By le' Moe, Shweproperty.com
Updated at 29 March 2019
မြေဝယ်ယူမယ်ဆိုရင် အောက်ပါအချက်တွေ သိထားသင့်ပါတယ်။
၁။ မြေပိုင်ဆိုင်မှု အမျိုးအစား
မိမိအနေနဲ့ မြေဝယ်ယူမယ်ဆိုရင် မြေပိုင်ဆိုင်မှု အမျိုးအစားကို သိရှိရန် အရေးကြီးပါတယ်။ ဥပမာ - လယ်မြေ၊ ရွာမြေ၊ ဥယျာဉ်ခြံမြေ၊ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ စတဲ့ မြေအမျိုးအစား များစွာရှိတဲ့အတွက် မိမိဝယ်ယူမယ့် မြေအမျိုးအစားကို သိရှိဖို့လိုအပ်ပါတယ်။ မြေအမျိုးအစားပေါ် မူတည်ပြီး ခိုင်မာမှု၊ ဈေးနှုန်းကွာခြားချက် တွေရှိနေတာကြောင့် မိမိကိုယ်တိုင်နားမလည်ပါက တတ်ကျွမ်းနားလည်သူနဲ့ ဝယ်ယူသင့်ပါတယ်။
၂။ မြေပိုင်ဆိုင်မှု အထောက်အထား မှန်ကန်မှု၊ ရှိမရှိ
မြေပိုင်ဆိုင်မှု အထောက်အထားအမှန်ကန်မှု ရှိ၊မရှိ စစ်ဆေးတတ်ဖို့ လိုအပ်ပါတယ်။ မြေပိုင်ဆိုင်မှု အထောက်အထား မှန်ကန်မှု မရှိပါက မိမိငွေကြေး ဆုံးရှုံးနစ်နာမှုနှင့် တရားရုံးမှာ အမှုဖွင့်ပြီး အမှုရင်ဆိုင်ရနိုင်တာကြောင့် ၎င်းအချက်က အရေးကြီးပါတယ်။ မိမိကိုယ်တိုင် မစစ်ဆေးတတ်ပါက တတ်ကျွမ်းနားလည်သူကို ခေါ်ယူစစ်ဆေးရန် အရေးကြီးပါတယ်။
၃။စာချုပ်ကို ပိုင်ဆိုင်မှုခိုင်မာစွာ ချုပ်ဆိုရင်
မိမိဝယ်ယူတဲ့ မြေနဲ့ပတ်သက်ပြီး ငွေပေးချေမယ်ဆိုပါက စရန်စာချုပ်မှ ပြီးဆုံးတဲ့အထိ စာချုပ်အရေးအသားကိုု ပိုင်ဆိုင်စွာ ချုပ်ဆိုတတ်ရန်လည်း အရေးကြီးပါတယ်။ ပြီးစလွယ်ချုပ်ဆိုမယ်ဆိုရင် နောက်ငွေပေးချေမှု အဆင့်တိုင်းမှာ နစ်နာမှု ရှိတာကြောင့် စရန်စာချုပ်အရေးအသား အချက်အလက်နဲ့ ငွေပေးချေမှု အဆင့်ဆင့် ရက်စွဲတွေကို တိကျစွာ ရေးသားထားဖို့ လိုအပ်ပါတယ်။ ငွေပေးချေမှု အဆင့်တိုင်းမှာလဲ မည်မျှရာခိုင်နှုန်း ပေးပြီးပါက ဝယ်ယူတဲ့ပိုင်ဆိုင်မှု ပစ္စည်းရဲ့ မူရင်းအချို့ လက်ဝယ်ကိုရရှိနိုင်ဖို့ ထည့်သွင်းချုပ်ဆိုနိုင်ရန် ရေးဖို့ အရေးကြီးပါတယ်။
၄။ မဖြစ်မနေ မိမိဝယ်ယူထားတဲ့ မြေနဲ့ပတ်သက်ပြီး သတင်းစာမှာ ကန့်ကွက်နိုင်ကြောင်းထည့်ရန်
မိမိဝယ်ယူထားတဲ့ မြေနဲ့ပတ်သက်ပြီး စရန်ငွေပေးချေပြီးတာနဲ့ ရက်မဆိုင်းဘဲ သတင်းစာထဲမှာ ၎င်းမြေနဲ့ ပတ်သက်ပြီး ကန့်ကွက်သူရှိပါက ကန့်ကွက်နိုင်ရန် ဖိတ်ခေါ်တဲ့အနေနဲ့ ကြော်ငြာထည့်သင့်ပါတယ်။
၅။ ကိုယ်ဝယ်ယူမယ့် မြေပေါက်ဈေးကို သိရန်လိုအပ်
မိမိဝယ်ယူမယ့် မြေပေါက်ဈေးကို သေချာစုံစမ်းမေးမြန်းရန် လိုအပ်ပါတယ်။ ပေါက်ဈေး မသိရှိပါက အကြောင်းအမျိုမျိုးကြောင့် မိမိဝယ်ယူမယ့် မြေဈေးနှုန်းဟာ ပေါက်ဈေးထက် များတတ်ကြောင်း သတိထားရမှာပါ။
Written By : le' Moe (Shweproperty.com)
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties