတယ်။ အဲဒီဝယ်ထားသူက အဆင့်ဆင့်ရောင်းချတဲ့ အရောင်းအဝယ်စာချုပ် မူရင်းရှိရင် ရတယ်''
''ဒါဆိုရင် ပါမစ်စာရွက်အမှန်အကန်ဟုတ်မဟုတ်နဲ့ အရောင်းစာချုပ် အဆင့်ဆင့်မူရင်းတောင်းယူရမယ်။ တကယ်လို့ ပါမစ်စာရွက်က အတုလို့ သိရရင် ဘယ်လိုဖြစ်မလဲ''
''သက်ဆိုင်ရာ ရုံးဌာနက စာ ရွက်စာတမ်း အတုလက်ဝယ်ရှိသူကို ဖမ်းဆီးအရေးယူမှာဖြစ်တယ်'' ''ဒါဆိုရင် ပါမစ်ကို မိမိကိုယ်တိုင်ယူသွားလို့ မဖြစ်ဘူးပေါ့''
''ဟုတ်ပါတယ်။ ဒါကြောင့် မြေ ချပါမစ်မူရင်း မြေငှားဂရန်မူရင်း လက်ဝယ်ရှိသူကိုအပါခေါ်ပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမြေယာဌာနတွင် သွားရောက်စိစစ်ပါ''လို့ အကြံပြုဆွေးနွေးလိုက်ပါသည်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ် မြေ တိုက်ခန်းများအား ဝယ်ဖို့စရန်ပေးပြီးလျှင် ထပ်မံ ပြန်ရောင်းလို့ ရလား
ပါမစ်မြေ ဝယ်ယူခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာ
မြေကွက်ဝယ်ရင်ဘယ်လိုလုပ်ရမှာလဲ၊ဘာတွေလိုအပ်သလဲ
Zawgyi
''ပါမစ္ေျမနဲ႔ ဂရန္ရွိေျမကို ဝယ္ရင္ ဘယ္ဟာကပိုၿပီးေကာင္းသလဲ ဆရာ''ဟု မိတ္ေဆြတစ္ဦးက စာေရးသူထံ အႀကံေတာင္းခံလာပါသည္။
''ေကာင္းတာခ်ည္းပါပဲ။ ဒါေပမယ့္ အတုမျဖစ္ဖို႔လိုတယ္''
''ေျမခ်ပါမစ္စာ႐ြက္အတု၊ ဂရန္ စာခ်ဳပ္အတု ျဖစ္ေနတတ္တယ္''
''ဝယ္မယ္ဆိုရင္ အဲဒါအရင္စစ္ရမွာေပါ့''
''ဟုတ္ပါတယ္။ ေသခ်ာေတ့ ေတ့ဆိုင္ဆိုင္ ေဈးတည့္ၾကၿပီဆိုရင္ေတာ့ သက္ဆိုင္ရာ စည္ပင္သာယာ ေျမယာဌာနမွာ သြားေရာက္စုံစမ္းရပါမယ္''
''ေရာင္းသူကို ေခၚသြားဖို႔လိုသ လား''
''အေကာင္းဆုံးကေတာ့ေရာင္း သူကိုယ္တိုင္ေခၚသြားၿပီး မူရင္းျပသေမးျမန္းစုံစမ္းရမွာျဖစ္တယ္''
''သူငယ္ခ်င္းဆီလာၿပီး ေဆြးေႏြးလိုက္မွ စိုးရိမ္စိတ္ေတြျဖစ္လာတယ္''
''ေျပာပါဦး၊ ဘယ္လိုကိစၥမ်ိဳးရွိ လို႔လဲ''
''မိတ္ေဆြတစ္ဦးဆီကေနတစ္ဆင့္ ပါမစ္ေျမကြက္တစ္ခု ေဈးလည္းသင့္တယ္။ ဝယ္ထားရင္ မရႈံးဘူးလို႔ ေျပာတာနဲ႔ စိတ္ဝင္စားသြားတယ္''
''ဘယ္မွာလဲ။ ေျမကြက္က လူေနသလား။ ဘယ္လို အေျခအေနရွိလဲ''
''ေျမကြက္ေတာ့ သြားမၾကည့္ရေသးဘူး။ ဒဂုံဆိပ္ကမ္းလို႔ေျပာတာပဲ။ ဘယ္ေနရာေတာ့ အတိအက်မသိဘူး''
''ေသခ်ာသြားၾကည့္ဖို႔ေတာ့လိုမယ္ သူငယ္ခ်င္း။ တခ်ိဳ႕က လက္ညႇိဳးထိုးၿပီး ေရာင္းတာကို ယုံလို႔ဝယ္ လိုက္တာမ်ိဳးျဖစ္တတ္တယ္''
''ဝယ္မယ္လို႔ စိတ္ကူးရင္ေတာ့ သြားၾကည့္ရမွာပဲ။ ဒါေပမယ့္ ဇနီးျဖစ္သူနဲ႔ သမီးကေျပာေတာ့ ဂရန္ေျမက ပိုၿပီး မွန္ကန္ႏိုင္တယ္။ စာခ်ဳပ္စာတမ္း႐ုံးမွာလည္း မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး ပိုင္ပိုင္ႏိုင္ႏိုင္ရွိတယ္လို႔ ေျပာတယ္။ သူတို႔ကေတာ့ မတိုက္တြန္းဘူး။ အဲဒါဘယ္လိုကြာျခားမႈရွိသလဲဆိုတာ သိခ်င္တယ္''
''ဘာပဲျဖစ္ျဖစ္ အမွန္အကန္ ဟုတ္ မဟုတ္ဆိုတာကေတာ့ သက္ဆိုင္ရာ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ ေျမယာဌာနမွာ စာ႐ြက္စာတမ္းျပၿပီး စစ္ေဆးရမွာျဖစ္တယ္။ ဂရန္ေျမကေတာ့ သူငယ္ခ်င္းရဲ႕ ဇနီးနဲ႔ သမီးေျပာသလို စာခ်ဳပ္စာတမ္း႐ုံးမွာ မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ တာနဲ႔ ဥပေဒနဲ႔အညီ တရားဝင္ပိုင္ ဆိုင္မႈရရွိသြားၿပီျဖစ္တယ္''
''ပါမစ္ေျမက မွတ္ပုံတင္စာခ်ဳပ္ စာတမ္း႐ုံးမွာ စာခ်ဳပ္ခ်ဳပ္ဆိုလို မရဘူးလို႔ ေျပာတယ္ဟုတ္သလား''
''ဟုတ္ပါတယ္။ အရပ္စာခ်ဳပ္ အျဖစ္သာ အေရာင္းအဝယ္ကတိ စာခ်ဳပ္ ခ်ဳပ္ဆိုၾကရတယ္''
''ဒါဆို ဥပေဒနဲ႔အညီ တရားဝင္ ပိုင္ဆိုင္မႈ ခ်က္ခ်င္းမရႏိုင္ဘူးေပါ့''
''မွန္ပါတယ္။ ဒါေၾကာင့္ ဂရန္ အမည္ေပါက္ေျမကြက္က တန္ဖိုးပိုၿပီး ေပးရတယ္။ ပါမစ္ေျမက ဂရန္ ေျမေလာက္ေဈးမရွိလို႔ အခ်ိဳ႕ကလည္း ပါမစ္ေျမကို ပိုႀကိဳက္ၾက တယ္''
''ဂရန္ေျမ အေရာင္းအဝယ္လုပ္ရာမွာ ဝယ္ခြန္ေဆာင္ၾကရတယ္ေျပာတယ္။ ပါမစ္ေျမကေတာ့ ဝယ္ခြန္ မေဆာင္ရဘူးလို႔လည္း ေျပာၾကတယ္။ ဒါေၾကာင့္ ပါမစ္ေျမကိုဝယ္သင့္တယ္ ေျပာသူက ရွိတယ္''
''ဒါလည္း မွန္ပါတယ္။ ဂရန္ေျမကို ဝယ္ရင္ ဝယ္ခြန္ေဆာင္ရမယ္။ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ေၾကးေပးရ မယ္။ ပါမစ္ေျမကေတာ့ အေစာက ေျပာသလို အရပ္စာခ်ဳပ္ျဖစ္တဲ့ အခြန္ တံဆိပ္ေခါင္း ၃ဝဝ (သုံးရာက်ပ္) တန္ စာခ်ဳပ္ေခါင္းနဲ႔ ခ်ဳပ္ဆိုလိုက္ရင္ ၿပီးတာပဲေလ''
''သုံးရာက်ပ္တန္ စာခ်ဳပ္တံဆိပ္ ေခါင္းနဲ႔ အဆင္ေျပရဲ႕လား၊ တရားဝင္လား''
''တံဆိပ္ေခါင္းခြန္ဥပေဒအရ ကတိစာခ်ဳပ္ျဖစ္လို႔ သုံးရာ က်ပ္တန္ စာခ်ဳပ္ တံဆိပ္ေခါင္းနဲ႔လုံေလာက္ပါတယ္''
''ဒါေၾကာင့္ အိမ္ေျမ အေရာင္း အဝယ္ ကတိစာခ်ဳပ္လု႔ိ ခ်ဳပ္ၾကတာကိုး''
''ဝယ္ေရာင္းသမားေတြကပါ မစ္ေျမကို ပိုသေဘာက်ၾကတယ္။ အေရာင္းအဝယ္စာခ်ဳပ္နဲ႔ပဲ ေနာက္ တစ္ဦးကို ထပ္ဆင့္လႊဲေျပာင္းေရာင္းၾကတယ္''
''ေရာင္းခြန္၊ ဝယ္ခြန္မေဆာင္ရေတာ့ ပါမစ္ေျမကပိုၿပီး ဝယ္ေရာင္းအတြက္ အဆင္ေျပတာေပါ့''
''ဒါေၾကာင့္ သူငယ္ခ်င္းကို ေရာင္းမယ္ဆိုတဲ့ ပါမစ္ေျမကြက္က ေဈးသက္သာတာေတာ့ ရွိႏိုင္တယ္''
''အခုကာလ အဝယ္ပါးေနေတာ့ ေဈးကတည္ၿငိမ္ေနတယ္လို႔ေျပာ တယ္။ ေရာင္းမယ့္ သူကလည္း ေခတ္စကားနဲ႔ေျပာရင္ ဗိုက္နာေနတယ္လို႔ ေျပာတာပဲ''
''သူငယ္ခ်င္းစိတ္ဝင္စားမယ္ ဆိုရင္ေတာ့ ေသခ်ာစိစစ္ဖို႔ေတာ့လိုတယ္''
''ေျမကြက္အမည္ေျပာင္းကိစၥက ဘယ္လိုေဆာင္႐ြက္ရသလဲ။ ဝယ္ထားရင္ေတာ့ ေျမကြက္အမည္ေျပာင္း လုပ္ထားခ်င္တယ္။ ဒါမွ ပိုင္ဆိုင္မႈ ေသခ်ာမွာ မဟုတ္လား''
''ဂရန္ေျမကေတာ့ အေရာင္းအဝယ္မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးရင္ ဂရန္မူရင္းနဲ႔ အေရာင္းအဝယ္မွတ္ပုံတင္ စာခ်ဳပ္မူရင္းကိုျပၿပီး သက္ဆိုင္ရာ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီေျမယာဌာနမွာ ဂရန္အမည္ေပါက္ေျပာင္းေလွ်ာက္ထားႏိုင္တယ္''
''ပါမစ္ေျမကလည္း ဂရန္ေျမလို အမည္ေျပာင္းေလွ်ာက္ထားရမွာေပါ့''
''ပါမစ္ေျမက အမည္ေျပာင္း ခ်က္ခ်င္းမရဘူး။ ပါမစ္ေျမ အမည္ေပါက္နဲ႔ အေရာင္းအဝယ္ျပဳလုပ္ထားတဲ့ ေျမအေရာင္းအဝယ္ ကတိစာခ်ဳပ္ မူရင္းကို တင္ျပရတယ္။ အဆင့္ဆင့္ လႊဲေျပာင္းေရာင္းခ်ခဲ့ရင္ ပါမစ္ေျမ အမည္ေပါက္မွေနၿပီး အဆင့္ဆင့္လႊဲ ေျပာင္းေရာင္းခ်ခဲ့တဲ့ စာခ်ဳပ္ အဆင့္ ဆင့္မူရင္းကို သက္ဆိုင္ရာ ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီေျမယာ ဌာနမွာ ေျမငွားဂရန္ထုတ္ေပးဖို႔ ေနာက္ဆုံးဝယ္သူက ပါမစ္မူရင္းႏွင့္ အတူ တင္ျပေလွ်ာက္ထားရပါတယ္''
''သူငယ္ခ်င္းေျပာစကားအရ ေျမငွားဂရန္အရင္ေလွ်ာက္ထားရမယ္ေပါ့''
''ဟုတ္ပါတယ္။ ဒါေၾကာင့္ အဆင့္ဆင့္ အေရာင္းအဝယ္စာခ်ဳပ္ မူရင္းေတြရွိဖို႔ လိုပါတယ္''
''တကယ္လို႔ ပါမစ္ေျမအမည္ ေပါက္သူက အခုကြယ္လြန္သြားၿပီဆိုရင္ ဘယ္လိုလုပ္မလဲ''
''ပါမစ္ေျမ အမည္ေပါက္သူက မကြယ္လြန္မီမွာ တျခားတစ္ေယာက္ ကို ေရာင္းထားတဲ့ အေရာင္းအဝယ္ စာခ်ဳပ္မူရင္းရွိဖို႔ လိုတယ္။ အဲဒီဝယ္ထားသူက အဆင့္ဆင့္ေရာင္းခ်တဲ့ အေရာင္းအဝယ္စာခ်ဳပ္ မူရင္းရွိရင္ ရတယ္''
''ဒါဆိုရင္ ပါမစ္စာ႐ြက္အမွန္အကန္ဟုတ္မဟုတ္နဲ႔ အေရာင္းစာခ်ဳပ္ အဆင့္ဆင့္မူရင္းေတာင္းယူရမယ္။ တကယ္လို႔ ပါမစ္စာ႐ြက္က အတုလို႔ သိရရင္ ဘယ္လိုျဖစ္မလဲ''
''သက္ဆိုင္ရာ ႐ုံးဌာနက စာ ႐ြက္စာတမ္း အတုလက္ဝယ္ရွိသူကို ဖမ္းဆီးအေရးယူမွာျဖစ္တယ္'' ''ဒါဆိုရင္ ပါမစ္ကို မိမိကိုယ္တိုင္ယူသြားလို႔ မျဖစ္ဘူးေပါ့''
''ဟုတ္ပါတယ္။ ဒါေၾကာင့္ ေျမ ခ်ပါမစ္မူရင္း ေျမငွားဂရန္မူရင္း လက္ဝယ္ရွိသူကိုအပါေခၚၿပီး ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီေျမယာဌာနတြင္ သြားေရာက္စိစစ္ပါ''လို႔ အႀကံျပဳေဆြးေႏြးလိုက္ပါသည္။
ဖတ္ရႈမႈအမ်ားအဆုံး အိမ္ၿခံေျမဗဟုသုတမ်ား
အိမ္ ေျမ တိုက္ခန္းမ်ားအား ဝယ္ဖို႔စရန္ေပးၿပီးလွ်င္ ထပ္မံ ျပန္ေရာင္းလို႔ ရလား
ပါမစ္ေျမ ဝယ္ယူျခင္းဆိုင္ရာ သိမွတ္ဖြယ္ရာ
ေျမကြက္ဝယ္ရင္ဘယ္လိုလုပ္ရမွာလဲ၊ဘာေတြလိုအပ္သလဲ
Credit : Zaygwet Journal
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties